မြန်မာနိုင်ငံက စတားလင့် စက် ၂၅၀၀ ကျော်ကို ကုမ္ပဏီက ပိတ်

အောက်တိုဘာ ၂၃ ၊ မြဝတီ

SpaceX က မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုစင်တာ(ကျားဖြန့်)တွေမှာရှိတဲ့  Starlink စက် အလုံးရေ ၂၅၀၀ ကျော်ကို ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ 

SpaceX ကုမ္ပဏီက  မြန်မာနိုင်ငံရှိ လိမ်လည်လှည့်စားတဲ့စင်တာတွေမှာ  Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို ဝန်ဆောင်မှုဖြတ်တောက်လိုက်ကြောင်း AFP မှ ထုတ်ဖော်ပြောကြားပြီးနောက် ကုမ္ပဏီဒုဥက္ကဋ္ဌက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ပြီး လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုတွေအတွင်းမှာ အလုပ်သမား ၇,၀၀၀ ခန့် ပြန်ပို့ခံရပြီး ထိုင်းကလည်း  နယ်စပ်ဖြတ်ကျော် အင်တာနက် ပိတ်ဆို့မှုကို ချမှတ်ခဲ့ပါတယ်။ 

သို့သော် ယခုလအတွင်း AFP ၏ စုံစမ်းစစ်ဆေးမှုအရ ဆောက်လုပ်ရေးလုပ်ငန်းဟာ အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်နေခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

အိမ်နီးချင်း ထိုင်းနိုင်ငံဟာ  ၎င်းတို့ရဲ့ အင်တာနက်နဲ့ ဓာတ်အားချိတ်ဆက်မှုများကို ဖြတ်တောက်ပြီးနောက် စင်တာအများအပြားမှာ Starlink အင်တာနက် လက်ခံကိရိယာ အများအပြားကို ခေါင်မိုးများပေါ်တွင် တပ်ဆင်ထားပုံရတယ်လို့ဆိုပါတယ်။ 

SpaceX ၏ Starlink လုပ်ငန်းလည်ပတ်မှုရဲ့ဒုတိယဥက္ကဌဖြစ်သူ Lauren Dreyer က ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင် သံသယရှိသော ‘လိမ်လည်လှည့်စားသည့်စင်တာများ’ အနီးတစ်ဝိုက်တွင် Starlink Kits 2,500 ကျော်ကို ပိတ်ထားကြောင်းပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး လိမ်လည်တဲ့ စင်တာတွေထဲမှ တစ်ခုဖြစ်တဲ့ KK Park ကို ဝင်ရောက်စီးနင်းပြီး Starlink ဂြိုလ်တု အင်တာနက် ဂိတ်ပေါင်း ၃၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာစစ်တပ်က ယခုသီတင်းပတ်တွင် ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *