ဆန်စပါးစျေးနှုန်းကြီးမြင့်လာမှုကြောင့်ထမံသီကျေးရွာရှမ်းနီတောင်သူများလယ်ယာစိုက်ပျိုးရေးပြန်လုပ်လာကြ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းဒေသမှာ သင်္ကြန်ကာလအလွန် ဆန်ဈေးတွေ ပြန်လည်မြင့်တက်လာနေ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းဒေသမှာ သင်္ကြန်ကာလအလွန် ဆန်ဈေးတွေ ပြန်လည်မြင့်တက်လာနေ

ဩဂုတ် ၂ ၊ ထမံသီ 

ယခုနှစ်နှစ်ပိုင်းအတွင်း ဆန်စပါးစျေးနှုန်းကြီးမြင့်လာမှုတွေကြောင့် ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအုပ်စုက ရှမ်းနီတောင်သူတွေဟာ  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကို ပြန်လုပ်လာကြတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။ 

“ အခုနောက်ပိုင်းဆိုရင် ဆန်စပါးစျေးနှုန်းတွေလည်း ကြီးလာတဲ့အခါကျတော့ မူလလယ်ပိုင်ရှင်တွေပြန်ဝင်လာတာများတယ်။  တချို့လည်း ၁၀ နှစ်ခြားပြီးမှ တချို့လည်း လေးငါးခြောက်နှစ်ခုနှစ်နှစ် ဆက်တိုက်မလုပ်တဲ့ဟာ ပြီးတော့မှ ပြန်ဝင်လာတာအဲ့လိုမျိုးတွေလေ” လို့ ထမံသီကျေးရွာ ရှမ်းနီတောင်သူတစ်ဦးက ပြောပြပါတယ်။ 

  ၁၉၉၆-၉၇ ခုနှစ်တွင် ချင်းတွင်းမြစ်ရေကြီးပြီး ထမံသီကျေးရွာရှိ လယ်ယာများကို ရွံနွံဖုံးလွှမ်းပြီး စိုက်ပျိုးမြေပျက်စီးမှုများနှင့် စပါးအထွက်နှုန်းများစွာလျော့ခဲ့ခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို စွန့်လွတ်ခဲ့ကြတာဖြစ်တယ်လို့ ထမံသီကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ 

လက်ရှိ ထမံသီကွင်းအတွင်းမှာ စပါးစိုက်ပျိုးဧက ၃၀၀ ကျော်သာရှိပြီး အထွက်နှုန်းအနေဖြင့်လည်း  မြေဆီလွှာပျက်စီးမှုကြောင့် တစ်ဧက တင်း ၂၅ မှ ၃၀ အထိသာရကြတာလို့ သိရပါတယ်။ 

“ ထမံသီလိုမျိုးက မြေဆီနည်းနည်းခမ်းခြောက်လာပြီဆိုတော့ အထွက်နှုန်းတွေကျဆင်းလာခဲ့လိုက်ပြီ မြေဩဇာတော့မထည်ရဲကြဘူး။ တစ်ဧက အစိတ် သုံးဆယ်လောက်ပဲလိုက်တယ်” လို့ ထမံသီကျေးရွာ ရှမ်းနီတောင်သူတစ်ဦးက  ဆက်ပြောပြပါတယ်။ 

တောင်သူတွေဟာ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုများ၊ မြေဩဇာနဲ့ ပတ်သတ်တဲ့ ဗဟုသုတများ လိုအပ်နေပြီး လက်ရှိတိုင်လယ်အားလုံးက မည်သည့်မြေဩဇာမှ ထည့်ထားခြင်းမရှိကြောင်းသိရပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ စပါးစိုက်ပျိုးနိုင်သည့် လယ်ဧက ခုနှစ်သောင်းကျော်ရှိပေမယ့်လည်း နှစ်စဉ်စိုက်ပျိုးမှုဟာ ၆ သောင်းနီးပါးသာရှိကြောင်း ဒေသစီးပွားရေးဆိုင်ရာအချက်အလက်များအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *