မေး။ ။ဒီနှစ်အင်းတော်ကြီးဒေသအော်ဂဲနစ်တောင်သူတွေစိုက်ပျိုးရတဲ့အခြေအနေဘယ်လိုရှိလဲခင်ဗျာ့။စိုက်တဲ့ဦးရေတိုးလာလား။
ဖြေ။ ။ စိုက်တဲ့ဦးရေကတော့ ဒီနှစ်က တော်တော်လေးတိုးတယ်ဗျ။ ကျွန်တော်တို့ နှစ်စဉ်ဆိုလို့ရင် ၂၀၁၉ ကတည်းက စလုပ်တာလေ။ နှစ်တိုင်းလည်းအောင်မြင်ပါတယ်။ အောင်မြင်တဲ့ထဲမှာပိုလို့အောင်မြင်မှာပေါ့ ။ ဦးရေလည်းတိုးတယ်။ ဝါဒနာလည်းပါလာကြတယ်။ ခွန်အားလည်းစိုက်လာကြတယ်။
မေး။ ။တိုးလာတယ်ဆိုတော့အင်ဖာအနေနဲ့စာရင်းပြုစုထားတာရှိလားခင်ဗျာ့။
ဖြေ။ ။ ရှိပါတယ်။ လူဦးရေကတော့ တစ်ရွာမှာဆိုရင်နှစ်ဖွဲ့လောက်တိုးတယ်။ တစ်ဖွဲ့တစ်ဖွဲ့ဆိုရင် ငါးယောက်ခြောက်ယောက်ပေါ့နော်။ အဖွဲ့နဲ့ အသင်းနဲ့လုပ်ကြရတာကိုး။ တစ်ချို့ရွာဆိုရင် ဦးပေါင်းနှစ်ဆယ်လောက်တောင်တိုးတယ်။ စိတ်ဝင်စားမှု များပြားလာတာပေါ့နော်။
မေး။ ။ဒီနှစ်မှာမှခါတိုင်းနှစ်ထက်ဒီအော်ဂဲနစ်စိုက်ပျိုးမှုကိုစိတ်ဝင်စားမှုတိုးလာတယ်လို့ဆိုလို့ရမလား။
ဖြေ။ ။ အဲ့လိုလည်းရပါတယ်။ ဓာတ်မြေဩဇာတွေက အဆမတန်စျေးတက်။ စျေးကကြီးလာတော့ မသုံးစွဲနိုင်ကြဘူးလေ။ မသုံးစွဲနိုင်တဲ့အခါကျတော့ ဒီဟာအတွက်လည်းဖြစ်နိုင်ကောင်းဖြစ်နိုင်တယ်။ တချို့ကလည်း ကျန်းမာရေးကိုစိတ်ဝင်စားလို့ ထဲထဲဝင်ဝင် ရှေ့ရှူးပြီးတော့မှ လုပ်ကြကိုင်ကြတဲ့ဟာတွေ တောင်သူတွေက တော်တော်များပါတယ်။
ဓာတ်မြေဩဇာတွေက အဆမတန်စျေးတက်။ စျေးကကြီးလာတော့ မသုံးစွဲနိုင်ကြဘူးလေ။ မသုံးစွဲနိုင်တဲ့အခါကျတော့ ဒီဟာအတွက်လည်းဖြစ်နိုင်ကောင်းဖြစ်နိုင်တယ်။
မေး။ ။ INFA အနေနဲ့ကောအင်းတော်ကြီးဒေသကထွက်တဲ့အော်ဂဲနစ်ဆန်တွေကိုဦးစီးဦးဆောင်လုပ်ပေးတာရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့ သင်တန်းတွေပို့ချပေးတာအခမဲ့ပေါ့။ သူတို့ ကွာလီဖီးကေးရှင်းထွက်ဖို့ ကျွန်တော်တို့ အင်ဖာကအားလုံးလုပ်ပေးတာ။ စျေးကွက်ကိုဖြန့်ဖြူးပေးတယ်။
မေး။ ။အင်းတော်ကြီးကထွက်တဲ့အော်ဂဲနစ်ဆန်စပါးရဲ့အခြေအနေကစျေးကွက်မှာဘယ်လိုရှိနေသလဲ။တခြားတမရိုးကျစိုက်ပျိုးတဲ့ဆန်စပါးတွေနဲ့နှိုင်းမယ်ဆိုရင်ဘယ်လိုအခြေအနေလဲခင်ဗျာ့။
ဖြေ။ ။ အဲ့ဒီရဲ့အခြေအနေက ကျွန်တော်တို့ ဘယ်လိုပြောမလဲဆိုရင် ကျွန်တော်တို့ လောလောဆယ် တောင်သူအင်အားက နည်းနည်း နည်းပါးတဲ့အခါကျတော့ပေါ့လေ အစောပိုင်းနှစ်တွေထက်ဆာရင်ဒီနှစ်က ပိုတိုးခဲ့ပါတယ်။မြေဧကက ကိုယ်ခန့်မှန်းသလောက်မရသေးတာ ။ အဲ့လိုခန့်မန်းမရသေးတော့ သီးနှံထွက်နှုန်းကလည်း ဖြန့်ဖြူးဖို့ရာ နည်းပါးသေးတာပေါ့နော်။ ကျွန်တော်တို့အတိုင်းအတာအနေနဲ့တော့ တောင်သူဦးရေ ၂၅၀ ၊ ၃၀၀လောက်တော့ရှိသွားပြီ။ ကျွန်တော်တို့ တတ်နိုင်သလောက်ပေါ့၊အကုန်လုံးလုပ်ရမယ်မဆိုလိုပါဘူး ။ ကိုယ်တတ်နိုင်သလောက် တစ်ဧကပဲဖြစ်ဖြစ် ၊ နှစ်ဧကဖြစ်ဖြစ်ပေါ့နော် ၊နောက်မှစာရင်းတွေအကုန်စုလိုက်တာပေါ့နော် ၊ဒီနှစ်တော်တော်လေးတက်လာတော့ လာမယ့်နှစ်ထုတ်ကုန်က များမှာဗျ။ ဒီနှစ်တောင်ကျွန်တော်တို့ စပါးသုံးထောင်လောက် ထုတ်လိုက်ရတယ်။
မေး။ ။ အင်ဖာအဖွဲ့အပါအဝင် အော်ဂဲနစ်စိုက်ပျိုးတောင်သူတွေရင်ဆိုင်ရတဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ရင်ဆိုင်ရတဲ့အခက်အခဲကျတော့ ရာသီဥတုကို အကြောင်းပြုရမှာပေါ့ ဘယ်လိုကြောင့်လဲဆိုတော့ ရာသီဥတုက မိုးကောင်းရင်တော့ ကျွန်တော်တို့ဒေသဆည်ရေသွင်းမဟုတ်တော့ မိုးကောင်းရင်တော့ အားလုံးအခြေအနေကောင်းတယ်။ မနှစ်က မိုးခေါင်လို့ ပေါင်းမြက်ထလို့ တချို့ကလည်း ပေါင်းမြက်ပေါင်းသတ်ဆေးတွေဖျန်းလိုက်ရလို့ အဲ့တာကို ကျွန်တော်တို့တွေအကုန်လုံး စာရင်းနဲ့ တစ်လတစ်ကြိမ် စစ်ဆေးမှုတွေပြုလုပ်ရတာလေ။ အဲ့လိုစစ်ဆေးမှုတွေလုပ်ပြီးမှလက်သင့်ခံရတာဆိုတော့ ။ မနှစ်က ပေါင်းသတ်ဆေးဖြန်းကြတော့ အဖျက်စာရင်းထဲပါလိုက်ရတာပေါ့လေ။ မိုးလေဝသကောင်းရင်တော့ အားလုံးအဆင်ပြေပါတယ်။
မေး။ ။အော်ဂဲနစ်စပါးထွက်နှုန်းတွေကရောအင်းတော်ကြီးဒေသမှာဘယ်လိုရှိလဲ။
ဖြေ။ ။ စပါးအထွက်နှုန်းကတော့ တချို့ကလည်း အခုမှ စလုပ်တော့ နိုင်နိုင်နင်းနင်းမလုပ်နိုင်တဲ့အခါကျေတာ့ အထွက်လျော့တာပေါ့။ မူကြမ်းအားဖြင့် ၈၀ ထွက်မယ့်ဟာ ၆၅ ၊ ၇၀ ပဲထွက်တော့တာပေါ့။ ဆန်ကတော့ ဓာတ်မြေဩဇာကျဲတဲ့ဟာနဲ့မကျဲတဲ့ဟာနဲ့ အခုသဘာဝ ကိုယ့်နည်းကိုယ်စပ်ပြီးတော့ အော်ဂဲနစ်လုပ်တဲ့ ဆေးနဲ့ တော်တော်လေးကွာဟပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ လက်တွေ့စားသုံးနေတာ။ ဘာလို့လဲ ဆိုရင် ချင်းသုံးဆိုရင် ကျွန်တော်တို့ဒီဒေသမှာ အစီးလို့ပြောတာကို တချို့ဓာတ်မြေဩဇာကျဲတဲ့ဟာတွေက မစီးတော့ဘူးဆရာ ကျွန်တော်တို့ဟာက ပုံမှန်စီးနေတာပဲ ။ အဲ့လိုကွာဟတာပေါ့ ၊ ဆန်အရည်အသွေးပေါ်မူတည်တာပေါ့နော်။ အရသာချင်းလည်းမတူဘူး။
အခုလိုပြောပြပေးလို့ကျေးဇူးတင်ပါတယ်