ကာမိုင်းမြို့မှထွက်ခွာသည့်စစ်ကြောင်းဖားကန့်မြို့နယ်လုံးခင်းကျေးရွာကိုရောက်

မေ ၂၇ ၊ ဖားကန့် 

ကာမိုင်းမြို့ကနေ ဧပြီလမှ စတင်ပြီး အင်အားရာနှင့်ချီပါဝင်တဲ့ စစ်ကောင်စီနဲ့ ပြည်သူစစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ မေလ ၂၇ ရက်နေ့မှာပဲ လုံးခင်းကျေးရွာကို ဝင်ရောက်ခဲ့ပြီဖြစ်တယ်လို့ လုံးခင်းဒေသခံတွေဆီကနေသိရပါတယ်။ 

“ ဒီနေ့ ခုနတင်လေး စစ်ကြောင်းကဝင်ရောက်လာတယ်။ လုံးခင်းရဲစခန်းနားမှာ မိနစ်နှစ်ဆယ်လောက်တော့ တိုက်ပွဲဖြစ်ပွားသေးတယ်။ နောက်တော့လည်း စစ်ကြောင်းက လုံးခင်းထဲဝင်ခဲ့တာလို့”​ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

စစ်ကောင်စီ စစ်ကြောင်းဟာ ဖားကန့်မြို့ကို စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာ ၊ ကပ်ဇွပ်မှော် ၊  ဆိိုင်းဖရာ ၊ တံတားညီနောင်၊ ပျားအုံ  ၊ နမ့်တိန်းကျေးရွာတွေမှာ တစ်လကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီဟာလည်း ဧပြီလတတိယအပတ်ကစလို့ မိုးကောင်းမြို့နယ်၊​မိုးညှင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်တွေဘက် ထွက်ပြေးတိမ်းရှောင်မှုတွေရှိခဲ့ပါတယ်။ 

လက်ရှိ ဖားကန့်မြို့နယ်ထဲကို စစ်ကောင်စီ ဝင်ရောက်ချိန်မှာလည်း စစ်ဘေးရှောင်ထားကြဖို့ KIA ဘက်က သတိပေးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ကာမိုင်းမြို့ကစလို့ ဖားကန့်မြို့အထိ လမ်းပိုင်းရှိ ကျေးရွာတွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို  KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဧပြီလနှင့် မေလအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တယားတွေလည်ပတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *