ဧပြီ ၇ ၊ ရန်ကုန်
မြန်မာစစ်တပ်ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုပိုလုပ်နိုင်ဖို့ နဲ့ မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို အားပေးကူညီနိုင်ဖို့အတွက် Burma Act 2021 ကို အမေရိကန်အောက်လွှတ်တော်က မနေ့က ဧပြီလ ၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီဥပဒေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်တင်သွားခဲ့တာဖြစ်ပြီး ၅ လအကြာမှာ အတည်ပြုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
“ ဒီဥပဒေမူကြမ်းက မြန်မာနိုင်ငံအာဏာသိမ်းမှုအပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှုကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ” လို့ Goble Witness က ညွှန်ကြားရေးမှူး ဟန်နာဟင်စထရောင်းက ပြောဆိုလိုက်ပါတယ်။
Global Witness အဖွဲ့က ဒီဥပဒေအတည်ပြုမှုကို ထောက်ခံပြီး စစ်တပ်ရဲ့ ဝင်ငွေရလမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ရရှိနေတဲ့အခွန်အခတွေကို ပိတ်ဆို့ဖို့ လုပ်ဆောင်သင့်တယ်လို့ ပြောဆိုထုတ်ပြန်ထားပါတယ်။
လက်ရှိဒီဥပေဒကို အထက်လွတ်တော်မှာ အတည်ပြုဖို့နဲ့ သမ္မတလက်မှတ်ရေးထိုးပြီး အတည်ပြုရင် စစ်တပ်က အာဏာသိမ်းပြီးမှုကို ကူညီပံ့ပိုးခဲ့တဲ့ပုဂ္ဂိုလ်တွေ ၊ အဖွဲ့တွေကို အရေးယူပိတ်ဆို့ဖို့တွေဖြစ်လာမှာပါ။
ဒီဥပဒေကြမ်းကနေ မြန်မာနိုင်ငံဆိုင်ရာ အထူးညှိနှိုင်းရေးမှူးခန့်အပ်ဖို့ ၊ လူသားချင်းစာနာမှုအကူအညီ ၊ ဒီမိုကရေစီအရေးလုပ်ရှားမှု အတွက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အကူအညီပေးဖို့လည်းပါဝင်တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်အပါအဝင် သူတို့ဖွဲ့ထားတဲ့ စစ်ကောင်စီတစ်ခုလုံးနဲ့ သူတို့ရဲ့ မိသားစု အသိုင်းအဝိုင်းတွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ထားပြီးလည်းဖြစ်ပါတယ်။