စစ်ကော်မရှင်ဥက္ကဌ တရုတ်နိုင်ငံကို ဒုတိယအကြိမ်မြောက်သွားမည် 

 ၂၈ သြဂုတ် ၊ ၂၀၂၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (စစ်ကော်မရှင်)  ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို အလုပ်သဘောခရီးစဉ်တွေ လာမယ့်ရက်ပိုင်းမှာ သွားဖို့ရှိနေတယ်လို့ ဒီနေ့ဩဂုတ်လ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ 

တရုတ်နိုင်ငံ သမ္မတရှီကျင်းဖျင်ရဲ့ ဖိတ်ကြားမှုအရသွားမှာဖြစ်ပြီး  ရှန့်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး ( Shanghai  Cooperation Organization – SCO SUMMIT 2025 ) နဲ့ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူ များ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား တက်ရောက်မယ့် အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ 

ခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံသွားမှာဖြစ်သလို နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေအတွက်လည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

SCO summit  2025 ကို ဩဂုတ်လ ၃၁ နဲ့ စက်တင်ဘာလ ၁  ရက်နေ့  နှစ်ရက်ဆက်ကျင်းပမှာဖြစ်ပြီး နိုင်ငံ့အကြီးအကဲများနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ဖွဲ့မှ ခေါင်းဆောင် ၂၀ ကျော်အား ဖိတ်ကြားထားတယ်လို့ တရုတ်နိုင်ငံက ပြောဆိုထားပါတယ်။ 

စစ်ကော်မရှင် ဥက္ကဌ ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၀ရက်အထိ သွားခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ထိပ်သီးအစည်းအဝေး ၃ ခုတက်ရောက်ခဲ့ပါတယ်။ 

တစ်ဆက်တည်းမှာပဲ အဲ့ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲပြုလုပ်မယ့်အကြောင်း နဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေရပ်တန့်ရေး တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးရေးကိစ္စရပ်တွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံဝန်ထမ်းများ၊ အဖွဲ့အစည်း ဌာနတွေနဲ့  စီမံကိန်းလုံခြုံရေးကို လက်တွေ့ အကာအကွယ်ပေးဖို့ တရုတ်ဘက်ကတောင်းဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *