ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်သတ်မှတ်ကြောင်း ကြေညာ

ဩဂုတ် ၁၆ ၊ နေပြည်တော် 

ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၅ ရက်နေ့မှာ ကြေညာလာခဲ့ပါတယ်။ 

ပြည်သူ့လွတ်တော်အတွက်  မဲဆန္ဒနယ်ကို မြို့နယ်ပေါင်း ၃၃၀ မှာ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နဲ့ ကျင်းပသွားမှာလို့ ဆိုပါတယ်။ 

အမျိုးသားလွတ်တော်အတွက် မဲဆန္ဒနယ် ၁၁၀ သတ်မှတ်ထားပြီး နိုင်သူအကုန်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ရောနှော ကျင်းပသွားမယ်လို့ ထုတ်ပြန်ပါတယ်။​ 

တိုင်းနဲ့ ပြည်နယ် လွတ်တော် မဲဆန္ဒနယ်မြေတွေမှာကိုလည်း မဲအများဆုံးနိုင်င်သူအကုန်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ရောနှော ကျင်းပသွားမှာဖြစ်ပြီး မဲဆန္ဒနယ်မြေ ၃၆၄ ခုအဖြစ် သတ်မှတ်ထားတာပါ။ 

မဲဆန္ဒနယ်မြေ ၃၂၂ နေရာမှာ မဲအများဆုံးနိုင်င်သူအကုန်ယူစနစ် (FPTP)  နဲ့  မဲဆန္ဒနယ်မြေ ၄၂ နယ်မြေမှာတော့ အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ကျင်းပသွားမှာလို့ ဆိုထားပါတယ်။ 

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အဖြစ် ၂၉ ခုသတ်မှတ်ထားပြီး မဲအများဆုံးနိုင်င်သူအကုန်ယူစနစ် (FPTP) နဲ့ကျင်းပသွားမှာလို့ဆိုထားပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့ညကကြေညာလိုက်လိုက်တဲ့ မဲဆန္ဒနယ်မြေတွေထဲမှာ စစ်ကော်မရှင်က လက်လွတ်ထားရတဲ့မြို့နယ်တွေလည်းပါဝင်နေသလို မြို့ပေါ်ရပ်ကွက်အနည်းစုသာထိန်းချုပ်ထားနိုင်တဲ့ မြို့တွေလည်းပါဝင်နေတာကို တွေ့ရပါတယ်။ 

တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၀ ကျော်ရှိထားပြီး အဲ့ထဲမှာ  မြို့နယ် ၆၀ ကျော်ပါဝင်နေပြီး စစ်တပ်က စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားပါတယ်။ 

ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ နဲ့ ဇန်နဝါရီလ တွေမှာ အပိုင်းလိုက်ခွဲပြီးကျင်းပသွားဖို့ရှိနေတယ်လို့ နိုင်ငံရေးပါတီတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *