နွဲပျော်ခဲ့ရသော ရှမ်းနီရိုးရာ ဆီမီးမျှောပွဲတော်

အင်းတော်ကြီး ရွှေတောင် (လွိုင်ခမ်း) ပေါ်က ပြင်ကျယ်သည့် ကန်ရေပြင်ကို ငေးကြည့်နေမိသည်  ကန်ရေပြင်အဆုံးကို လှမ်းမမြင်နိုင်သလို ရေလည်ဘုရားလည်း ရေးရေးမျှသာမြင်နေရသည်။ မှုန်ပြာပြာ တောင်တန်းများလည်း ကန်ပြင်ကိုပတ်လည်ဝိုင်းထားသည်။ကူးသန်းသွားလာသူများ ဖြတ်သန်းသွားသည့်အချိန် ကလွဲပြီး ကန်ရေပြင်လည်း ငြိမ်သက်တိတ်ဆိတ်နေသည်။ ရေပျော်ငှက်များရှုပ်ပြေးပျံသန်းနေရင်း ပျော်မြူးနေကြသည်။ မည်သူမျှမဖျက်စီးသေးသည့် အလှတရားများနှင့်ပြည့် နက်နေသေးသည်။ တစ်ချိန်က စည်ကားခဲ့သည့် စည်ခမ်းမြို့တော်ကြီးကို တောင်ထိပ်မှငေးမောနေရသည့်အလား ပင်။ ညနေမှောင်ရီပျိုးချိန်တွင် ကန်ရေပြင်ထဲသို့ ဆီမီးမျှောပြီးသီတင်းကျွတ်ပွဲတော် ဆင်နွဲ ကြ ပေလိမ့်မည်။ ငေးမောကြည့်နေရင်းနေရှိန်လည်းတဖြည်းဖြည်းလျော့ကျလာသည်နှင့် ရွှေ တောင်ပေါ်မှ ရွှေမဥ္ဇူရေလည်ဘုရား ဆီသို့သွားရပါတော့မည်။ ရွှေတောင်မှ ဆင်းသည့် လမ်းများလည်း အဆင်းမတ်စောက်၊ အတက်မတ်ဆောက်သည့် မြေသားလမ်းကြမ်း များ ဖြစ်သည်။ ရေလည်ဘုရားနှင့် ရွှေတောင် ခရီးသည်နာရီဝက်ကျော်ဆိုင်ကယ်မောင်းရသည်။ နေမင်းလည်းတောင်စွယ်ကြားတော့ငုတ်လျှိုးခါနီးပြီ။ရေလည်ဘုရားဝင်းအဝင်၀ကတည်းကဆူညံနေသည့်ကားသံများ၊ဆိုင်ကယ်သံများနှင့်သွားလာလှုပ်ရှားနေသူပျားပန်းခပ်နေသည်။ ရှမ်းနီအိုးစည်တီးသံများလည်းတီးတိုးကြား လာရပြီ။  ရေလည်ဘုရားသည် သီတင်းကျွတ် ကာလတိုင်ရေနစ်ရှိနေသေးသည်။ ဆီမီးပူဇော်ထွန်းညှိရန်အတွက် အ နယ်နယ်အရပ်ရပ်မှလည်း တဖွဲဖွဲရောက်လာကြပြီ။ ဘုရားသို့သွားရာလမ်းတည့်တည့်တွင် စက္ကူဖြင့်လုပ်ထားသည့် ရွှေဟသာ်ငှက်တစ်ကောင်ရေထဲလွတ်ထားသည်။ ထို့ပြင် ကမ်းစပ်လျှောက်လမ်းတွင်လည်း စက္ကူဖြင့်လုပ်ထား သည့်ငှက်များသုံးကောင်ကလည်း အဆင်သင့်အနေအထားရှိနေသည်။ ထိုငှက်များသည် အင်းတော်ကြီးအင်းမြှီးရှိ ကျေးရွာများဖြစ်သည့် မပြင်၊ ပန်းလား ၊ လောဆွန့်၊မှန်ကင်း၊ အိုင်လေးတူစသည့် ကျေးရွာများက ပြုလုပ်ပြီးလာလွှတ်ကြခြင်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ထိုငှက်ရုပ်များကိုပြုလုပ်ပြီး သီတင်းကျွတ် ကာလတွင် လာရောက်လွတ်ကြသည်။ ထိုဟသာ်ငှက်ဖြင့် ဆီမီးမျှောကြခြင်းဖြစ်သည်။

အရှေ့အရပ်တောင်တန်းများပေါ် လမင်းလည်း မှေးတင်ကာ ထွက်ပေါ်လာသည်။ အချိန်အားဖြင့် ည(၆) နာရီရှိနေပြီ။ မိုးနှောင်းကာလတွင် နေ့တာတိုလာခဲ့ခြင်းကြောင့် ည(၆)နာရီဆိုပင်သော်လည်း မိုးချုပ်နေခြင်းဖြစ် သည်။ လရောင်ဖြာကျနေသည့် အင်းရေပြင်သို့ ဆီမီးမျှောရန်အတွက် ရှမ်းနီမောင်မယ်များ စက်လှေဆိပ်တွင်စုစု ရုံး ရုံးရောက်ရှိနေကြသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်ကို အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်း နှင့် ရှမ်းနီယဉ်ကျေးမှုအဖွဲ့ ပူးပေါင်းပြီး ဆီမီးပူဇော်ခြင်း/ ဆီမီးမျှောခြင်းကို ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်များကလည်း အင်းတော်ကြီးကန်ဘေးဝဲယာမှ ကျေးရွာများက ဆီမီးမျှောမှုများ ကျင်းပပြုလုပ်ခဲ့ကြသည်။  ဆီမီးမျှောနိုင်ရန်အတွက် သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ရက်အနည်းငယ်အလိုက ကျေးရွာအသီးသီး ဆီမီးခွက် များပြုလုပ်ထားကြသည်။ မှိုင်းကိုင် ရောင်စုံစက္ကူများဖြင့် မီးခွက်များကို ရှမ်းနီပျိုဖြူများက ဦးဆောင်ပြုလုပ်ကြ သည်။ ထိုကျေးရွာများမှ ပြုလုပ်ထားသည့် ရောင်စုံစက္ကူမီးခွက်များကို လပြည့်နေ့ညနေပိုင်းတွင် စုရပ်၌ လာရောက် စုပေါင်းထည့်ထားကြသည်။ စုရပ်တွင်လည်း ကြာဆံချက်ကလည်း အငွေ့တထောင်းထောင်းနှင့် လွေးချင်စရာပင်။ ဆီမီးကို အင်းရေလည်တွင် သွားရောက်မျှောကြမည်ဖြစ်သည်။ စက်လှေပေါ်သို့ ရှမ်းနီရိုးရာဝတ် စုံဝတ်ဆင်ထားသည့်လှပျိုဖြူများက ဦးစွာတက်ကြသည်။ရှမ်းနီကောင်လေးများကလည်း မီးရှူးမီးပန်းများ၊မီးခွက် ၊ ဖယောင်းတိုင်များသယ်ပြီး လိုက်ပါတက်ကြသည်။ စက်လှေများတစ်စီးပြီးတစ်စီး ကန်ရေပြင်ထဲသို့ ဆီမီးမျှောရန် အတွက် ထွက်ခွာသွားကြပြီ။ ဆီမီးများကိုလည်း တဖြည်းဖြည်းချင်း မျှောနေ ကြသည်။ ကမ်းစပ်စုရပ်မှလည်း ဗျောက်အိုးမီးရှူးများဖြင့် ပစ်လွတ်နေကြသည်။ နီပြာဝါရောင်စုံမီးများက ကန်ရေပြင်ထက် လှပစွာ လွင့်မျှောနေ ကြသည်။ ရှမ်းနီပျိုဖြူတချို့လည်း မှတ်တမ်းဓာတ်ပုံရိုက်ကူးနိုင်ရန် လက်လှော်လှေများသို့ပြောင်းပြီး ဆီမီးမျှောကြ သည်။ ကမ်းစပ်မှလည်း မီးရှူးများဖြင့် တရှူးရှူး တဒိုင်းဒိုင်း ပစ်လွှတ်နေကြသည်။ ကန်ရေပြင်ထဲသို့ ဆီမီးမျှောသူ များ၊ မှတ်တမ်းတင်ရိုက်သူများအပြင် မီးအလှကြည့်သူများလည်း ရောက်ရှိလာကြသည်။ ဆီမီးမျှောရန်ပြုလုပ်ထား သည့် ရွှေဟသာ်ငှက်များကိုလည်း ကန်ရေပြင်အလည်သို့ လက်လှေများဖြင့်ဆွဲလာကြသည်။ အင်းအလယ်တွင် မျှောထားမည်ဖြစ်သည်။ ရေလည်ဘုရားမှ ကမ်းစပ်အနားထိ ဆီမီးများဖြင့် ထိန်လင်းနေသည်။ တချို့မီးမျှောသူ များလည်း ကမ်းစပ်သို့ပြန်သွားကြပြီး ဆီမီးမမျှောရသေးသူများကို အလှည့်ပေးကြသည်။ မီးမျှောသူများ ကမ်းဘေး မီးထွန်းသူများဖြင့် ကြိတ်ကြိတ်တိုးနေသည်။ ကမ်းဘေးမှ ဆီမီးမျှောချင်သူများအတွက်လည်း မီးခွက်များကိုဝေငှ ပေးလျက်ရှိနေသည်။

စတုဒီတာကျွေးသည့်နေရာသည်လည်း နေရာလပ်မရှိနိုင်သေးပေ။ ကမ်းစပ် ကန်ဘောင်တွင် လည်းဒေသ အစားအစာရောင်းချပေးနေသူများလည်းရှိသည်။ မရိုးနိုင်သည့် ရှမ်းခေါက်ဆွဲအပြင် မုန့်တီသုပ်များ လည်းရနိုင်သည်။ တစ်ဖက်တွင်လည်း ရှမ်းနီရိုးရာအိုးစည်ဖြင့် မြေဝိုင်း ကနေကြ သည်။ မြေဝိုင်းအကကို တာဝန်ယူ သည့်ရွာက အင်းတော်ကြီးအရှေ့ကမ်းက ဟဲပုရွာက ရှမ်းနီ မောင်မယ်များဖြစ်သည်။ အိုးစည်သံနှင့် စည်းချက်ကျ လိုက်ကသည့် ရှမ်းနီမလေးများ၏ အမူအရာက ချစ်စရာပင်။ ထိုဆီမီးမျှောပွဲသို့ အင်းတော်ကြီးကျေးရွာအသီးသီး အပြင် မြန်မာနို်ငငံ အနှံ့အပြားက ဘုရားဖူးများလည်းလာရောက်လည်ပတ်ကြသည်။ အနီးဆုံးဖြစ်သည့် မိုးညှင်း၊ဟိုပင်ဒေသ များက လာရောက်လည်ပတ်ကြသည်။ မီးထွန်းပွဲသည် ညသန်းခေါင်ထိပြီး ဆုံးနိုင်မည်တော့မဟုတ်သေးပေ။ ရှမ်း နီအိုးစည်ဝိုင်းသည်လည်း တစ်ခုပြီးတစ်ခုတိုးလာသည်။ ရှမ်းနီအကမျိုးစုံကို ကန်ဘောင်ထောင့်နေရာများတွင် ပွဲလာသူများအား ဧည့်ခံဖျော်ဖြေပေး နေသည်။ မရိုးနိုင်သည့် မြေဝိုင်းအကများက ရှမ်းနီတို၌၏ ရိုးရာဓလေ့စရိုက် များကို ဖော်ပြ နေခြင်းမဟုတ်ပါလား။ ည(၈)နာရီကျော်နေပြီ ဆီမီးထွန်းပွဲက ပို၍ပင်စည် ကားလာသည်။ ဘုရားဝင်း အဝင်စမှ ကားဆိုင်ကယ်နှင့် သွားလာနေသူများဖြင့် ပိတ်ကြပ်နေသည်။ လမ်းရှင်းပေး နေသူများလည်း မတတ်နိုင် တော့ချေ။ ထင်မှတ်မထားသည့် ပွဲ၏ စည်ကားမှုက အံ့မခန်းပင်။ ဆီမီးနှစ်စဉ်လာမျှောသူများရှိသော်လည်း ယခုနှစ် က စံထားရလောက်မည်ဖြစ်သည်။ သီတင်း ကျွတ်ကာလ ရောက်သည်နှင့် အိမ်တိုင်းနီးပါး မုန့်ဖက်ထုပ်များပြလုပ် ဝေငှသည့် ဓလေ့ များ လည်းရှိနေသေးသည်။ ကျေးရွာအဝင်မှစ လမ်းတစ်လျှောက်လုံး ဆီမီးထွန်းထား သည့်ဓလေ့ များကတခြားသောနေရာများတွင် မတွေ့ရသေးပေ။ အင်းတော်ကြီး ဒေသသည် ရှမ်းနီတို့၏ရိုးရာ ယဉ်ကျေးမှု ဓလေ့များ ကိုထိန်းသိမ်းထားသည့် နေရာတစ်ခု လည်းဖြစ်ပေသည်။

လမင်းအလင်းရောင်ကို အားကိုးပြုရင်းမိုးညှင်းမြို့ သို့ပြန်ကြရပေတော့မည်။ အိုးစည် သံလည်းတဖြည်း ဖြည်းဝေးလာခဲ့ပြီ။ နောက်နှစ်များတွင်လည်း ယခုနှစ်ထက်ပိုမိုစည်ကားပြီး တိမ်မြှုပ်နေသည့် ယဉ်ကျေးမှုဓလေ့ များကို မည်သို့ ထုတ်ဖော်လျှင်ရနိုင်မည်ဆိုသည့် အတွေးစများဖြင့် ဖြေးဖြေးမှန်မှန်နှင့်သာ ခရီးဆက်နေရပါတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *