ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုဥက္ကဌဦးတင် ငွေလေး နှင့်တွေ့ဆုံခြင်း

ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုဥက္ကဌဦးတင်ငွေလေး

မေး။ ။ပြည်ထောင်စုတိုင်းရင်းသားရေး ရာဝန်ကြီးနဲ့တွေ့ဆုံမှုတွေလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရှမ်းနီကနေတိုင်းလျှန်ဆို တာဖြစ်လာတဲ့အကြောင်းလေးပြောပြပေး ပါအုံး။
ဖြေ။ ။ ၂၀၁၆ ခုနှစ်အမျိုးသားညီလာခံ လုပ်ပြီးတဲ့နောက်ပိုင်းကျွန်တော်တို့လူမျိုး တွေအားလုံးလူထုတစ်ရပ်လုံးကနေပြီးမှ ရှမ်းနီ ဆိုပြီးမှလူမျိုးအမည်ကိုသတ်မှတ် ကြတယ်ပေါ့။ဒီလိုဆုံးဖြတ်ချက်နဲ့အတူ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နဲ့သွားတွေ့ဆုံတာပေါ့။သွားတွေ့ဆုံတဲ့နေ ရာမှာလဲရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးအကျိုးဆောင်အဖွဲ့ဥက္ကဌ၊ဒုဥက္ကဌ၊တွဲ ဖက်အတွင်းရေးမှူး ဦးခင်မောင်အေးသုံး ယောက်သွားပြီးမှတွေ့ဆုံကြတာပေါ့။တွေ့ဆုံတုန်းကျွန်တေဖော်တို့လူမျိုးအတွက် ကို ကျွန်တော်တို့တိုင်းရင်းသားအခွင့်အ ရေးရအောင်တင်ပြတာပေါ့။ကျွန်တော်တို့ အမျိုးသားညီလာခံကနေပြီးမှရှမ်းနီဆိုပြီး မှကျွန်တော်တို့ရှမ်းနီလူမျိုးဆိုတဲ့ဟာမှတ် ပုံတင်ရရှိတယ်ပေါ့၊တိုင်းရင်းသားလူမျိုး တွေမှတ်ပုံတင်ရသလိုကျွန်တော်တို့လည်း မှတ်ပုံတင်ကိုင်ချင်ပါတယ်ဆိုပြီးတင်ပြခဲ့ ပါတယ်။
တင်ပြခဲ့တော့တိုင်းရင်းသားရေးရာ ဝန်ကြီးကနေပြီးမှရှမ်းနီဆိုတာခင်ဗျားတို့လူမျိုးအပြင်မှာခေါ်ချင်လည်းခေါ် မယ်နိုင်ငံတော်မှာတရားဝင်တဲ့နာမည်မ ဟုတ်ဘူး(၁၃၅)မျိုးထဲမပါဘူး။မပါတော့ ကျွန်တော်တို့ပေးလို့မရဘူးဒါပေမယ့်ဝန် ကြီးကပြန်ပြောပါတယ်။တိုင်းရင်းသား ၁၃၅မျိုးထဲမှာပါဝင်တဲ့နာမည်ကိုပြောပြပါ ဆိုတော့ တိုင်းလျှန်ဆိုတဲ့နာမည်ကရှမ်းနီ ပါပဲ။ရှမ်းနဲ့ခေါ်ရင်တိုင်းလျှန် ဗမာနဲ့ခေါ် ရင်ရှမ်းနီအဲ့လိုခေါ်ပါတယ်လို့တင်ပြတဲ့အ ခါကျတော့သူကနေပြီးဘာပြောလဲဆို တော့ရှမ်းနီဆိုတာကျွန်တော်တို့သတ်မှတ် ပေးလို့မရဘူး။တိုင်းလျှန်ပဲမှတ်ပုံတင်ရ ချင်ရင် တိုင်းလျှန်အနေနဲ့တင်ပေးမယ်အဲ့ လိုစကားကိုရခဲ့ပါတယ်။


မေး။ ။အဲ့လိုစကားရခဲ့ပြီးတဲ့အခါမှာရော ဘာတွေဆက်လုပ်ဖြစ်တာရှိလဲခင်ဗျ။
ဖြေ။ ။ တိုင်းလျှန်အနေနဲ့ရပြီးတော့ အောက်ခြေမှာအဖွဲ့အစည်းတွေမှာပြန်ချပြ ပေးတယ်ပေါ့၊ပြန်ချပြတဲ့အခါကျတော့ကြားမှာလည်းစာပေယဉ်ကျေးမှုပွဲတွေမှာ လည်းဆွေးနွေးကြ၊ကျွန်တော်တို့ကောက် ဦးဆွမ်းကပ်လှူပွဲတွေမှာလည်းဆွေးနွေး ကြတယ်ပေါ့ဒီကိစ္စကို။ရှမ်းနဲ့အခေါ်တိုင်း လျှန်ကိုလက်ခံကြဖို့ပေါ့ဗျာ။ဒါပေမယ့် အောက်ခြေမှာအရိုးစွဲနေတာကျွန်တော်တို့ လူမျိုးတွေဟာရှမ်းနီဆိုပြီးတော့မှဗမာနဲ့ ခေါ်တဲ့အခေါ်ကိုပဲလူတွေကစွဲနေတာ။စွဲ နေရတဲ့အကြောင်းအရင်းကလည်းကျွန် တော်တို့လူမျိုးတွေဟာ ရှမ်းစကားမတတ် ကြတော့ဘူး။နောက်တစ်ခုကတိုင်းလျှန် ဆိုတဲ့အခေါ်ဟာ ရှမ်းကြီး(တိုင်းလုံ)ကနေ ပြီးမှကျွန်တော်တို့လူမျိုးကိုခေါ်တဲ့အသံ ဆိုပြီးတော့မှကျွန်တော်တို့သိကြတာပေါ့။ တိုင်းလုံကခေါ်တဲ့တိုင်းလျှန်ဆိုတဲ့စကား ကိုမပြောချင်ဘူးအဲ့ဒီအမည်ကိုအဲ့လိုမျိုး ဖြစ်နေတာ။ဒီလိုနဲ့ပဲကျွန်တော်တို့ ၂၀၁၉ ခုနှစ်မှာပြန်ပြီးတော့မှတိုင်းရင်းသားရေးရာ ဝန်ကြီးနဲ့သွားတွေ့ဆုံပါတယ်။ကျွန်တော် တို့တွေ့ဆုံရတဲ့အကြောင်းအရင်းကလည်း ကျွန်တော်တို့တိုင်းရင်းသားအခွင့်အရေး ကိုမရရှိလို့တွေ့ဆုံချင်တာပဲ။ဘာကြောင့် လဲဆိုတော့ကျွန်တော်တို့ဟုမ္မလင်းကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲကိုတိုင်းဒေသ ကြီးကနေပြီးတော့သိန်း(၁၀ဝ)ချပေးတယ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာတော့သိန်း (၅၀ဝ)အဲ့ဒီခါကျတော့ကျွန်တော်တို့ရှမ်းနီ တွေဟာတိုင်းရင်းသားအခွင့်အရေးတန်း တူညီမျှခွင့်ကိုမရဘူးဆိုတဲ့စိတ်ဓာတ်နဲ့ပြန်သွားတော့ဆုံတာပါ။သွားတွေ့တဲ့အခါ ကျွန်တော်တို့မှတ်ပုံတင်ရရှိရေးကိုပဲဆွေး နွေးကြပါတယ်။မှတ်ပုံတင်ရရှိမှကျွန် တော်တို့တိုင်းရင်းသားအခွင့်ရေးရမယ်။ မှတ်ပုံတင်မရှိတော့တိုင်းရင်းသားအခွင့်အ ရေးလည်းမရနိုင်ဘူးဆိုပြီးတော့မှသုံးသပ်ကြထားတဲ့အတွက်အဲ့လိုဆွေးနွေးခဲ့ရ တဲ့အခါမှာတိုင်းရင်းသား(၁၃၅)မျိုးထဲမှာ တိုင်းလျှန်ဆိုတာတော့ရှမ်းနာမည်ဖြစ်ပြီး တော့မှ ဗမာနာမည်ကိုထည့်ပေးပါ။ကွင်း စကွင်းပိတ်နဲ့ ရှမ်းနီဆိုပြီး။ရှမ်းနီဆိုတာ ဗမာနဲ့ခေါ်တာတိုင်းလျှန်ဆိုပြီးတော့မှတင် ပြကြတာပေါ့။ အဲ့လိုတင်ပြတဲ့အခါလိုက် တော့ပထမကတော့ဝန်ကြီးကတိုင်းလျှန် ပဲလုပ်စေချင်တာ။နောက်ပိုင်းစိုင်းနိုင်နိုင် ကျော်နဲ့ကချင်ပြည်နယ်ကဒီလိုရှိပါတယ် သူ့ဘက်ကလည်းစစ်ကိုင်းတိုင်းအခြေအ နေကိုပြန်လည်တင်ပြတဲ့အခါကျတော့ဝန် ကြီးကနေပြီးတော့ တိုင်းလျှန်ကွင်းစကွင်း ကွင်းပိတ် ရှမ်းနီဆိုရင်အောက်ခြေမှာရှိတဲ့ လူမှုတန်းစားအဖွဲ့အစည်းတွေအားလုံးသ ဘောတူညီလက်မှတ်ထိုးတက်လာခဲ့ဆိုပြီး မှာခဲ့တာပေါ့။မှာခဲ့တော့လည်းအောက်ခြေ မှာစစ်ကိုင်းတိုင်းကလည်းစစ်ကိုင်းတိုင်း၊ ကျွန်တော်တို့နယ်မြေမှာလည်းအစည်းအ ဝေးတွေလုပ်တိုင်း တိုင်းလျှန်ဆိုတာရှမ်းနဲ့ ခေါ်တယ်ရှမ်းနီဆိုတာဗမာနဲ့ခေါ်တယ်ဥပ ဒေဘောင်ထဲကကျွန်တော်တို့တိုင်းရင်း သားအခွင့်အရေးကိုရယူမယ်ဆိုတဲ့စိတ်နဲ့ ဒါတွေကိုဆွေးနွေးခဲ့ပါတယ်။

မေး။ ။၂၀၁၆ကတည်းကဒီကိစ္စကိုဆောင် ရွက်လာတဲ့အခါကျတော့အခုအချိန်ထိ ကောဘာတွေတိုးတက်လာတာရှိလဲခင်ဗျ။
ဖြေ။ ။ တိုးတက်မှုကတော့ရှိပါတယ်။ ကျွန်တော်တို့လူမျိုးအကျိုးကိုဆောင်ရွက် ဖို့ဆိုပြီးတော့မှကျွန်တော်တို့ပူးပေါင်း ကော်မတီဖွဲ့စည်းလိုက်တယ်။အဲ့ဒီပူးပေါင်းကော်မတီမှာပါဝင်သင့်ပါဝင်ထိုက်တဲ့ ပါတီနှစ်ခု၊လူမှုအဖွဲ့အစည်းတွေ၊အမျိုးသ မီးအဖွဲ့တွေအားလုံးပူးပေါင်းကော်မတီကို ဖွဲ့စည်းလိုက်တာပေါ့။ဖွဲ့စည်းပြီးတော့ဒီ ကိစ္စကိုပဲဆွေးနွေးကြပါတယ်။အဓိကတော့ကျွန်တော်တို့လူမျိုးပေါ်ပေါက်ရေး ပေါ့လေ။တော်တော်များများကတော့တိုင်း လျှန်(ရှမ်းနီ)ကိုတော့လက်ခံလာကြတယ် ။ဥပဒေဘောင်အတွင်းကသွားမယ်မသွား ရင်မရတော့ဘူးဆိုပြီးတော့လူကြီးပိုင်း တွေလည်းသိလာကြတာပေါ့။လူကြီးပိုင်း ကနေမြို့နယ်တွေအားလုံးကိုခေါ်ပြီးတော့ မှမြို့နယ်စုံညီညှိနှိုင်းဆောင်ရွက်ပါမြို့ နယ်တွေကိုဖိတ်ပြီးတော့သဘောတူညီ ချက်ကိုရယူခဲ့တာပေါ့။ဒါပြီးတော့ကဲအ မျိုးသားညီလာခံလုပ်ပါဆိုပြီးတော့ပြန်ပြီး တော့အမျိုးသားညီလာခံကိုကျွန်တော်တို့ မဆောင်ရွက်ရသေးဘူး။မကြာခင်မှာကျွန် တော်တို့ဆောင်ရွယ်မယ်လို့ကျွန်တော်တို့ဆုံးဖြတ်ထားကြတာပေါ့လေ။အဲ့ဒီအ ဆင့်ပဲရောင်းသေးတယ်လောလောဆယ်။ ဟိုဝန်ကြီးဆီပြန်မရောက်သေးဘူး။လည် နေတုန်းပဲ။ဒါပေမယ့်အမျိုးသားညီလာခံ လုပ်ပြီးရင်တော့ဆုံးဖြတ်ချက်ရတာနဲ့အဖွဲ့ ပေါင်းစုံက ချီတက်ဖို့တော့ရှိပါတယ်။

မေး။ ။ဝန်ကြီးဆီရောက်သွားရင်ကော မှတ်ပုံတင်ရဖို့က ရာခိုင်နှုန်းသေချာလား ခင်ဗျ။
ဖြေ။ ။ရာခိုင်နှုန်းကတော့သူများတိုင်း ရင်းသားတွေအားလုံးကလည်းကြိုးစားနေ တယ်။ထားဝယ်တောင်မှာ ထားဝယ်ဗုဒ္ဓ လို့ရသွားပြီ။သူကဗမာထဲမှာပါတဲ့လူမျိုး ပေါ့။ကျွန်တော်တို့ရှမ်း(၃၃)မျိုးထဲမှာကျွန် တော်တို့လည်းရမယ်လို့အလားအလာ ကောင်းတယ်လို့ယူဆပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်နှင့် ရှမ်းနီအမျိုးသားအကျိုးဆောင်အဖွဲ့တွေ့ဆုံစဉ်

မေး။ ။ ရှမ်းပြည်မှာ တိုင်းလုံတို့၊ဂုံရှမ်း စတာတွေကို ရှမ်းဆိုပြီးတော့ပဲဖော်ပြတာ ရှိတယ်။အခုတကယ်လို့တိုင်းလျှန်လို့လုပ် လိုက်မယ်ဆိုရင် မှတ်ပုံတင်မှာထည့်ပေး မယ်လို့ယုံကြည်လားဗျ။
ဖြေ။ ။ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် တော့ကွာဟပါတယ်။ဒီမြောက်ပိုင်းမှာတချိန်တုန်းကရှမ်းတွေကြီးစိုးခဲ့တယ်ဆို တာသမိုင်းအထောက်အထားတွေအများ ကြီးရှိပါတယ်။ကြီးစိုးခဲ့တဲ့လူမျိုးတွေက လည်းတိုင်းလျှန်(ရှမ်းနီ)လူမျိုးတွေဖြစ် တယ်ဆိုတာလည်းအားလုံးကလက်ခံထား ကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ လူ မျိုးကေိုတာ့နိုင်ငံတော်ကနေပြီးမှတိုင်း လျှန်(ရှမ်းနီ)၊ရှမ်းနီ(တိုင်းလျှန်)ဆိုတဲ့နာ မည်ကိုမှတ်ပုံတင်လုပ်ပေးမယ်လို့ယူဆပါ တယ်။

မေး။ ။ အဲ့လိုတွေရလာနိုင်တယ်လို့ဆို တယ်ပေါ့လေ။ဘယ်လိုအခက်အခဲတွေရှိ နေတာလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ရှမ်းနီအချင်းချင်းအ မည်၊ဒေသစွဲ ပုဂ္ဂိုလ်စွဲအတ္တစွဲတွေကြောင့် မညီမမျှမှုတွေဖြစ်နေတာပေါ့။မြစ်ကြီးနား ကလည်းတိုင်းလိုင်လို့ခေါ်တယ်၊မိုး ကောင်းမှာကျတော့လည်း တိုင်းလျှန်လို့ ခေါ်တယ်ဟုမ္မလင်းနဲ့မိုးညှင်းဘက်ခြမ်း ကတော့တိုင်းနိုင်းလို့ခေါ်ကြတယ်။ပင်လည်ဘူးကျတော့ တိုင်းဒိုင်းလို့ခေါ်ကြ တယ်။အဲ့ဒီအခေါ်အဝေါ်တွေကြောင့်စိတ် ဝမ်းကွဲပြီးတော့မှခုလိုညှိနှိုင်းဆောင်ရွက်ရ တာနည်းနည်းကြာနေတဲ့သဘောမျိုးဖြစ် တာပေါ့။မကြာမတင်မာလုပ်မယ့်အမျိုး သားညီလာခံမှာအားလုံးပေါင်းဆုံကြမှာ ပါ။မြို့နယ်အားလုံးကကိုယ်စားလှယ် တွေလည်းတက်ရောက်ကြလိမ့်မယ် လို့ ထင်ပါတယ်။ဒီအမျိုးသားညီလာခံရဲ့ဆုံး ဖြတ်ချက်ကိုယူပြီးတော့မှပဲနိုင်ငံတော်အ ဆင့်ကိုတက်ညီနဲ့အမျိုးသားကောင်းစား ရေးအတွက်ကို ဆောင်ရွက်ကြမှာဖြစ်ပါ တယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါအုံးခင်ဗျ။
ဖြေ။ ။ အဓိကတော့ကျွန်တော်တို့လူမျိုး မှတ်ပုံတင်ရရှိရေးကအဓိကဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့နိုင်ငံတော်ကတိုင်း ရင်းသားတွေကိုအခွင့်အရေးပေးလာခဲ့လို့ ရင်ကျွန်တော်တို့လူမျိုးအခွင့်အရေးမရမှာ ကျွန်တော်တို့စိုးရိမ်နေရပါတယ်။ဒါကြောင့် မှတ်ပုံတင်ရရှိရေးကိုအစောတလင်ကြိုး စားနေရခြင်းဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ .. ။

လှိုင်ထက်ကို ၊ အိုက်ပု တွေ့ဆုံမေးမြန်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *