သင်္ကြန်(ရေသဘင်ပွဲတော်) ဟာဗုဒ္ဓဘာသာတို့ရဲ့ နှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့နိုင်ငံနဲ့ဒေသတွေမှာ အဓိက ကျင်းပကြပါတယ်။ပွဲတော် ကျင်းပခြင်းနဲ့ပတ်သက်လို့အခြေခံ တူညီတယ်ဆိုပေမယ့် ဆင်နွဲပုံနဲ့ ပတ်သက်ပြီးတော့ ရှမ်းလူမျိုးတွေ မှာမတူညီတဲ့ဓလေ့တစ်ချို့ရှိနေပါ တယ်။ မြန်မာမှာသင်္ကြန်ရှိသလို ရှမ်း(တိုင်း)အနွယ်တွေကြားထဲမှာ လည်း သင်္ကြန်(ရေသဘင်ပွဲ)ရှိပါ တယ်။ ထိုင်းဆိုရင် ဆွန်ခရမ် ဆိုပြီးခေါ်ပါတယ်။မြန်မာထက် လည်းသင်္ကြန်ကျတစ်ရက်စောပါ တယ်။ ထို့အတူပဲ အိန္ဒိယဘက်က ရှမ်းအနွယ်တွေဟာလည်းသင်္ကြန် ကျပါတယ်။ဆင်းကြန်() လို့ရေးပါတယ်။ လာအိုကမ္ဘော ဒီးယာ အစရှိတဲ့နိုင်ငံတွေမှာလည်း ကျင်းပပါတယ်။ တရုတ်နိုင်ငံဆစ် ဆောင်ပန်းနားဒေသအစရှိတဲ့ရှမ်း နီလူမျိုးတွေနေထိုင်တဲ့ ဒေသမှာ လည်း သင်္ကြန်ရှိပါတယ်။ဒီနေရာ မှာ စိတ်ဝင်စားစရာကိစ္စတစ်ခုကို ပြောချင်တာကသင်္ကြန်ပွဲအကြောင်းမဟုတ်ဘဲ ရှမ်းနီလူမျိုးတွေရဲ့ သင်္ကြန်မှာ ဘုရားရေသွန်းတဲ့ကိစ္စပါ။
မြန်မာအယူအဆမှာသင်္ကြန် ကျတဲ့အချိန်ကို သင်္ကြန်မင်းဆင်း တယ်လို့ပြောကြတာရှိပါတယ်။ တချို့သော သိကြားမင်းဆိုပြီး တော့တောင် မှားယွင်းစွာကောက် ယူပြောဆိုနေကြတာရှိပါတယ်။ ကျွန်တော်တို့သိခဲ့တဲ့ ရှမ်းနီလူမျိုး တွေရဲ့ သင်္ကြန်မှာဘုရားဆင်းတယ် လို့ဘုရားတက်တယ်လို့ပဲပြောကြ ပါတယ်။ကျွန်တော့်အနေနဲ့ဒီဆောင်း ပါးကို သုတေသနသမားတစ်ယောက် အနေနဲ့ရေးဖို့မရည်ရွယ်ပါဘူး။ ဒါကြောင့်လည်း ဒီဆောင်းပါးမှာ သင်္ကြန်ဘယ်ကနေဖြစ်လာတယ် ဘုရားဆင်းခြင်း တက်ခြင်းအလေ့ အထတွေ ဘယ်ကတည်းကဖြစ် တယ်ဆိုတဲ့ သုတေသနစာတမ်း ဆောင်းပါးမျိုးမဟုတ်ဘဲကိုယ့်ဆီ မှာရှိတဲ့ ရိုးရာဓလေ့ရဲ့အနှစ်သာရ ပြည့်ဝမှုကို ဖော်ပြမှတ်တမ်းတင် ချင်တာပဲဖြစ်ပါတယ်။
အဓိကပြောချင်တာက ရှမ်းနီလူမျိုးတွေရဲ့ သင်္ကြန်ကာလ မှာ ဘုရားရေသပ္ပါယ်တဲ့အခမ်း အနားနဲ့ ဒီရိုးရာဓလေ့အကြောင်း ကိုပြောချင်တာပါ။ဒီဓလေ့ဟာ အင်မတန်မှ မွန်မြတ်ပြီးဆက်လက် ထိန်းသိမ်းဖို့ သင့်တယ်ဆိုတာမီး မောင်းထိုးပြချင်တာပါ။ရှမ်းနီဒေသ က ရှေးကတည်းကရှိခဲ့တဲ့ဘုန်း တော်ကြီးကျောင်းအများစုမှာရေ သွန်းကျောင်းဆိုတာရှိပါတယ်။ ဒါဟာ သင်္ကြန်အတွက်ဆောင်ရွက် ထားတဲ့ အစီအမံတစ်ခုဆိုလည်း မမှားပါဘူး။အညာဒေသတွေမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေသွန်းကျောင်းဆိုတာ မတွေ့ဖူး သလောက်ပါပဲ။ဒါကစာရေးသူရဲ့ လေ့လာမှုအားနည်းချက်ကြောင့် လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဂြိုလ်နံဘုရားတွေမှာရာသီမရွေး ရေအမြဲသွန်းလောင်းရတဲ့ဆင်းတု လေးတွေထားတဲ့နေရာနဲ့တော့မ မှားဖို့လိုပါတယ်။
ရှမ်းနီလူမျိုးတွေဘုရား ဆင်းတယ်ဆိုတာ သင်္ကြန်ကျတဲ့ အချိန်နဲ့ကိုက်ပြီးဘုရားကျောင်း ဆောင်ပေါ်မှာရှိတဲ့ ဗုဒ္ဓဆင်းတု တော်တွေကိုအခမ်းအနားနဲ့ရေသွန်း ကျောင်းရှိရာကို ဒီကိစ္စပင့်ဆောင် ပူဇော်ထားရှိပြီး ရေသပ္ပါယ်တာပါ။ ဒါကိုပဲ ဘုရားဆင်းတယ်လို့ခေါ် တာပါ။အိန္ဒိယတိုင်းခမ်းယန်တွေ လည်း ဒီလိုအခမ်းအနားနဲ့ဘုရား ဆင်းတာကို့သကွှကဘန မှာလေ့ လာနိုင်ပါတယ်။ထပ်တူနီးပါးတူ ပါတယ်။ ဒီဒေသတွေနဲ့ ရှမ်းနီ တွေဘာကြောင့်တူညီတယ်ဆိုတာ သမိုင်းအခြေခံလေ့လာဖူးသူတွေ သဘောပေါက်မှာပါ။ဒီဆောင်းပါး မှာ သူတို့ဆီရှိခြင်းမရှိခြင်းကိုလည်း ပြောချင်တာမဟုတ်ပါဘူး။ ကိုယ့်ဒေသအကြောင်းလေးကိုပဲ ပြောလိုခြင်းဖြစ်ပါတယ်။
ဘုရားဆင်းတဲ့အခမ်းအ နားဆိုတာကို မြင်အောင်ပြောရရင် တံခွန်ကုက္ကားမုလေးပွားကိုင်ဆောင် ထားတဲ့ အမျိုးသားကြီးတွေကရှေ့ ကဦးဆောင်ပါတယ်။အဲ့ဒီနောက်မှာ ဗြောအဖွဲ့တွေက ဗြောစည်တွေတီးခတ်ပြီး မင်္ဂလာအခမ်းအနားနဲ့ပူ ဇော်ပါတယ်။တချို့နေရာတွေမှာ ပုဏ္ဏားဝတ်စုံ ဝတ်ထားသူကမင်္ဂ လာတူရိယာဖြစ်တဲ့ ခရုသင်းမှုတ် ပြီးရှေ့က လိုက်တာကိုလည်းတွေ့ ခဲ့ဖူးပါတယ်။ဒါကကိုယ်ကြုံခဲ့တဲ့ မြင်ကွင်းကိုပြောပြတာပါ။အဲ့ဒီ နောက်မှာ လူငယ်လူရွယ်တွေက ဆင်းတုတော်ကြီးတွေကိုပင့်ဆောင် ကြရပါတယ်။ဆင်းတုတော်အငယ် တွေကိုတော့ သက်ကြီးရွယ်အိုတွေ နဲ့ ရပ်မိရပ်ဖတွေကပင့်ဆောင်ကြ ရပါတယ်။အနောက်ကတော့မယ် ခိန်လို့ခေါ်တဲ့အမျိုးသမီးကြီးတွေ သူတို့နောက်မှာလူပျိုအပျို၊လူငယ် လူရွယ်အဖွဲ့တွေ ပန်းကန်တော့ ကိုင်ပြီး လိုက်ကြတာတကယ်ကျက် သရေရှိတဲ့ မြင်ကွင်းပါ။
ဒီနေရာမှာ ရှမ်းတွေဖြစ်ပြီး အိုးစည်ဗုံမောင်းနဲ့ဘာလို့မလုပ် တာလည်း ဗမာမှုကြီးဆိုပြီးအလွယ် တကူဝေဖန်လာနိုင်ပါတယ်။အိ န္ဒိယဘက် ဖာကေးရှမ်းနဲ့တိုင်းခမ်း ယန်တွေရဲ့ သင်္ကြန်ဓလေ့တွေပြန် လေ့လာကြည့်ပါ။ရှမ်းနီတွေနဲ့ အတူတူပါပဲ။နှစ်ဖက်ပိတ်ဗုံတွေ နဲ့ တီးပြီးဘုန်းကြီးကျောင်းပေါ် က ဘုရားဆင်းတုတွေကိုသယ်ဆောင် လာကြတာပါ။ပြီးရင်ရေသပ္ပါယ် ကြတာပါပဲ။ဒီနေရာမှာရှမ်းဖြစ်ရင် ဗုံရှည်တီးရမယ်ဆိုတာလည်းအစွဲ တစ်ခုလို့ပဲပြောချင်ပါတယ်။တူရိ ယာဆိုတာ မင်္ဂလာအခါမှာတီးမှုတ် ရတဲ့တူရိယာ၊ပျော်ရွှင်မြူးြ<ွကတဲ့ နေရာတီးရတာ၊ဝမ်းနည်းခြင်းအ ထိမ်းအမှတ်အနေနဲ့တီးမှုတ်နေရ တာစသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ဒီလိုရှိခြင်းဟာလည်းယဉ်ကျေးမှု မြင့်မားခြင်းရဲ့ပြယုဂ်တစ်ခုလို့ ပြောချင်ပါတယ်။ ဒါကစကားကြုံ လို့အမြင်တစ်ခုကိုပြောပြယုံသက် သက်ပါ။
အဲ့ဒီလိုအခမ်းအနားနဲ့ ဘုရားကျောင်းဆောင်ပေါ်ကနေ ပင့်ဆောင်လာတဲ့ ဘုရားဆင်းတုတွေ ကို ရေသွန်းကျောင်းမှာစံပ္ပါယ်စေ ပြီး ရေသွန်းလောင်းကြပါတယ်။ တကယ်တော့ရေသွန်းတယ်ဆို တာသက်တော်ထင်ရှားမြတ်စွာ ဘုရားကို အာရုံပြုပြီးရေသန့်စင် တာပါပဲ။အရပ်စကားနဲ့ပြောရရင် ရေချိုးပေးတာပါ။ဒါကြောင့်ဒီအ လေ့အထဟာ အင်မတန်မှမွန် မြတ်တဲ့အလေ့အထလို့ပြောတာ ပါ။ အဓိပ္ပါယ်လည်းအင်မတန်မှ ကောင်းမွန်ပါတယ်။ယုတ္တိဗေဒနဲ့ ကြည့်မယ်ဆိုရင်လည်း နွေရာသီ အပူချိန်မြင့်မားတဲ့ဒီလိုရာသီမှာဘုရားကိုယ်တော်မြတ်ကြီးကိုဥတု သပ္ပါယဖြစ်အောင်ရေသပ္ပါယ် ခြင်းအမှုကို ပြုတယ်ဆိုတာအင်မ တန်မှသင့်တင့်လျှောက်ပတ်ပါ တယ်။ ဉာဏ်နဲ့ယှဉ်တဲ့ဓလေ့စရိုက် မျိုးလို့ တင်စားချင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးမိမိ ရဲ့ ပဋိပတ္တိလက်ဦးဆရာ လှိုင်မဟာ စည်ဆရာတော်ဘုရားကြီးရဲ့သြဝါ ဒတစ်ခုကအမှတ်ရမိပါတယ်။ဘု ရားတွေမှာယတြာချေချင်တဲ့ အတွက်ဆောင်းတွင်းမနက်ချမ်း ချမ်း စီးစီးရေသက်စေ့လှူကြတာ တွေကိုကုသိုလ်မရတဲ့အပြင်အပြစ် ပါရနိုင်ပါတယ်ဆိုတဲ့သြဝါဒပါ။မြတ်ဗုဒ္ဓရဲ့လမ်းစဉ်မှာစိတ်ကအဓိက ပါ။စိတ်ကရည်ရွယ်ချက်ကောင်း တနည်းအားဖြင့် စိတ်ထားကောင်းဖို့ အဓိကပါ။အများစုလုပ်နေကြတာ ကမြတ်စွာဘုရားကို ရေသပ္ပါယ် ချင်တာထက် မိမိအခက်အခဲပြေ လည်အောင်အန္တရာယ်ကင်းအောင် ဘုရားဂုဏ်တော်ကို အာရုံမထား ပဲရေတွေလောင်းနေကြတာပါ။ အခြေအနေအချိန်အခါလည်းမ ကြည့်ကြပါဘူး။နွေရာသီလိုအရမ်း ပူအိုက်တဲ့ရာသီမှာသက်ရှိထင်ရှား မြတ်စွာဘုရားကိုအာရုံပြုပြီးဘုရား ရှင်ကိုယ်တော်မြတ်ကြီးကို ဥတုသပ္ပါယဖြစ်ဖို့ရေသွန်းလောင်း တယ်လို့အာရုံထားနိုင်ရင်ဘယ် လောက်ကုသိုလ်ကြီးမားမလဲဆို တာ ဘာသာရေးအခြေခံအသိရှိရင် နားလည်နိုင်ပါတယ်။ဒါကြောင့် ဒီသင်္ကြန်ကာလမှာမြတ်စွာဘုရား ဆင်းတုတော်တွေကို သက်တော် ထင်ရှားမြတ်စွာဘုရားကိုအာရုံပြု ပြီးရေသပ္ပါယ်ကြတဲ့ ရှမ်းနီတို့ရဲ့ ဓလေ့ဟာ အင်မတန်မွန်မြတ်တဲ့ ဓလေ့လို့ပြောရခြင်းဖြစ်ပါတယ်။
ဘုရားရေသွန်းတယ်။တ နည်းအားဖြင့်ရေသပ္ပါယ်တဲ့နေရာ မှာ သက်ရှိထင်ရှားဘုရားကိုရေ သပ္ပါယ်သလို တချို့က ဆပ်ပြာ တွေနဲ့ကျကျနနသပ္ပါယ်ကြပါတယ်။ တချို့ဆိုရေမွှေးတွေတောင်အသုံး ပြုကြပါတယ်။တကယ့်ကိုသက် ရှိထင်ရှားဘုရားရှင်ကိုရေသပ္ပါယ် သလိုပါပဲ။အင်မတန်ကုလိုလ်ကြီး မယ့်ဓလေ့ဖြစ်ပါတယ်။မပျောက် မပျက်အောင် ထိန်းသိမ်းကြရမှာပဲ ဖြစ်ပါတယ်။တချို့ကရေသွန်းပြီး တဲ့ရေတွေကို သန့်ရှင်းအောင်လုပ် ပြီး ရေတဂေါင်း၊ရေပုံးတွေနဲ့ပြန် ယူလာပြီပရိတ်ရေသဘောဆောင် ထားကြပါတယ်။
ဒီလို မြတ်ဗုဒ္ဓရဲ့ဆင်းတု တော်တွေကို ရေသွန်းကျောင်းမှာ ပူဇော်တာဟာ သင်္ကြန်အကျရက် ကနေအတက်နေ့အထိဖြစ်ပါ တယ်။ သင်္ကြန်သုံးရက်ရှိရင်သုံးရက် လုံး လေးရက်ရှိရင်လေးရက်လုံး မနက်ကနေညနေအထိကျေးရွာ အတွင်းက အပျိုလူပျိုလူကြီးသူမ တွေ အကုန်သွားရောက်ပြီးရေသပ္ပါယ် ကြတာပါ။အတက်နေ့ရောက်တဲ့ အခါသင်္ကြန်တက်ချိန်နဲ့ကိုက်ပြီး ဘုရားဆင်းတုတော်တွေကိုဘုန်း ကြီးကျောင်းပေါ်ကိုအကျနေ့ကလို ပဲပြန်လည်ပင့်ဆောင်ကြရပါတယ်။
နှစ်ဆန်းတစ်ရက်နေ့မျိုး မှာ အပျိူလူပျိုတွေစုပြီးကျေးရွာ အတွင်းရှိသက်ကြီးရွယ်အိုတွေကို အိမ်တကာလှည့်ပြီးရေးချိုးပေး ခြင်း၊ခေါင်းလျှော်ပေးခြင်း၊ခေါင်းဆေးမင်္ဂလာပြုပေးခြင်းကုသိုလ် ယူကြပါတယ်။ခြေသည်းလက် သည်းလှီးဖြတ်ပေးကြပါတယ်။ ဘာလို့နှစ်ဆန်းတစ်ရက်နေ့မှဒီလို လုပ်ကြသလဲစဉ်းစားကြည့်တော့ လူကြီးသူမအများစုဟာသင်္ကြန် ရက်အတွင်းသက်ဆိုင်ရာဘုန်း တော်ကြီးကျောင်းတွေမှာဥပုသ် သီလဆောက်တည်ကြပါတယ်။ ဒါကြောင့် ဥပုသ်သီလစောင့်ထိန်း ပြီး ဥပုသ်ထွက်လာတဲ့လူကြီးသူမ တွေကို သင်္ကြန်ကာလပျော်ပါးခဲ့ ကြတဲ့ လူငယ်တွေက ခေါင်းဆေး မင်္ဂလာပြုပေးခြင်း၊ခြေသည်းလက် သည်းလှီးဖြတ်ပေးခြင်းဖြင့်သီလ ရှိသူတွေကိုပြန်ပြီး ကုသိုလ်ယူကြ တာဟာ အင်မတန်သင့်လျော်မွန် မြတ်တဲ့ဓလေ့ပါ။
ဒီနေရာမှာ ဒေသခံအများ စုကတော့ ဒါတွေကိုသမရိုးကျ လို့မြင်ကောင်းမြင်ပါမယ်။ဒါပေ မယ့် ဒီအလေ့အထဟာဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရပိုင်းကိုအကောင်းဆုံး အထောက်အပံ့ဖြစ်စေတဲ့အလေ့ အထတစ်ခုဖြစ်ပါသည်။အသိဉာဏ် နဲ့ ယှဉ်ပြီးကိုယ်ပိုင်ဘာသာရေးအယူ အဆအခိုင်အမာရှိတယ်ဆိုတာပြ သတဲ့စရိုက်လက္ခဏာတစ်ခုဖြစ် ပါတယ်။ ဒါကြောင့်ဒီအလေ့အထ တွေကိုပေါ့ပေါ့တန်တန်သဘော မထားဘဲမပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းပြီးလျှင်ဒီ ထက်ပိုမိုခိုင်မြဲလာအောင်ရွက် ဆောင်သင့်တယ်ဆိုတာပြောကြား လိုပါတယ်။