ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့  ဒေါက်တာ တူးဂျာ  အပါအဝင် လေးဦးကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်း 

မတ် ၃၀ ၊ နေပြည်တော် 

ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဌ ဟောင်း ဒေါက်တာတူးဂျာ အပါအဝင် အမည်စာရင်းလေးခုကို ဒုသမ္မတလောင်းတွေအဖြစ် အမည်စာရင်းတင်သွင်းကြပါတယ်။ 

ပြည်သူ့လွတ်တော်ကနေ ဒုသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဒေါက်တာကျော်ဆွေတို့ကို တင်သွင်းခဲ့ကြတာပါ။ 

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဒေါက်တာကျော်ဆွေဟာ တောင်တွင်းကြီးမဲဆန္ဒနယ်မှာဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အမျိုးသားလွှတ်တော်ကနေလည်း ကြံ့ခိုင်ရေးပါတီ အမျိုးသမီးဥက္ကဌ  ဒေါ်နန်းနီနီအေးနဲ့  ဒေါက်တာမနမ်တူးဂျာ တို့နှစ်ဦးကို ဒုတိတသမ္မတလောင်းအဖြစ် တင်သွင်းလာပါတယ်။

လွှတ်တော်(၂)ခုကနေ ဒုသမ္မတ(၂)ဦးစီ  တင်သွင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

နောက်ထပ်  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကနေလည်း ဒုသမ္မတတစ်ဦး တင်သွင်းလာမှာဖြစ်ပြီး ဒီဒုသမ္မတတွေကနေ သမ္မတနဲ့ ဒုသမ္မတ(၂)ဦး တို့ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

မနက်ဖြန်မတ်လ(၃၁)ရက်မှာ သမ္မတတွေကို သတ်မှတ်အရည်အချင်းများနဲ့ စိစစ်ရွေးချယ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီရာထူးကနေ အနားယူလိုက်ပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ကာချုပ်ရာထူးကို လွှဲပြောင်းယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *