မြစ်ကြီးနားနဲ့ ပူတာအိုမြို့တို့မှာ  ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပြန်ရ

ကချင်ပြည်နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကိုတွေ့ရစဉ်/ ShanNi Voiceက်သွ

အောက်တိုဘာ ၂၉၊ မြစ်ကြီးနား

ကချင်ပြည်နယ်မှာ  Mytel ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကို ၂၀၂၅ ခုနှစ် မေလ တစ်လဝန်းကျင်အတွင်းသာ ပြန်ဖွင့်ပြီးပိတ်သွားခဲ့ပြီးနောက် အခုရက်ပိုင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်ရရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ 

ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဟာ မြစ်ကြီးနားမြို့နဲ့ ပူတာအိုမြို့တွေမှာသာ ရရှိနေသေးတာလည်းဖြစ်ပါတယ်။ 

“အင်တာနက်က VPN တောင်ခံစရာမလိုတော့ဘူးဒီတိုင်းသုံးနေကြတာTelegram ဆိုဘာမလိုဘူး ဝယ်စရာလည်းမလိုဘူး သုံးတော့သုံးနေကြတယ်” လို့ မြစ်ကြီးနား မြို့ခံတစ်ဦးက ဆိုထားပါတယ်။ 

ပူတာအိုမြို့ပေါ်မှာတော့ ၎င်းဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ပြန်ရတာ တစ်ပတ်ကျော်ရှိလာပြီလို့ သိရပါတယ်။

ထို့ပြင် Mytel ဆင်းကဒ် တစ်ကဒ်ကို ၁၀၀၀၀ ကနေ ၁၅၀၀၀ ပေးဝယ်နေရပြီး အဝယ်လိုက်မှုတွေကြောင့် ပစ္စည်းပြတ်တာတွေ ရှိတယ်လို့ဆိုထားပါတယ်။

ပူတာအို၊ မြစ်ကြီးနား၊ဖားကန့်၊ မိုးညှင်း စတဲ့မြို့နယ်တွေမှာသာဖုန်းလိုင်းတွေနေရာကွက်ကျား ရနေပြီး တခြားနေရာဒေသအများစုမှာတော့ ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံထားရဆဲလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *