မြန်မာ့စီးပွားရေးအခြေအနေကိုကမ္ဘာ့ဘဏ်ကမခန့်မှန်းတော့

အင်းတော်ကြီဂဒေသက စပါးသိမ်းနေကြသူများ Photo/ShanNi Voice

 

၂၀၂၁ ခုနှစ်က မြန်မာ့စီးပွားရေး တိုးတက်မှုအခြေအနေအညွှန်းကိန်းက -18 ရှိမယ်လို ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့ပြီး ဒီနှစ်ကစ မခန့်မှန်းတော့ဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းဇယားမှာ ဖော်ပြထားပါတယ်။ 

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများတယ်လို့ ဆိုထားပေမယ့်  မြန်မာနိုင်ငံအတွက် ၂၀၂၂ခုနှစ်စတင်ပြီး စီးပွားရေးအခြေအနေများကိုခန့်မှန်းနိုင်စွမ်းမရှိတော့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က​ဖော်ပြတာလည်းဖြစ်ပါတယ်။ 

ဒီအခြေအနေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာရှမ်းတိုင်းရင်းသားများလုပ်ငန်းရှင်အသင်းဥက္ကဌဦးသန့်စင်ဦးကကမ္ဘာ့ဘဏ်ကကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးကိုမခန့်မှန်းတတ်တော့ဘူးဆိုတာသူတို့ရဲ့ Link( အဆက်အသွယ်) တွေပျက်သွားလို့အဲ့လိုပဲကျွန်တော်ကမြင်တယ်။ Link. ဆိုတာတော့သူတို့ကိုအမြဲတမ်း Report ပေးနေတဲ့အဖွဲ့အစည်းတွေကလည်းအလုပ်မလုပ်နိုင်တော့ဘူးလို့မြင်တာပေါ့နော်နိုင်ငံရဲ့အခက်အခဲကတော့တိုင်းပြည်ရဲ့ Export , Import လည်းအများကြီးကျသွားတာရှိတယ်။တိုင်းရင်းသားဒေသမှာလည်းစိုက်ရေးပျိုးရေးတွေကိုတော်တော်လေးမလုပ်နိုင်တဲ့အနေအထားကိုကျသွားတာရှိတယ်။လို့ဆိုပါတယ်။ 

ကမ္ဘာ့ဘဏ်ပြောဆိုမှုမှာ အာရှဖစိဖိတ်နိုင်ငံတွေအတွင်းမှာ ဒီလိုမခန့်မှန်းနိုင်တာ တစ်ခုတည်းသောနိုဖြစ်တယ်လို့လည်းဆိုပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁-၂၀၂၂ မတ်လအထိ  မြန်မာ့ကုန်သွယ်ရေးကလည်း တိတိသာသာလျော့ကျခဲ့တာဖြစ်ပြီး မီနီဘတ်ဂျက်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံကျော်ရှိခဲ့ပြီး ကာလတူ ၂၀၂၀-၂၀၂၁ ကထက် ဒေါ်လန်း သန်း ၁၆၀ ကျော်လျော့နည်းနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့  မူဝါဒလေ့လာရေး အင်စတီကျူ့ရဲ့ ဇွန်လ ၉ ရက်ထုတ်ပြန်မှုအရ သိရပါတယ် ။

မြန်မာ့ နယ်စပ်ကုန်သွယ်ရေးအနေနဲ့  တရုတ်နိုင်ငံနဲ့  အမေရိကန်ဒေါ်လာ ၁.၃ ဘီလီလျံလျော့ကျခဲ့ပြီး ထိုင်းနိုင်ငံနဲ့  ၃ ဘီလီလျံရှိပြီး ထိုင်းနဲ့ ကုန်သွယ်မှု သန်း ၅၂၀  မြင့်တက်မှုကုန်သွယ်မှုရှိနေတယ်လို့ ISP  ရဲ့ မှတ်တမ်းပြုစုထားမှုအရသိရပါတယ်။ 

၂၀၂၂ ခုနှစ်မှာ  ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံကို ၂ ဒဿမ ၉ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၅ ဒဿမ ၉ နှင့် ကမ္ဘောဒီယားနိုင်ငံကို ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *