(စဝ့်စဝ့်ဖီးစဝ့်လုံးစဝ့်ဖီးနန်းဖီးဟိန်းစဝ့်၊စဝ့်စဝ့်ပူစဝ့်စဝ့်ပူဟဝ်းတန်းလုံးစဝ့်။၊စဝ့်စဝ့်ပီစဝ့်စဝ့် ပီနောင်တန်းလုံးစဝ့် ….။ )
ရှမ်းနီမျိုးနွယ်တွေဟာ အိမ်တွင်းနတ်၊ နယ်ရှင်ကြီးတွေကို ယုံကြည်လက်ခံကြပါတယ်။ ဥရုရိုး၊ ချင်းတွင်းရိုး၊ ဧရာဝတီမြစ်ရိုးနှင့် သံလမ်းရိုးတို့မှာနေထိုင်ကြတဲ့ ရှမ်းနီတိုင်းရင်းသားတို့မှာ အိမ်တွင်းနတ်ကိုယ်စီရှိကြပါတယ်။ ဒီထဲမှာမှ ဗန်းမောက်၊ ပင်လည်ဘူးဒေသက ပူမောက်ကမ် မျိုးရိုးအကြောင်းကိုတင်ပြချင်ပါတယ်။ ရှမ်းနီစစ်သူကြီး ပူမောက်ကမ်ဟာ ဗလငါးတန်နဲ့ ပြည့်စုံသလောက်ရုပ်ရည်ရူပကာ အလွန်ဆိုးလှသူဖြစ်ပါတယ်။ အသားအရည်က နီညိုရောင်ရှိတာကြောင့် မောက်ကမ် လို့ခေါ်တဲ့ အညိုရောင်အဖူးပွင့် လို့ခေါ်ကြပါတယ်။ ရုပ်ရှည်ကြမ်းတမ်းသလောက် နူးညံ့တဲ့ နှလုံးသားစွမ်းရည်ပိုင်ဆိုင်ထားသူဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့၊ သနားညှာတာမှုအပြည့်ရှိသူလည်းဖြစ်ပါတယ်။ မောက်ကမ်ဟူသည့်အလျောက် နူးညံ့သိမ်မွှေ့တဲ့နှလုံးသားရှိသူလို့ ဖိုးမောက်ကမ်ရဲ့ သားမြေးအနွယ်တွေက ယနေ့တိုင် ဂုဏ်ယူပြောဆိုနေကြပါတယ်။
ရှမ်းနီလူမျိုးနှင့် တခြားသော လူမျိုးတွေစစ်ဖြစ်တဲ့အချိိန်မှာ ရန်သူ့ဘက်ကို ရွတ်ရွတ်ချွန်ချွတ်တိုက်ခိုက်တဲ့အချိန်ကစပြီး ပူမောက်ကမ်က လူစွမ်းကောင်းကြီးလို့ စတင်ထင်ရှားလာခဲ့ပါတယ်။ တစ်ခါတွင်ဤသို့ မိမိတို့စစ်ပွဲဆင်နွှဲနေစဉ်တွင် အဖိုးမောက်ကမ်တို့ အနားယူတဲ့ တောင်ကုန်းတစ်ခုကို ရန်သူများက အလစ်ငိုက်တိုက်ခိုက်ဖို့ ဝိုင်းလာတဲ့အချိန်မှာ ရန်သူအင်အားများလွန်းနေသဖြင်လည်းကောင်း၊ ပြင်ဆင်ချိန်မရဘဲ အလစ်မဲ့မှာ တိုက်ခိုက်ခံရသည်ကတစ်ကြောင်း အဖိုးမောက်ကမ်တို့စစ်တပ် အကျဆုံးများနေတာပါတယ်။ မိမိသည်ပင်လျှင် အလွှတ်ရုန်းထွက်ပြေးရန် အခြေနေသို့ ဖန်လာတော့သည်။ ထိုချိန်တွင် ထိုတောင်ကုန်းတွင် တောင်ယာလုပ်ကိုင်နေတဲ့ ရှမ်းအဖိုးအိုကြီးက ရန်သူတွေကို ကြောက်ပြီး ဖိုးမောက်ကမ်ကို မိမိအားကယ်တင်ပေးပါရန် တောင်းပန်ပြီး ဖိုးမောက်ကမ်လည်း ရန်သူများကြားမှ ၎င်းအဖိုးအိုနှင့် ဆန်တစ်စိတ်တို့ကို ကျောပိုးပြီး ရန်သူတွေကြားက ခုန်ထွက်ကာ ကယ်ဆယ်ထွက်ပြေးသွားခဲ့ပါတယ်။ လွှတ်ကင်းရာရပ်ရောက်သောခါမှ အဖိုးအိုက ပူ(အဖိုး) မောက်ကန်ကို ကျေးဇူးတင်လှသောကြောင့် မိမိနေအိမ်သို့ခေါ်ဆောင်သွားခဲ့ပြီး ပြုစုစောင့်ရှောက်မှုတွေနဲ့ သူ့ရဲ့ သမီးတွေနဲ့ လက်ဆက်ထိန်းမြှားဖို့ ပြောဆိုပါတယ်။ ရှမ်းတောင်သူအဖိုးဆီက သမီး (၆) ယောက်ရှိတဲ့ထဲ (၅) ယောက်က ပူမောက်ကမ်ရုပ်ဆိုးလွန်းတာကြောင့် လုံးဝလက်မထက်နိုင်ကြောင်းငြင်းဆိုကြပါတယ်။ သမီးအငယ်ဆုံးမှာ ဖခင်ရဲ့စကားကို မပယ်လိုတာကြောင့် မချစ်သော်လည်း ပူမောက်ကမ်နောက်ကိုလိုက်ခဲ့ပါတယ်။ ရှမ်းတောင်သူအဘိုးကြီး၏ သမီးအငယ်ဆုံးမှာ ” ပဲ့ကလိန်း” ဟုမည်၏။ မချစ်ပဲအဖေစကားကို မပယ်ချရဲသဖြင့်လိုက်ပါခဲ့ရသောကြောင့် အရွဲ့တိုက်ကာ “မိမိသည် သားယောင်္ကျား လေးယောက်မရမချင်း အဖအိမ်သို့ အလည်မလာ/လာမိချေက ကျားကိုက်၍ သေပါစေတော့” ဟု ကျိန်ဆိုထားခဲ့လေ၏။
ဖိုးမောက်ကမ်နှင့် ပဲ့ကလိန်းလေးကို မယားအဖြစ်ယုယကြင်နာစွာ ဂရုစိုက်ကာ မိမိအိမ်သို့ခေါ်ဆောင်ခဲ့ပါတယ်။ ဖိုးမောက်ကမ်မှာလည်း စစ်ဆင်ရေးမထွက်ခင် ” တောတုန်” အမည်ရှိတဲ့ လက်ယာစံ ဇနီးသည် ရှိနေပြီးသားလည်းဖြစ်ချေ၏။ အိမ်ရောက်သော် ဖိုးမောက်ကမ်က မယားကြီးတောတုန်ကို မိမိတို့ဖြစ်စဉ်ကို အကျိုးကြောင့်သင့်ရှင်းပြသော် မယားကြီးကလည်း ကြည်ဖြူစွာလက်ခံပြီး ပဲ့ကလိန်းလေးကို ညီမအရင်းသဖွယ် ချစ်ခင်စွာ ဆက်ဆံဂရုစိုက်ပေးလေ၏။ ဤသို့ ရှမ်းစစ်သူကြီး ဖိုးမောက်ကမ်သည် လက်ယာလက်ဝဲ တောတုန်၊ပဲ့ကလိန်းတို့ဖြင့် ကြည်ကြည်ဖြူဖြူ နေထိုင်ချစ်ခင်ခဲ့ကြလေသည်။ နှစ်အနည်းငယ်တွင် မယားအကြီး တောတုန်တွင် သားတော် ၃ ပါး မယားငယ် ပဲ့ကလိန်းတွင် သားတော် ၃ ပါး အောင်မြင်စွာဖွားမြင်ခဲ့ပြီးဖြစ်၏။
ထိုသားတော် ၆ ပါးတို့သည်ကား
၁။ မောက်ကြေး၂။မောက်ဆောင်ဝ့် ၃။မောက်ဖွဲ ၄။မောက်လွန် ၅။မောက်ဆိုင်း ၆။မောက်ဆွန် တို့ဖြစ်ကြလေသည်။
ဖိုးမောက်ကမ်နဲ့ သားတော်ခြောက်ပါးတို့က ယနေ့ထိ ပင်လည်ဘူး၊ ဖောင်းပြင် ၊ ဗန်းမောက်၊ အင်းတော်နယ် တို့တွင် ဖိုးမောက်ကမ်မျိုးတို့ ရှိနေကြသေးကာ နယ်ရှင်ကြီးအနေဖြင့် နတ်ကွန်းထားကာ ပသနေကြဆဲဖြစ်ပါတယ်။ သားတော်ခြောက်ပါးတို့သည်ကား စစ်သူကြီးဖိုးမောက်ကန်အုပ်စိုးသောနယ်မြေ၌ ပြည်ထဲရေးများကို စီရင်ကိုင်တွယ်ဖြေရှင်းရသောကြောင့် ဖီခေးဟိန်းခေါ် အိမ်တွင်းနတ် ခေါင်ရေစဉ်အဖြစ်ရှိကြသည်လဲဖြစ်၏။ အကြီးဆုံးသား မောက်ကြေးသည် ၊ အနည်းငယ် စိတ်ကြမ်းသည်၊ ပြတ်သားသည်၊ စည်းကမ်းကြီးသည် ၊တိကျလွန်းသည် ဟုလည်း မောက်ကြေးမျိူးနွယ် သားမြေးများက ဆိုတတ်သည်။ မောက်ဆောင်ဝ့်မျိုးနွယ် တို့သည်ကား ပညာရှင်မျိုးဖြစ်၏ ။ ဆရာကြီးလုပ်တတ်ကြ၏ ၊ အကြွားသန်ကြ၏၊ ဘိန်းတောရှမ်းတိုင်းရင်းဆေးပညာတတ်ကြွမ်းကြ၏ဟု မောက်ဆောင်ဝ့်သားမြေးများက ပြောဆိုတတ်၏။ မောက်ဆောင်ဝ့်၏ အကြွားသန်မှုသည် ကြွားလုံးများကို စကားသံကြားကပင် ခွေးပင်ဟောင်တော့သည်ထိ ကြွားသည်လို့လဲ မောက်ဆောဝ့် သားသမီးမျိူးများက ဟာသပြောကြ၏။ ထို့တူပင် မောက်ဆိုင်းနွယ်တို့လဲ အကြွားသန်သည်ဟုဆိုကြ၏။ ခရီးသွားလာခြင်း ဝါသနာထုံကြသည်ဟုဆို၏။
မျိုးစု(၆) ခုတွင် သူအရှိန်ဝါနဲ့သူ နာမည်ကြီးသည့် အဆိုများ ကိုယ်စီကိုယ်ရှိကြ၏။ အခြားအမျိုးများက မိမိတို့ ဘောက်ဆဝ့်မျိုးကို ” ဘောက်ဆောင်ဝ့် ဆနိုင်းယိုင် ၊ ဘောက်ဆဝ့် စစ်စေ “ဟု ဖဲ့ကြရွဲ့ချိတ်စောင်းပြောဆိုကြ၏။ အဓိပ္ပါယ်က ဘောက်ဆောင်ဝ့်မျိူးတို့ကား ကပ်စေးလဲ နဲသေး၏ ဟူ၏။ စသည်ဖြင့် သားတော်ခြောက်ပါးကို နောင်လာသားမြေးမျိုးနွယ်များက အဖိုး၆ပါးကို အစွဲပြု ၆ဖိုး၆ဖွားဟုလဲ ဆိုကြသည်ကရှိသေး၏။
ပူမောက်ကမ်၏ ပဲကလိန်းက မိဘနဲ့ အစ်မတွေကို လွမ်းဆွတ်လို့ အိမ်ပြန်ဖို့ခွင့်တောင်းခဲ့ကာ ခွင့်ပြုချက်ရပြီး ခရီးထွက်လာခဲ့ပါတယ်။ သာယာတဲ့လမ်းခရီးထက် ဖြတ်လမ်းဖြစ်တဲ့ တောလမ်းကို ဖြတ်သန်းလာခဲ့တဲ့ ပဲကလိန်းရဲ့ ကံကြမ္မာဟာ တောတွင်းက ကျားဆိုးတစ်ကောင်ရဲ့ လက်ထဲမှာ ဇီဝိန်ချုပ်သွားခဲ့ရပါတယ်။
အမှန်စင်စစ် ယခင် ပဲ့ကလိန်း ဖိုးမောက်ကမ်နောက် လိုက်လာခဲ့စဉ်က မိဖများကို ရွဲ့စောင်းကာ ကျိန်ဆိုခဲ့မိသော ကျိန်စာကြောင့် ယခု သားတော်လေးယောက်မပြည့်ခင် အလည်လာမိသောကြောင့် နတ်ကျားက လာကိုက်သတ်ရသည်လို့လည်း ပြောဆိုကြ၏။ ဒီအချက်ကြောင့် ပူမောက်ကမ်မျိုးနွယ်တို့က စကားအခွန်းစီတိုင်းကို နတ်ဆိုးတို့သည် အမြဲမှတ်သားနေကြတယ်လို့ ယူဆနေကြပါတယ်။ ဒီသတင်းကိုလည်း ပူမောက်ကန် ၊ သူ့သားများ နှင့် ဆွေမျိုးတွေဆီကိုရောက်ပြီး ဝမ်းနေပက်လက်ဖြစ်ကြပါတော့တယ်။ ပဲ့ကလိန်း အိမ်မှ စတင်ထွက်ခွာတဲ့ရက် ” ဝမ်းကာ” နှင့် ပဲ့ကလိန်း ကျားကိုက်ခံရတဲ့ရက် “ဝမ်းကပ်” ဟုတ်သတ်မှတ်ကာ သတ်မှတ်ပေးလေ၏ ။ထိုရက်တွင် ဖိုးမောက်ကမ်ထိန်းချုပ်စီမံသော နယ်မြေ၌ ပြည်သူပြည်သားတို့သည် ဖိုးမောက်ကမ်၏ဇနီး ပဲ့ကလိန်းကို တသနှမျောအောက်မေ့သဖြင့်လည်းကောင်း၊ ထိုနေ့သည် ဝမ်းနည်းဖွယ် အတိတ်ဆိုးဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြကာ မိုးတွင်းဖြစ်သော်လည်း ” ဝမ်းကာ” ”ဝမ်းကပ်” ရက်ဖြစ်ချေက လယ် အလုပ်မဆင်းကြပေ။ ဆောင်းတွင်းဖြစ်ချေကလဲ ကောက်ရိတ်၊ နှမ်းသိမ်းခြင်းတို့ မပြုကြပေ။ ဖိုးမောက်ကမ်ရှိစဉ်က ထိုရက်ကို အထက်လူကြီးများမှ သတ်မှတ်ပေးသော်လည်း ယခုကမူ နယ်ထိန်းနတ်ဆော်အောတဲ့ နတ်ထိန်း သို့မဟုတ် ရွာလူကြီးကသာ သတ်မှတ်ပေးလေ့ရှိပါတယ်။ နှစ်စဉ်ဝါဝင်၊ဝါထွက်တိုင်း ဖိုးမောက်ကန်။တောတုန်။ပဲ့ကလိန်း တို့ကို နတ်ကွန်းဖြင့်ပူဇော်ခဲ့ကြပါတော့တယ်။
ဖိုးမောက်ကန်၏သားတော်ခြောက်ပါးဖြစ်သည့် မောက်ကြေး မောက်ဆောင်ဝ့် မောက်ဖွဲ မောက်လွန် မောက်ဆိုင်း မောက်ဆွန် တို့ကိုလဲ ဝါဝင်ဝါထွက်တိုင်း ပူဇော်ကြကုန်၏ ။ ထိုသူတို့ကာ ဖီးခေးဟိန်းဖြစ်ကြ၏ ။ မိမိတို့ရှမ်းနီတို့သည် တရုတ်ပြည် ယူနန်ဘက်မှ မြစ်ဖျားခံလာက မိုးညင်း၊ မိုးကောင်း မိုးမိတ်၊ သိန္နီ၊သီပေါ၊ညောင်ရွှေ ၊ ဝန်းသို ၊ သောင်သွပ် စသဖြင့် ပြည်ထောင်အင်ပါယာဖြစ်အုပ်စိုးလာခဲ့သော မောရှမ်းမျိုးနွယ်ဖြစ်သောကြောင့် ရိုးရာ အယူဆတို့ ၊ အမည်ခေါ်ပုံမတူကြသော်လဲ ခေါ်ဆိုမှု ဖွဲ့စည်းပုံတူကြသည်များ၏.။ ပွဲလမ်းသဘင် ချိန်ခါကြီးတစ်ခုပြုလုပ်တိုင်း ရှေးဘိုးဘွားတွေကို အရိုသေပေးကြရ၏ ။ အစဉ်ဆက်ကြာလာသော် ဘိုးဘွားတို့ကို နတ်ဖြစ်နေသည်၏ ယူဆပါတော့သည် ။ ထို့ကြောင့် မိမိတို့ နယ်ရှင်ကြီးနတ် ၊ အိမ်းတွင်းနတ်တို့ကို အရှင်ကြီး၊နတ်မင်းကြီး ဆိုတာထက် ”အဖိုး” ဟုသာ ရင်းရင်းနှီးနှီးခေါ်ဆိုတိုင်ပင်ကြ၏။ မိမိအိမ်တွင်း သားသမီး နေမကောင်း၊တစ်စုံတစ်ရာဖြစ်ချေကလဲ ” အဖိုးရဲ့မြေးတော်လေးကို စောင့်ရှောက်ပေးပါ” ဟုသာအားကိုးတကြီးဖြင့်တိုင်ပင်ပြောဆိုနေတာ ယနေ့တိုင်ဖြစ်ပါတယ်။
ခွန်ဟိန်း ရေးသားသည်။