
အောက်တိုဘာ ၁၀၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့၊ အောင်မြင်သာစံပြကျေးရွာ၊ ဝါးရုံတောအပန်းဖြေစခန်းကို သီတင်းကျွတ်ကာလအတွင်း လာရောက်လည်ပတ်တဲ့ လူငယ် ဆယ်နှင့်ချီ စုဆောင်းရေးဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။
သီတင်းကျွတ်ကာလအတွင်း သွားရောက်လည်ပတ်တဲ့ လူငယ် အယောက်(၆၀) ကျော်ဟာ တစ်ရက်အတွင်း KIA ရဲ့တပ်သား စုဆောင်းရေးဆွဲခံရတယ်လို့ သွားရောက်လည်ပတ်သူတစ်ချို့ထဲမှ လွတ်မြောက်လာသူ မျက်မြင်သက်သေတစ်ဦးထံမှ သိရပါတယ်။
“ဖမ်းဆီးခံရချိန်က အောက်တိုဘာ ၉ ရက်နေ့ လူအများအပန်းဖြေချိန် ဝတ်စုံအပြည့်နဲ့ လာပြီးတစ်ခါတည်း ဖမ်းတော့တာပဲ ခွေးပြေးဝက်ပြေးပြေးခဲ့ရတာ ပါသွားတာအများကြီးပဲ” လို့ သူကဆိုပါတယ်။
အောင်မြင်သာစံပြကျေးရွာ နဲ့ မြစ်ဆုံဒေသတွေမှာ ယခင်က စစ်တပ်က စစ်ဆေးမှုတွေ တင်းကြပ်ပြီး စစ်ရေးလှုပ်ရှားမှုအဓိကပြုလုပ်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်။
မြစ်ကြီးနားမြို့နယ်မှာအတွင်းမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အဲ့ဒီအပန်းဖြေစခန်းသွားတဲ့ လမ်းတစ်လျှောက် KIAနဲ့စစ်တပ် တို့အကြားတိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ၎င်းဒေသသို့သွားရောက် လည်ပတ်သူနည်းပါးခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် နောက်ပိုင်းမှ အသွားအလာများ ခပ်စိတ်စိတ်ပြန်လည်ပတ်လာကြတာဖြစ်ပါတယ်။
KIA က မြစ်ကြီးနားမြို့နယ်ထဲအပြင် ဝိုင်းမော်မြို့နယ်၊ဆင်ဘိုမြို့ နဲ့ ဖားကန့်မြို့နယ်အတွင်းမှာ စစ်သားစုဆောင်းမှုတွေပိုမိုပြုလုပ်လာနေပြီး ဒေသခံတွေကြား အခုရက်ပိုင်းဝေဖန်မှုတွေမြင့်တက်လာနေတာဖြစ်ပါတယ်။