မြစ်ကြီးနားနှင့် ဖားကန့် မြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန် 

အောက်တိုဘာ ၉ ၊ မြစ်ကြီးနား 

မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့တို့ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို အထွေထွေအုပ်ချုပ်ရေးဌာနက အောက်တိုဘာ (၈)ရက်နေ့မှာ ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ 

ဒီနှစ်မြို့မှာ လုံခြုံရေးစိုးရိမ်မှုတွေရှိလာတာကြောင့် အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ပုဒ်မ ၁၄၄ အရ မြို့အတွင်း လူစုဝေးခြင်း၊ ဟောပြောခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမှုခြင်းများ ကိုတားမြစ်သလို ည ၁၀ မှ မနက် ၄ နာရီအထိ ညမထွက်ရကြောင်းလည်း ပါဝင်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုပြီး မြို့အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားလမ်း၊လမ်းသွယ်၊လမ်းကြား၊ဥယျာဉ်နှင့်အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုလုပ်ရန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအမိန့်ကို နောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း အတည်ဖြစ်စေရမယ်လို့ ထွေအုပ်က ဆိုထားပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ KIA က စစ်သားစုဆောင်းရေးအပြင်းအထန်ပြုလုပ်နေသလို စစ်တပ်နဲ့ KIA တို့ကြား ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

မြစ်ကြီးနားမြို့နယ်ရဲ့ မိုင်အနည်းငယ်အကွာက ဝိုင်းမော်မြို့နယ်အတွင်းမှာ KIA+PDF ပူးပေါင်းတပ်နဲ့ ပြည်သူ့စစ်တို့ကြား တိုက်ပွဲတွေလည်း ပိုမိုဖြစ်ပွားလာနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *