ဟုမ္မလင်းမြို့နယ် အထွေထွေပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာဝင်းနိုင်ထွန်းနှင့် မေးမြန်းခြင်း

မေး- Covid-19ရောဂါဖြစ်ပွားမှု နဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ်ရဲ့ နောက်လက်ရှိအခြေနေလေး ပြောပြပေးပါဦး။

ဖြေ- ဒီကနေ့ တရုတ်နိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသားတစ်ယောက် ကို ခုနလေးတင်ပဲ (ကွာလဒင်း) စောင့်ကြည့်သွားမှာပေါ့ ။ မနေ့ည (၈)နာရီလောက်မှာက အိန္ဒိယက ပြန်လာတဲ့ ဟုမ္မလင်းသားပေါ့ အဲ့ဒါတစ်ယောက်ရယ် နှစ်ယောက်တိုးတယ်။ အခုဆိုရင် တရုတ်နိုင်ငံကလာတဲ့ဟာက နောင်ပူအောင်မှာ တစ်ယောက် နောင်ပူအောင်မှာရှိတဲ့ facility quarantine (အသွားအလာကန့်သတ်ခြင်း )အစီအစဉ် မှာထားတာပေါ့။ သုံးယောက်တိုးပေါ့ စုစုပေါင်း (၉)ယောက်ဖြစ်သွားပြီ။

မေး- ပထမရှိနေတဲ့ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲဆရာ ။ 

ဖြေ- ပထမရှိတဲ့ လူနာတွေ အကုန်လုံးက အခြေအနေကောင်းပါတယ်။ အခုယောက်လာတဲ့ လူနာတွေလည်းပဲ အကုန်လုံး အခြေအနေ ကောင်းတယ်။ ဘာမှမဖြစ်ဘူး စောင့်ကြည့်နေဆဲ့ပဲ။ ပထမ( ၆)ယောက်ကလည်း ဘာမှ ထူးထူးခြားခြားမရှိဘူး။

မေး- လူနာတွေကို ဓာတ်ခွဲ စစ်ဆေးမှု ပြုလုပ်တာတွေရော ရှိလားဆရာ။

ဖြေ- အခုကတော့ စောင့်ကြည့်နေတုန်း အဆင့်ပေါ့နော်၊  စောင့်ကြည့်နေတုန်းမှာ ဖျားလာတယ် ဖြစ်တယ်ဆိုလို့ရှိရင်  သံသယလူနာဖြစ်သွားပြီလေ။ အဲ့ဒီအခါကျတော့ သူတို့တွေ လူနာစာရင်းတော့ မဟုတ်သေးဘူးပေါ့ ။ (၁၄)ရက်စောင့်ကြည့်ပြီးတော့မှ ဖျားလာတယ်၊ ကိုယ်ပူလာတယ်၊ ချောင်းဆိုးတယ်၊ ရင်ကြပ်လာတယ်ဆိုရင်တော့ အဲ့ဒီအခါကျရင် ဓါတ်ခွဲစစ်ရပြီ။ ပြီးကျရင် သံသယလူနာအဖြစ် သတ်မှတ်ပြီး စောင့်ကြည့်ဆောင်ကနေပြီး ဆေးရုံကိုရွေ့ပါတယ်။ အမျိုးသား ဓါတ်ခွဲဌာနက အဖြေပြန်လာလို့ တွေ့တယ်ဆိုလို့ ရင်တော့ အတည်ပြုလူနာဖြစ်သွားတာပေါ့။ 

ကျွန်တော်တို့ ဟုမ္မလင်းမှာ စောင့်ကြည့်လူနာလို့ပြောလိုက်ရင် ဒီလူနာကြီးက ရောဂါဖြစ်နေလို့ စောင့်ကြည့်နေရတဲ့ သဘောတဲ့ အခါကျတော့ လန့်နေကြတာ။ ဒါကြောင့်မို့ ” covid-19 စောင့်ကြည့်ခြင်း ခံရသူ” ပြည်သူလူထုက အဲ့လိုလေး ဟောပြောပွဲမှာ ထည့်ပြောလိုက်တော့ ကြောက်အားတွေလျော့ပြီး နားလည်လာကြပါပြီ။

မေး- covid-19ရောဂါ ကာကွယ်ရေးအနေနဲ့ ဘယ်လိုကာကွယ်မှုတွေ တိုးမြင့်ဆောင်ရွက်နေလဲဆရာ။

ဖြေ- အခုလည်း သောင်သွပ်တို့ ရွှေပြည်အေးတို့ စစ်ကိုင်းတိုင်း ရှမ်းဝန်ကြီးနဲ့အတူ နယ်ဆင်းပြီးတော့ အဝင်အထွက်တွေ သေချာစစ်ဆေးဖို့ အသေချာစောင့်ကြပ်ဖို့ ၊ ဆေးရုံတွေမှာ ဘာတွေလိုလဲ ဘာတွေဖြည့်ဆည်းပေးရမလဲ၊ အလှူရှင်တွေနဲ့ ပစ္စည်းတွေဖြည့်ဆည်းပေး၊ အဖွဲ့အစည်းတွေဖွဲ့ပြီးတော့ တဖြည်းဖြည်းတိုးလာတဲ့အတွက် အဝင်အထွက်တွေကို သေချာစစ်ဆေးကြဖို့၊  (quarantine )နေရာတွေ သတ်မှတ်ထားဖို့ အဲ့ဒါလေးတွေဆင်းပြီးတော့ လက်တွေ့ လုပ်ခိုင်းနေပါပြီ။

မေး- တချို့ ဒေသကျေးရွာတွေမှာ အခြေခံအားဖြင့် ဘယ်လိုကာကွယ်ရမယ်ဆိုတာ အများအားဖြင့် နားမလည်ကြဘူး။ ဒီအပေါ်မှာ ဘယ်လိုဆောင်ရွက်ထားလဲဆိုတာ ပြောပေးပါဦးဆရာ။ 

ဖြေ- အခုနောက်ပိုင်းက အရင်ကနဲ့မတူတော့ဘူး ကြောက်တတ်လာကြတာပေါ့။ ကြောက်တတ်လာတယ်ဆိုတော့ ဟုမ္မလင်းကလည်း ကျွန်တော်တို့ သေသေချာချာ စီစစ်နေတယ်ဆိုတော့ သူတို့လည်း ဝင်လာမှာကိုကြောက်နေကြတယ်။ တခုခု ဝင်လာတယ်ဆိုရင် အကြောင်းကြားတာတွေ လုပ်တတ်လာကြတယ်။ အရင်တုန်းက လက်ဆေးရမယ်ဆိုတဲ့ ပညာပေးပေမဲ့လို့  မဖြစ်သေးတော့ မကြောက်တဲ့သဘောလေးနဲ့ သိပ်ပြီးတော့ လိုက်နာမှုမရှိဘူး။ ခုနောက်ပိုင်းမှာ အိမ်ရှေ့တွေမှာ လက်ဆေးပြီးမှ ဝင်လာရန်တို့ ဆိုင်တွေမှာလဲ ကွမ်းယာဆိုင်တွေမှာ လက်ဆေးပြီးတော့မှာယူရန်တို့ တွေ masks ( ပါးစပ်အုပ်)  တွေတော်တော်များများ တတ်လာကြတယ်။ ကာကွယ်တဲ့ဟာတွေကတော့ လိုက်နာမှုတွေ မြင့်မားလာတာကိုတွေ့ရတယ်။

မေး- ဟုမ္မလင်းမှာ ကာကွယ်ကုသဖို့အတွက် ဘယ်လိုဆေးဝါးတွေကို ပြင်ဆင်ထားတာရှိသလဲ။ ငှက်ဖျားပျောက်ဆေးတွေနဲ့ ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ အပေါ်မှာရော ဆရာအမြင်လေး ပြောပြပေးပါဦး။

ဖြေ- ငှက်ဖျားဆေးနဲ့ ကုလို့ရတယ်ဆိုတာက online မီတီယာတွေပေါ်မှပြန့်ပြီးတော့ ကုတဲ့ဆေးဖြစ်လာနိုင်ဆိုပြီးတော့ လူတွေက အပြောများလာတာဖြစ်ပါတယ်။ အမှန်တယ် အသိအမှတ်ပြုပြီးတော့မှ ဒီဆေးကိုသုံးရမယ်ဆိုတဲ့ ဟာမျိုးမဟုတ်ပါဘူး။ ကုသဖို့ တကယ်ဖြစ်လာလို့ရှိရင်  ကုသဖို့ဆောင်ရမှာကတော့ ရိုးရိုးဖျားနာပျောက်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေတို့ အားဆေးတို့ပေါ့ ဓာတ်ဆားရေတို့ အဲ့လိုဟာတွေဆောင်ရမှာပါ။ covidကို ပျောက်အောင်ကုနိုင်တဲ့ဆေး မရှိသေးတဲ့အတွက် ငှက်ဖျားပျောက်ဆေးကိုတော့ လူအများပြောတာပဲရှိပါတယ် အသုံးချဖို့ သတ်မှတ်ထားတာ ညွန်ကြားထားတာမရှိသေးတဲ့အတွက် လက်တွေ့လည်း အသုံးပြုခွင့် မရှိပါဘူး။ ရိုးရိုးဖျားနာပျောက်ဆေးနဲ့ စောင့်ကြည့်ကုသ လိုအပ်တဲ့ အသက်ရှုစက်တို့နဲ့ လုပ်ရမှာပဲ။ 

မေး- covid-19 ရောဂါကာကွယ် ကုသနိုင်ဖို့ ကာကွယ်ပစ္ဓည်းတွေရော ဘယ်လောက်ရှိနေပြီလဲဆရာ။

ဖြေ- အလှူရှင်တွေ ပေါ်လာတဲ့အခါကျတော့ တော်တော်လေး ရလာပါပြီ။ ဘာပဲဖြစ်ဖြစ် အရင်ကထက်သာရင်  အသင့်ပြင်နိုင်တဲ့ ကနဦး ကုသမှုတွေပေးလို့ရနိုင်တဲ့ အနေထားရှိပါပြီ။ ဒါပေမဲ့ အသက်ရှူစက်တို့ကျတော့ အလှူတော့ခံနေပါတယ် တန်ဖိုးအသင့်သင့် ဝယ်နိုင်အောင် ဟုမ္မလင်းမြို့နယ် covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီကနေပြီးတော့ အလှူခံပြီး ဝယ်နိုင်အောင်ကြိုးစားနေပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

အိုက်ပု ဆက်သွယ်မေးမြန်းသည်။

Leave a Reply

Your email address will not be published. Required fields are marked *