စစ်ကိုင်းနဲ့မကွေးတိုင်းထဲကမြို့နယ်တချို့မှာတယ်လီဖုန်းလိုင်းများထပ်မံဖြတ်တောက်ခံထားရ 

မေ၂၉မုံရွာ 

စစ်ကိုင်းတိုင်းထဲက မုံရွာ မြို့အပါအဝင်  ကနီ ၊ ပုလဲ ၊ ယင်းမာပင် ဆားလင်းကြီး နဲ့ မကွေးတိုင်းထဲက မြိုင် ၊​ရေစကြို ၊ ဂန့်ဂေါ နဲ့ ပေါက်မြို့တို့မှာ ဖုန်းလိုင်းအားလုံး ဖြတ်တောက်ထားခံရတယ်လို့ သိရပါတယ်။ 

မေလ ၂၄ ရက်နေ့ကလည်း အဲ့ဒီမြို့နယ်တွေမှာ ၁၀ နာရီနီးပါးကြာ လိုင်းဖြတ်တောက်ခံခဲ့ရတာတာပါ။ 

မေလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ မုံရွာဒေသခံတွေကို  ရှမ်းနီအသံက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းအော်ပရေတာအားလုံးက စက်ပိတ်ထားတဲ့အကြောင်းတာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေအားလုံးပိတ်ပြီး စစ်ဆင်ရေးတွေကို မကြာခဏပြုလုပ်လေ့ရှိပါတယ်။ 

အင်တာနက်လိုင်းတွေကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးက မြို့အများစုမှာ ဖြတ်တောက်ထားပြီး စစ်တပ်ပိုင်တဲ့ Mytel ကိုသာ တချို့မြို့နယ်တွေမှာ အသုံးပြုလို့ရနေပါတယ်။ 

ပင်လည်ဘူး ၊ ကောလင်း ၊​ဝန်းသို မြို့တွေက အင်တာနက်ပိတ်ခံရတဲ့ အစောဆုံးမြို့တွေဖြစ်ပြီး အခုဆို (၈) လနီးပါးကြာမြင့်နေပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *