တိုင်းခမ်းတီကောလိပ်ဖြစ်ပေါ်လာရေးအတွက်တိုင်းခမ်းတီစာပေယဉ်ကျေးမှုနည်းပညာတာဝန်ခံစောနွဲ့ထွန်းနိုင်နှင့်မေးမြန်းခြင်း (၁)

တိုင်းခမ်းတီကောလိပ်အတွက် မြေနေရာသတ်မှတ် ဆိုင်းဘုတ်တင်

 မေး။ ။တိုင်းခမ်းတီကောလိပ်လုပ်မယ်လို့သိရလို့ဘယ်လိုစလုပ်နေတာလဲခင်ဗျာ့။

ဖြေ။ ။ မြေနေရာရွေးတာနဲ့၊ ဆိုင်းဘုတ်တင်တာပဲအရင်လုပ်တာ။ အခုလောလောဆယ်ကတော့ ကောလိပ်စလုပ်နိုင်ဖို့အတွက် Human Resource စစီစဉ်တုန်းရှိပါသေးတယ်။ လွှတ်ထားတဲ့ဟာတွေကို ၊ဥပမာ ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ်ကိုလွှတ်တာမျိုးတွေ၊ အိန္ဒိယမှာရှိတဲ့ ပုဂ္ဂလိက ကောလိပ်တွေ၊ တိုင်းခမ်းတီကိုယ်ပိုင်ကျောင်းတွေ ရှိတဲ့နေရာမှာ လူအရင်းအမြစ်စပြီးတော့မှာ စီထားတယ်။  အဲ့ကနေပြီးတော့မှာ စပြီးပြဌာန်းနိုင်မယ့် Documtray တွေ သမိုင်းကြောင်းတွေအကုန်လုံး သင်ရိုးညွှန်းတမ်းအတွက်ပေါ့စပြီးတော့မှ လုပ်နေတာရှိပါတယ်။​ဒီလောက်အဆင့်ပါပဲ လောလောဆယ်ကျောင်းဖွင့်ဖို့အတွက်ကြတော့ ပြင်ဆင်မှုတွေ အများကြီးလုပ်ရအုံးမှာပေါ့ ဒါပေမယ့်လည်း လူထုအားလုံးပါဝင်လာနိုင်ဖို့အတွက်ခြေလှမ်းတစ်လှမ်းအနေနဲ့  မြေနေရာရွေးချယ်ပြီးတော့ သတ်မှတ်တာပေါ့ အဲ့အပိုင်းပါပဲ၊  သင်ရိုးညွှန်းတမ်းအတွက်တော့ စပြီးလုပ်နေပါတယ်။ မှတ်တမ်းတွေခိုင်ခိုင်မာမာရှိအောင် ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေအကုန်လုံး တစ်ခုမကျန် စာတမ်းအနေနဲ့ရော၊  Documentary တွေရောအားလုံးစုဆောင်းနေတယ်။ 

မေး။ ။  ကောလိပ်ရဲ့အဓိကရည်ရွယ်ချက်လေးပြောပြပေးလို့ရမလားခင်ဗျာ။

ဖြေ။ ။  အဓိကတော့ ကျွန်တော်တို့မျိုးနွယ်စုက တစ်နိုင်ငံလုံးမှာတစ်သောင်းလောက်ပဲရှိတော့တယ်။ဆိုတော့ တော်တော်ကြီးကို အန္တရာယ်ရှိတဲ့ လူတွေဖြစ်သွားတယ်။ ဒါပေမယ့် သမိုင်းကြောင်းက တော်တော်ရှည်ကြာတယ်။ အဲ့တာကြောင့်မို့လို့ အိန္ဒိယမှာရှိတဲ့အမျိုးတွေရော၊ ဒီဘက်မှာရှိတဲ့ အမျိုးတွေရော ပေါင်းလိုက်မှ ငါးသောင်းတောင်မပြည့်တော့ဘူး။  အဲ့တာကြောင့်မို့ အန္တရာယ်ရှိနေတယ်။

ကျွန်တော်တို့ သမိုင်းအထောက်အထားတွေ ၊ ကျွန်တော်တို့ခမ်းတီးလုံမှာရှိတဲ့ အမွေအနှစ်နေရာတွေ၊ ဘုရားပုထိုးတွေရဲ့ သမိုင်းကြောင်းတွေက တော်တော်ကြီးကိုရှေးကျတယ်။ အဲ့လိုရှေးကျတဲ့အရာတွေက ဘယ်လိုထိန်းသိမ်းမလဲဆိုရင် လူငယ်တွေက ကိုယ့်ရဲ့စာပေသမိုင်းကြောင်းတွေကို ဘာသာရပ်တစ်ခုအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင်  ကွန်ဖီတန့်ရှိတဲ့အနေအထားတစ်ခုရောက်မှ အကျိုးပြုနိုင်မှာပေါ့ဗျာ၊ အဲ့တာကြောင့်မို့လို့  ကောလိပ်တစ်ခုကို မလုပ်လို့မဖြစ်တော့ဘူး ။

ကျွန်တော်တို့ ဒီကိုယ်ပိုင်ကျောင်း အနေနဲ့စဉ်းစားပေမယ့် ဗမာပြည်ရဲ့ပညာရေးအခြေအနေကခက်နေတာပေါ့၊ လောလောဆယ်တော့ ဒေဝကျောင်း  ဘကကျောင်းမဟုတ်ဘူး။ အခုလောလောဆယ် မူလတန်းကနေစပြီးတော့မှ အထက်တန်းထိ ကိုယ်ပိုင်ရံပုံငွေနဲ့ အစိုးရပညာရေးနဲ့  စပြီးတော့ ထည့်နေတယ်။ အဲ့တာကြိုတင်ပြင်ဆင်မှုပါပဲ။ ၂၀၁၂-၁၃ ကနေ  ကိုယ်ပိုင်ကျောင်းတွေ ဘုန်းကြီးကျောင်းအခြေခံတဲ့ဟာကနေစသွားနေတယ်။ ရည်ရွယ်ချက်ကို ပြန်ပြောမယ်ဆိုရင် အဲ့လို ကောလိပ်အဆင့်ကိုမထားဘူးဆိုရင်  စာပေလည်းပျောက်သွားလိမ့်မယ်။ ပြီးတော့မှလည်း ရှေးဟောင်းအမွေအနှစ်နေရာတွေလည်း ပျောက်သွားလိမ့်မယ်။ အဲ့တော့ကျွန်တော့် ကောလိပ်မှာ တိုင်းခမ်းတီးဘာသာနဲ့ပြဌာန်းမယ့် မှတ်တမ်းသမိုင်းကြောင်းတွေအားလုံး အကုန်လုံးထည့်သွင်းရမယ်။ ပြီးတော့မှ စာကြည့်တိုက်တွေကောင်းကောင်းထားရမယ်။ ပြီးတော့မှ သုတသနတွေအများကြီး ဆက်လုပ်ရအုံးမယ်။ Documentary. တွေအများကြီး ဆက်လုပ်ရအုံးမယ်ဆိုတော့ ကျန်ရှိအောင် အမွေအနှစ်တွေကို လက်ရှိလူဦးရေနဲ့ သိပ်အန္တရာယ်ရှိနေတဲ့အတွက် ကောလိပ်တစ်ခုရှိလာမယ်ဆိုရင်တော့  ခုနကပြောသလို ဒါတွေအားလုံးကျန်ခဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေနော် ပြီးတော့ကျန်တဲ့ဟာတွေကို လေ့လာနိုင်အောင်ပေါ့ ချိတ်ဆက်နေတဲ့ သမိုင်းကြောင်းတွေကိုပေါ့။ ကျွန်တော်တို့ရဲ့ခမ်းတီးရှမ်းရဲ့အခန်းကဏ္ဍဟာလည်း မိုင်းမောလုံကနေစပြီးမှ အာသံထိလို့ပြောပေမယ့် ခမ်းတီးရှမ်းတွေပတ်သက်ပြီးအရမ်းရှည်ကြာတယ်။ သမိုင်းမတင်မီခေတ်ကတည်းကနေ တော်တော်ကြီးခိုင်မာတဲ့ ဒဏ္ဍာရီသမိုင်းကြောင်းတွေရှိထားတာကြောင့် ပျောက်ပျက်သွားမှာစိုးလို့ နိုင်ငံတော်အတွက်ရော၊ ကမ္ဘာအတွက်ရော၊ကျန်တဲ့သူတွေလေ့လာလို့ရနိုင်အောင်အတွက် ကျွန်တော့်တို့တွေအနေနဲ့ လုပ်တာပေါ့နော်။ 

ဆက်လက်ဖော်ပြပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *