ပျောက်ကွယ်တော့မည့် ရှမ်းနီရက်ကန်းလုပ်ငန်း

အိုက်ပု

ကတ်သာကျေးရွာရှိ ရက်ကန်းလုပ်ငန်း

တိတ်ဆိတ်နေသည့် ရှမ်းနီရွာထဲက အိမ်တစ်အိမ်တွင် ကျုတ်ချပ်ကျုတ်ချပ် အသံများဖြင့် စည်းချက်ကိုက်နေသည်။ နေအိမ်ထဲမှ ရက်ကန်းခုတ်နေသည့် အသံများပင်ဖြစ်သည်။ တစ်ယောက် ကလည်း ဗိုင်းငင်နေသည် ။ ထိုအိမ်သည် ရှမ်းနီဒေသ ဟုမ္မလင်းမြို့တစ်ဖက်ကမ်းမှ ကတ်သာကျေး ရွာ ဖြစ်သည်။

“ဟိုးအရင်တုန်းကဒီကက်သာ ရွာဟာယက်ကန်းရက်စားတဲ့ရွာ ကြီးပေါ့။တစ်အိမ်မှာနှစ်စင်သုံးစင် ရှိကြတယ်။” ဟုထိုရက်ကန်းလုပ် ငန်းကိုဦးစီးလုပ်ကိုင်နေသူဒေါ်ထွေးကပြောကြားသည်။ မြန်မာနိုင်ငံတွင်လုပ်ငန်းအများ စုကိုပြည်သူပိုင်သိမ်းပြီးနောက် ပိုင်းတွင် ထိုရက်ကန်းလုပ်ငန်း များလည်းတဖြည်းဖြည်းနိဂုံးချုပ် လာခဲ့ရသည်။

ရက်ကန်းလုပ်ငန်း ကိုလုပ်ကိုင်နေသည့်တစ်ရွာလုံး သည်လည်းကြုံရာကျဘမ်းလုပ် ငန်းများဖြင့်သာအသက်မွေးဝမ်း ကြောင်းပြုလာရသည်။ပြည်သူ ပိုင်သိမ်းပြီးနောက်ရက်ကန်းလုပ် ငန်း၏အဓိကဖြစ်သည့်ချည်များ လည်းရှားပါးလာသည်။

တစ်ချိန် ကဟုမ္မလင်းမြို့ဆိုင်တိုင်းနီးပါး တွင်ချည်များကိုရောင်းဝယ်ကြ သော်လည်းပြည်သူပိုင်သိမ်းပြီး နောက်ရောင်းဝယ်မှုမရှိသလောက် ပင်။ထိုချည်အခက်အခဲများက တစ်ကြောင်းလမ်းပန်းဆက်သွယ် ရေးအခက်အခဲများကြောင့်တစ် ကြောင်းဖြစ်ယခုကတ်သာတွင် ရက်ကန်းလုပ်ငန်းရက်လုပ်သည့် အိမ်ဟူ၍သုံးအိမ်ခန့်သာရှိတော့ သည်။

ထိုသို့တဖြည်းဖြည်းပ ပပျောက်လာမှုသည်အဓိကအား ဖြင့် ချည်မရသောကြောင့်ဖြစ် သည်ဟု ရက်ကန်းလုပ်သူများက ဆိုသည်။

ဟုမ္မလင်းမြို့နယ် ကတ်သာကျေးရွာရှိ ရက်ကန်းလုပ်ငန်း

ကက်သာရွာဘာကြောင့်ရက်ကန်း လုပ်ငန်းပပျောက်ရသလဲ

” ချည်ကမြန်မာနိုင်ငံမှာမရှိတော့ ဟိုးနိုင်ငံခြားအိန္ဒိယကနေပြီး တော့ဝယ်ယူရတယ်။အိန္ဒိယဘက် သွားတဲ့သူရှိမှဒါတောင်အခက် အခဲရှိရင်ချည်ကပါမလာဘူး၊ ချည်ကြောင့်မို့အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်”ဟုရက် ကန်းရက်လုပ်နေသူဒေါ်ထွေးက ပြောသည်။

အဓိကရက်ကန်းလုပ် ငန်းပပျောက်သွားခြင်းမှာရက် ကန်းအတွက်လိုအပ်သည့်ချည် များမရရှိသောကြောင့်ဟုအများ ဆုံးပြောဆိုကြသည်။

ချည်များ ရရှိရန်အတွက်တစ်ချိန်ကဝါဂွမ်း ဝါဖတ်များဖြင့်ကိုယ်တိုင်ပြုလုပ် ပြီးချည်ကိုပြုလုပ်ကြသော်လည်း နောက်ပိုင်းတွင်ပပျောက်သွားကာ အသင့်လာသောချည်များဖြင့် ရက်လုပ်လာကြသည်။

ချည်များကို ရရန်အတွက်တစ်ဖက်နိုင်ငံသို့ သွားရောက်ဝယ်ယူကာတစ်ခါ တစ်ရံချည်အမျိုးအစားမတူညီမှု များ၊အရောင်မတူမှုများကြောင့် ရက်ကန်းလုပ်ငန်းများကိုရပ် နားထားကြရသည်။

“ရက်ကန်း ဆင်ထားပြီးတော့မှချည်မရှိတော့ လို့စောင့်ဆိုင်းရတာတစ်မျိုး၊ ယူခဲ့တဲ့ချည်အမျိုးအစားနဲ့ကိုယ် ရက်တဲ့ချည်မတူညီတာတို့အ ရောင်ကွဲတာကတစ်ကြောင်းကိုယ် လိုချင်တဲ့အမျိုးအစားမရတာက တစ်ကြောင်းရက်ကန်းစင်ကြီး ဆင်ထားပြီးမှဒီ အတိုင်းပစ်ထားရ တယ်”ဟုဒေါ်ထွေးကပြောသည်။

ရက်ကန်းနှင့်ရှမ်းနီချည်ထည်

ရှမ်းနီအဝတ်အစားများသည် များသောအားဖြင့်လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ကတွေ့ ရသည်မှာ ထဘီထပ်ဆင်ကို အနီရောင်တပ်ဆင်ခြင်းပင်။

” ဟိုမေနိုင်း”ဟုပြောလိုက်လျှင်ဖြင့် တိုင်းနိုင်းရိုးရာထဘီဟုပင်အား လုံးသိနေကြသည်။ရှမ်းနီလူမျိုး များသည်အထက်ဆင်ကိုအနီ ရောင်အဖတ်ကြီးဖြင့်ဝတ်ဆင် လာခဲ့ကြပုံတူသည်။ထိုဝတ်စား ဆင်ယင်မှုကိုရက်လုပ်ထားသည့် ကတ်သာကျေးရွာကရက်ကန်း များသည်လည်းပျောက်ကွယ် သွားပြီးတစ်ချိန်ကရက်လုပ်ခဲ့ သည့်ရှမ်းနီထဘီကိုရက်လုပ်နိုင် ခြင်းမရှိတော့ချေ။၄င်းတို့၏ ဘိုးဘွားများရက်လုပ်ထားခြင်း ကြောင့်သာ မှတ်တမ်းတစ်ထည် တမ်းကျန်ရှိနေခဲ့သည်။

“၁ ပြား ၂ ပြားခေတ်တုန်းကဆိုတော့ အဘွားတို့လည်းမမှီခဲ့ဘူထိန်း သိမ်းလွန်းလို့သာအခုမြင်တွေ့ နေရတာ” ဟုဒေါ်ထွေးကပြော သည်။ အဆိုပါနမူနာကျန်ခဲ့သည့် ပုံစံများအတိုင်း နောက်ပိုင်းတွင် ဒီဇိုင်းမျိုးစုံထွင်ပြီးရက်လုပ်လာ ကြသည်။

သို့သော်လည်း ထိုရက်လုပ်သည့်လုပ်ငန်းများ သည်ကို ရှမ်းနီများရက်လုပ်ခြင်း မဟုတ်ဘဲတခြားတိုင်းရင်းသား များရက်လုပ်နေခြင်းပင်ဖြစ်သည်။ ရက်ကန်းလုပ်ငန်းကိုလွန်ခဲ့သည့် နှစ်ပေါင်းများစွာကရက်လုပ်ခဲ့ သည့်ကက်သာကျေးရွာတွင်ပင် လူငယ်လူလတ်ပိုင်းရက်လုပ် တတ်သူဟူ၍နှစ်ယောက်သုံး ယောက်ခန့်သာကျန်ရှိတော့ သည်။

ယခုနောက်ပိုင်းတွင်ရှမ်း နီဒေသတချို့တွင်ကိုယ်ပိုင်ရက် ကန်းများတည်ထောင်ပြီးရက်လုပ် မှုများလည်းရှိလာသည်။သို့သော် လည်းဈေးကွက်ထဲသို့ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိလာခြင်းမရှိ သေးချေ။လက်ရက်ကန်းများ အစား စက်ရက်ကန်းများကနေရာ ဝင်ယူလာခြင်းကြောင့်လည်း လက်ရက်ကန်းရက်လုပ်မှုများ တဖြည်းဖြည်းလျော့နည်းလာ ခဲ့ ရသည်။

ရှမ်းနီတိုင်းရင်းသားတို့ သည်ကိုယ့်ရိုးရာအထည်ရက် လုပ်မှုလုပ်ငန်းများရှိပါရဲ့လုပ်ကိုင် မှုမရှိသလောက်ပပျောက် နေသည်ကို ရှမ်းနီတိုင်းရင်းသား များသတိပြုသင့်ပေသည်။တိမ် ကောပျောက်ကွယ်သွားခြင်းမရှိ အောင်လည်းရှမ်းနီမျိုးဆက်သစ် များစဉ်းစားရန်လိုအပ်နေပေသည် ထိုရက်ကန်းလုပ်ငန်းများလျော့ ကျပျောက်ကွယ်သွားလျှင်ကိုယ့် လူမျိုးကိုယ့်ဝတ်စုံမှကိုယ်မရက် လုပ်လျှင်မည်သူကမျှလာရောက် လုပ်ပေးမည်မဟုတ်ချေ။

ထို့အတွက်ကြောင့် ရှမ်းနီတိုင်းရင်း သားများ၏ဝတ်စားဆင်ယင်မှု အဆင့်အတန်းကိုအဆင့်တစ်ခု ထိရောက်အောင်မြင့်တက်ချင်ပါ လျှင်ရက်ကန်းလုပ်ငန်းသည် အခြေခံကျသည့်လုပ်ငန်းတစ်ခု ဖြစ်ပေတည်း ။

Leave a Reply

Your email address will not be published. Required fields are marked *