စစ်ကိုင်းတိုင်းအတွင်း ပညာတတ်မှုအားနည်းခြင်းကြောင့် ဆူပူသောင်းကျန်းမှုပေါဟုဆို 

ဟုမ္မလင်းရောက် စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်/ Credit

ဖေဖော်ဝါရီ ၁၆ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တချို့နေရာတွေမှာ ဆူပူသောင်းကျန်းမှုပေါများနေခြင်းဟာ ပညာတတ်မြောက်မှု အားနည်းတာတွေနဲ့ ဆက်စပ်နေတယ်လို့ ဟုမ္မလင်းမြို့ကိုရောက်ခဲ့တဲ့ စစ်ကောင်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၁၅ )ရက်နေ့မှာ ဟုမ္မလင်းမြို့နယ် မြို့တော်ခန်းမမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာပြောဆိုခဲ့တာပါ။ 

ဒီလိုအားနည်းမှုတွေကြောင့်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းတွေနဲ့ဖြေရှင်းမယ့်အစား လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ဆောင်ရွက်နေသလို နိုင်ငံရေးအကြောင်းပြ သယံဇာတ တရားမဝင် ထုတ်ယူနေတာတွေလည်းရှိတယ်လို့ ထည့်သွင်းပြောပါတယ်။

“ ဒေသတည်ငြိမ်ရေးကို ပျက်စီးအောင် လုပ်ဆောင်နေတဲ့အကြမ်းဖက်အဖွဲ့ မရရှိစေရေး အားလုံးဝိုင်းဝန်းဆန့်ကျင်သွားကြဖို့လိုအပ်တယ်” လို့လည်း သူက ထည့်သွင်းပြောဆိုထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကို ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့ ရဲ့တာဝန်ဖြစ်ပေမယ့်လည်း လိုအပ်ချက်အရ စစ်တပ်က ပါဝင်နေရတာဖြစ်ပြီးတော့ ရဲတပ်ဖွဲ့တွေကို စွမ်းဆောင်ရည်များမြင့်တင်ပေးနေသလို စစ်တပ်ကို လည်းစွမ်းရည်ပြည့်ဝတဲ့ တပ်ဖြစ်အောင်ဆောင်ရွက်မယ်လို့ သူကပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့ကို  NUG နဲ့ KIA+PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။ 

တွေ့ဆုံပွဲမှာတော့ ဟုမ္မလင်းမြို့ခံတွေကတော့ ဒေသတွင်း သွားလာမှုအားလုံးနီးပါး ပိတ်ဆို့ခံထားရပြီး လေကြောင်းလိုင်းကိုသာ အဓိကထားအသုံးပြုနေမှုကို ဒေသခံတွေက တင်ပြကြတယ်လို့သိရပါတယ်။  

ဟုမ္မလင်းမြို့နယ်အတွင်းမှာရှိနေတဲ့ စီမံကိန်းတွေကို လာမယ့်နှစ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်ပေးသွားမယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *