မြစ်ကြီးနားမြို့မှာ  ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီသုံးယာဉ်များ မောင်းနှင်ခွင့်ပိတ် 

မတ်လ ၂၆၊ မြစ်ကြီးနား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ  အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီသုံးယာဉ်များဖြစ်တဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်များမောင်းနှင်ခွင့်ပိတ်ပင်လိုက်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ဆိုပါတယ်။ 

လိုင်စင်ရှိရှိ မရှိရှိ အကုန်ဖမ်းတယ်လို့ကြားတယ်။  တစ်နေရာထဲမှာဖမ်းတာလည်းမဟုတ်ပါဘူး။  ပြီးတော့မနေ့က ဖမ်းပြီးပြန်လွှတ်ပေးတယ်ကြားတယ်”လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ဆိုပါတယ်

မနေ့က မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးထားတဲ့ယာဉ်များကို အောင်နန်းရပ်ကွက် အမှတ် (၁) ရဲစခန်းတွင် ပညာပေးကာလမို့ သတိပေးတာဖြစ်ပြီး လာမယ့်အပတ်ဗုဒ္ဓဟူးနေ့မှာ စတင်ဖမ်းဆီးမှာဖြစ်ကြောင်းသိရပါတယ်။

ဒါပေမယ့် EV (လျှပ်စစ်)ကားနဲ့ EV  ဆိုင်ကယ်တွေကိုတော့ ကင်းလွှတ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ  ယခင်ထဲက ပုံမှန် စက်သုံးဆီယာဉ်များဖြစ်တဲ့ မော်တော်ကားလိုင်စင်၊ ဆိုင်ကယ်ကယ် ဦးထုပ်၊ဘက်မှန်၊ ကတ်ပြားတို့ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

တစ်မြို့လုံးနီးပါးတောင် ဘက်ထရီဘီးဖြစ်နေပြီ ခုဆိုဆီစျေးက မြှောက်မြှောက်နဲ့လေ မီးကလဲပုံမှန်မလာပါဘူး ခုမြို့ထဲလမ်းတစ်လျှောက်မှာ Power Station တွေရှိနေပြီလို့တော့ကြားတယ်” လို့ ဒေသခံတစ်ဦးမှ သိရပါတယ်။

မနေ့က မတ်လ ၂၅ ရက်နေ့မှစပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အပတ်စဉ်ဗုဒ္ဓဟူးနေ့ များတွင် အစိုးရရုံးဝန်ထမ်းများကို ( Work From Home ) နေအိမ်ကနေဆောင်ရွက်ကြဖို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *