ချင်းတွင်းမြစ်ရေ ဟုမ္မလင်းမြို့မှ စိုးရိမ်ရေအမှတ်ထက် တစ်ပေကျော်မြင့်တက်နေ 

ဇွန် ၂၆ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ  ချင်းတွင်းမြစ်ရေဟာ စိုးရေအမှတ်ထက်ကျော်လွန်နေပြီလို့ ဒေသခံများထံမှ သိရှိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒရဲ့ တိုင်းတာထားမှုအရ ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၂၉၀၀ စင်တီမီတာအထက် ၁၄ လက်မကျော် မြင့်တက်နေတာဖြစ်ပါတယ်။ 

အခု မြစ်ရေဟာ စိုးရိမ််ရေအမှတ်ကို ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးကျော်လွန်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ဥရုမြစ်ရေဟာလည်း ဆက်တိုက်ဆိုသလို တိုးမြှင့်လာနေတာကြောင့် လက်ရှိအခြေနေဟာ သတိထားနေရမည့်အခြေနေဖြစ်တယ်လို့ ဒေသခံများက ပြောဆိုနေကြပါတဘ်။

မိုးတွေ ဆက်လက်ရွာသွန်းပါက မြစ်ကမ်းဘေးကျေးရွာတွေဟာ စိုးရိမ်ဖွယ်အခြေနေရှိလာနိုင်လို့ ဒေသခံတွေအနေဖြင့် သတိထားနေကြဖို့လိုအပ်လာမှာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဥရုချောင်းလည်းကြီးတယ်ကွာ၊ မြစ်ရေလည်းကြီးတယ်။ ပထမရေကိုတော့မမီသေးဘူး။ ဒီတိုင်းပဲ မိုးဆက်ရွာလို့ကတော့ အရင်မနှစ်ကရေထက်ပိုကြီးလာနိုင်တယ်။”လို့  ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရိုးဒေသခံတစ်ဦးက ပြောပြပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ ချင်းတွင်းမြစ် နဲ့ ဥရုမြစ်ရေ ရေကြီးရေလျှံမှုတွေကြောင့် ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်တွေ ဟာစိုးရိမ်ရေမှတ်အထက်မှာပင် ရက်သတ္တ နှစ်ပတ်ကျော်ကြာအချိန်ထိရေနှစ်မြှုပ်ခဲ့ပြီး လူထောင်ချီ ရေဘေးသင့်ခဲ့ရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင် နဲ့ မင်းကင်းမြို့တွေမှာလည်း စိုးရိမ်ရေအမှတ်အနီးသို့ ရောက်ရှိလာနေပြီး အချိန်မှီရှောင်ရှားနိုင်ဖို့ မိုးဇလက ဒီနေ့မှာ သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *