

ဒီဇင်ဘာ ၃ ၊ ဝါရှင်တန်
အမေရိကန်ပြည်ထောင်စု တရားရေးရာဌာနက မြန်မာနိုင်ငံရှိ crypto currency ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ လိမ်လည်မှုနယ်မြေတစ်ခုနဲ့ဆက်စပ်နေသော Domain (ဒိုမိန်း) တစ်ခုကို သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။
ခရစ်တိုကာရန်စီ ရင်းနှီးမြှုပ်နှံမှု အတုနဲ့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လိမ်လည်ဖို့ အသုံးပြုနေတဲ့ ဝဘ်ဒိုမိန်းတစ်ခုကို သိမ်းဆည်းခဲ့ကြောင်း ကြေညာလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ ကျောက်ခတ်ဒေသက Tai Chang (တိုင်ချန်ဝင်း )အတွင်းက လုပ်ဆောင်နေတဲ့ ပလပ်ဖောင်းတစ်ခုဖြစ်သော tickmilleas.com ရဲ့ဝဘ်ဒိုမိန်းကိုပိတ်သိမ်းလိုက်တာလို့ဆိုပါတယ်။
ဒိုမိန်းသိမ်းဆည်းမှုဟာ အမေရိကန်က “Scam Center Strike Force” ကို စတင်ကြောင်း ကြေညာပြီး သုံးပတ်မပြည့်မီ အရေးယူမှုအဖြစ်ထွက်ပေါ်တာလာပါ။
ခရစ်တိုကာရန်စီ ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Tai Chang လိမ်လည်မှုနယ်မြေမှ အသုံးပြုခဲ့သော နောက်ထပ်ဒိုမိန်းနှစ်ခုကိုလည်း သိမ်းဆည်းထားတယ်လို့သိရပါတယ်။
Scam Center Strike Force မှတစ်ဆင့် FBI ဟာ ဘန်ကောက်မြို့ကို အေးဂျင့်များအား စေလွှတ်ခဲ့ပြီး မြန်မာ- ထိုင်းနယ်စပ်ရှိ Tai Chang တိုင်ချန်ဝင်းတို့လို နယ်မြေများကို ဖြိုခွင်းဖို့အတွက် တော်ဝင်ထိုင်းရဲတပ်ဖွဲ့နဲ့အတူ လုပ်ဆောင်နေတယ်လို့သိရပါတယ်။
ဒီနေ့မှာပဲ မြန်မာကလည်း မြဝတီမြို့နယ် တောင်ဘက် မှာရှိတဲ့ ရွှေကုက္ကိုမြို့က ကျားဖြန့် အဆောက်အအုံတလုံးကို စစ် ကောင်မရှင်က ပထမဆုံးအကြိမ် မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
စစ်ကော်မရှင်က မြဝတီမြို့နယ်အတွင်းက ကျားဖြန့်/ အွန်လိုင်းလိမ်လည်မှုစင်တာရှိ အဆောက်အဦးတွေကို မိုင်းခွဲဖျက်ဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အားလုံးကိုဖြိုချသွားမယ်လို့ ပြောဆိုထားပါတယ်။
