မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအတွင်း တိုက်ပွဲကြောင့်  အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်ပြီး တစ်ဦးသေဆုံး

မတ် ၄ ၊ မိုးကောင်း 

မိုးကောင်းမြို့နယ် ပင်းဘေးကျေးရွာမှာ မတ်လ ၂ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးတယ်လို့ ရွာသားတွေက ရှမ်းနီအသံကိုပြောပြပါတယ်။

ရွာထဲမှာလက်နက်ကြီးကျလို့  လေးယောက်က ဒဏ်ရာပြင်းထန်ပြီး တစ်ဦးသေဆုံး ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေက ပင်းဘောကရွာသူ/သားတွေပဲဖြစ်တယ်။ နှစ်ပေါင်း ၆၀ အတွင်း ဒါက ပထမဦးဆုံးဖြစ်တယ်” လို့ ရွာခံတစ်ဦးက ပြောပါတယ်။ 

မတ်လ ၂ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်အချိန်မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းအနီးကို ဒရုန်းတွေနဲ့ ကနဦးတိိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတော့ ဘယ်သူ့လက်နက်ကြီးဖြစ်တယ်ဆိုတာ အတိအကျပြောဖို့အဆင်မပြေဘူး” လို့ သူက ဆက်ပြောပါတယ်။ 

တစ်နာရီခွဲကျော်ကြာမြင့်ခဲ့တဲ့ ဒီတိုက်ပွဲအပြီး ပြန်ဆုတ်ခွာချိန်မှာ  ပင်းဘောဒေသ ပြည်သူ့စစ်ခေါင်းဆောင် နဲ့ ပင်းဘော ရာအိမ်မှူးလည်း KIA+PDF ပူးပေါင်းတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားတာကြောင့် ပင်းဘောကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာသားတွေလည်း ထိတ်လန့်ပြီး စစ်ဘေးခဏတိမ်းရှောင်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ 

ပင်းဘောကျေးရွာအုပ်စုထဲက ပင်းကြိုင်းကျေးရွာသူ/သား ငါးရာကျော်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ KIAက တစ်အိမ်တက်ဆင်း စစ်သားစုဆောင်းမှုတွေပြုလုပ်ခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *