မိုးညှင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော်  အမည်ယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုရှိနေ 

စက်တင်ဘာ ၁၀ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်အတွင်းမှာ  ရှမ်းနီအမျိုးသားများလွတ်လပ်ရေးတပ်မတော် SNA လို့ခေါင်းစဉ်တပ်ပြီီး လက်နဲ့ရေးထားတဲ့ စာတွေဖြင့်  ငွေညှစ်ခြိမ်းခြောက်စာတွေ ပေးပို့ပြီး တောင်းခံမှုတွေရှိနေတယ်လို့ သိရပါတယ်။ 

အခုရက်ပိုင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ စာတွေထဲမှာ ရှမ်းနီအမျိုးသားလွတ်လပ်ရေး တပ်မတော် SNA တပ်ရင်း ၄ က မိုးညှင်းမြို့နယ်ထဲက လုပ်ငန်းရှင်တွေဆီကို ခြိမ်းခြောက်စာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။ 

ငွေကြေးပေးဖို့ ခြိမ်းခြောက်မှုအပြင် နေအိမ်တွေကို  တပ်စွဲရန်ခွင့်ပြုပေးဖို့နဲ့ မိသားစုတွေ ရွှေ့ပြောင်းဖို့ပြောဆိုထားတဲ့ စာတွေပါဝင်တာလည်းဖြစ်ပါတယ်။​

နန့်စီးအောင်နဲ့ မိုးညှင်းကြားမှာ SNA နာမည်နဲ့ ငွေတောင်းနေကြတာ ၅ ဖွဲ့လောက်ရှိတယ်။စာထဲက  SNA တပ်ရင်း ၄ ဆိုတာလည်း ဒီနယ်ထဲမှာ မရှိဘူး။ တပ်ရင်းလေးတွေက ဟုမ္မလင်းနယ်ထဲမှာ။ အဲ့မှာတင်ကို မှားယွင်းနေပြီ။ SNA က အဲ့လိုငွေတောင်းခံတာတွေ မလုပ်ဘူး” လို့ မိုးညှင်းမြို့ရှိ SNA နဲ့ နီးစပ်တဲ့ ရပ်မိရပ်ဖ တစ်ဦးက မှတ်ချက်ပြုပါတယ်။ 

နန့်စီးအောင် နဲ့ မိုးညှင်းကြားမှာ စစ်တပ်ရဲ့ အမြှောက်တပ် ၊ သံချပ်ကာတပ်ရင်း နဲ့ နယ်မြေရဲစခန်းတစ်ခုရှိပြီး  အဲ့ဒေသတွေမှာ အမည်မသိရတဲ့ လက်နက်ကိုင်အုပ်စုတွေဟာ ၂၀၂၂ ခုနှစ်က အမည်အမျိုးမျိုးတပ်ပြီး ငွေကြေးတောင်းခံမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ 

မိုးညှင်းခရိုင်အတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်မဟာ ၅၆၅ က လှုပ်ရှားနေတာဖြစ်ပြီး ရှမ်းနီအသံရဲ့ ရရှိထားတဲ့အချက်အလက်များအရ မိုးညှင်းမြို့နဲ့ မိုးကောင်းမြို့ကြားမှာ အဓိကလှုပ်ရှားတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *