ရွေးကောက်ပွဲအပိုင်း (၃)မှာ စစ်ရေးတင်းမာနေတဲ့ ဖားကန့်နဲ့ဗန်းမော် မြို့နယ်တို့ပါဝင်လာ

ဒီဇင်ဘာ ၂၆ ၊ မိုးညှင်း 

ရွေးကောက်ပွဲအပိုင်း(၃)ကို  လာမယ့်  ၂၀၂၆  ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြညာလာတဲ့အထဲမှာ  စစ်ရေးတင်းမာနေဆဲဖြစ်တဲ့  ဖားကန့်မြို့နယ် နဲ့ ဗန်းမော်မြို့နယ်တို့လည်း ပါဝင်လာပါတယ်။

ရွေးကောက်ပွဲအပိုင်း(၃)မှာ အပိုင်း(၁)နဲ့ (၂)အတွင်း မပါဝင်လာသေးတဲ့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်ပေါင်း(၃၆)မြို့နယ် ပါရှိလာတာလည်း ဖြစ်ပါတယ်။

ဒီထဲက ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF တို့ ထိန်းချုပ်ထားတဲ့ မိုးမောက်နဲ့မံစီ မြို့နယ်နှစ်ခုလည်းပါဝင်သလို စစ်တပ်နဲ့တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ ဖားကန့်မြို့နယ်မှာလည်း ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ကချင်ပြည်နယ်အတွင်းက  (၅)မြို့နယ်ဖြစ်တဲ့ မိုးမောက်၊မံစီ၊ဖားကန့်၊ရွှေကူ နဲ့ ယခု(၂၀၂၅) ခုနှစ် တစ်နှစ်လုံးနီးပါး မြို့သိမ်းတိုက်ပွဲပြင်းထန်ခဲ့သလို မကြာမကြာတိုက်ပွဲများဖြစ်ပွားနေဆဲဲဖြစ်တဲ့ ဗန်းမော်မြို့နယ်လည်း ပါဝင်လာပါတယ်။

အဲ့ဒီမြို့နယ်တွေမှာ ဒေသခံတွဟာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိကြသလို ပါတီတွေကလည်း စည်းရုံးရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်ဘူးလို့ ပြောဆိုကြပါတယ်။ 

ပြောရမယ်ဆိုရင် ဖားကန့်ဘက်မှာဆို ရှမ်းနီပါတီရုံးစိုက်လည်းမရှိတော့ဘူး ပြည်သူလူထုကလည်း ပါတီသုံးခုလုံးကို စိတ်ဝင်စားမှုမရှိကြဘူး။ ဗန်းမော်က နည်းနည်းစူးစိုက်မှုရှိတယ် ဖားကန့်၊လုံးခင်း၊ဗန်းမော်က  ရှမ်းဒေသခံတွေအားလုံးနီးပါးက  တစ်ခြားဒေသတွေဆီကို စစ်ဘေးတိမ်းရှောင်သွားကြတာတွေများတယ်”  လို့ ဖားကန့်မြို့နယ်အတွင်းမှာ ကျားနီပါတီမှ ကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ့်သူက  ပြောပြပါတယ်။

ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ဒေသခံအများစုဟာ နေရပ်တွေကနေ တိမ်းရှောင်သွားကြသူတွေများပြားနေသလို နိုင်ငံရေးပါတီတွေအနေနဲ့လည်း မြေပြင်ကိုစည်းရုံးရေးမဆင်းနိုင်ခဲ့ဘူးလို့ ဆိုကြပါတယ်။ 

ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီသုံးခုဖြစ်တဲ့  TNDP၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)နဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) တို့ရှိပေမယ့်   (USDP)ပါတီတစ်ခုတည်းသာ  ပါတီဆိုင်းဘုတ်ထောင်ခြင်းကို ကျေးရွာတစ်ချို့မှာ သွားရောက်ပြုလုပ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် USDP ပါတီက ကချင်ပြည်နယ်ထဲက ရွှေကူမြို့နယ်နဲ့ မံစီမြို့နယ်တွေမှာ  ပြိုင်ဘက်မရှိဘဲ အနိုင်ရရှိထားနှင့်နေပြီလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက  လတ်တလော တိုက်ပွဲတွေပြင်းထန်နေတဲ့ ကနီနဲ့ ဆားလင်းကြီး မြို့နယ်၊ ရှမ်းပြည်နယ်ရှိ သီပေါ(ရှမ်းအရှေ့မြောက်ပိုင်း)နဲ့ ကျောက်မဲ(ရှမ်းမြောက်)၊ ရှမ်းတောင်က မိုးနဲ၊ကျေးသီး၊ဖယ်ခုံ၊ပင်လောင်း၊ ညောင်ရွှေ စတဲ့မြို့နယ်တွေကလည်း ရွေးကောက်ပွဲ အပိုင်း(၃)မှာ ပါဝင်လာပါတယ်။ 

ရွေးကောက်ပွဲ အပိုင်း (၃) ခုလုံးအတွက်  နိုင်ငံရေးပါတီတွေရဲ့ အောင်နိုင်ရေး စည်းရုံးရေးကာလကို ဒီနေ့ ဒီဇင်ဘာ(၂၆)ရက်နေ့အထိသာ သတ်မှတ်ထားပြီး လာမယ့် ဒီဇင်ဘာ(၂၈)ရက် တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲအပိုင်း(၁)ကို တစ်နိုင်ငံလုံးရဲ့ မြို့နယ် (၁၀၂) ခုသာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ဒီဇင်ဘာ ၂၆ ၊ မိုးညှင်း 

ရွေးကောက်ပွဲအပိုင်း(၃)ကို  လာမယ့်  ၂၀၂၆  ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြညာလာတဲ့အထဲမှာ  စစ်ရေးတင်းမာနေဆဲဖြစ်တဲ့  ဖားကန့်မြို့နယ် နဲ့ ဗန်းမော်မြို့နယ်တို့လည်း ပါဝင်လာပါတယ်။

ရွေးကောက်ပွဲအပိုင်း(၃)မှာ အပိုင်း(၁)နဲ့ (၂)အတွင်း မပါဝင်လာသေးတဲ့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်ပေါင်း(၃၆)မြို့နယ် ပါရှိလာတာလည်း ဖြစ်ပါတယ်။

ဒီထဲက ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF တို့ ထိန်းချုပ်ထားတဲ့ မိုးမောက်နဲ့မံစီ မြို့နယ်နှစ်ခုလည်းပါဝင်သလို စစ်တပ်နဲ့တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ ဖားကန့်မြို့နယ်မှာလည်း ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ကချင်ပြည်နယ်အတွင်းက  (၅)မြို့နယ်ဖြစ်တဲ့ မိုးမောက်၊မံစီ၊ဖားကန့်၊ရွှေကူ နဲ့ ယခု(၂၀၂၅) ခုနှစ် တစ်နှစ်လုံးနီးပါး မြို့သိမ်းတိုက်ပွဲပြင်းထန်ခဲ့သလို မကြာမကြာတိုက်ပွဲများဖြစ်ပွားနေဆဲဲဖြစ်တဲ့ ဗန်းမော်မြို့နယ်လည်း ပါဝင်လာပါတယ်။

အဲ့ဒီမြို့နယ်တွေမှာ ဒေသခံတွဟာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိကြသလို ပါတီတွေကလည်း စည်းရုံးရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်ဘူးလို့ ပြောဆိုကြပါတယ်။ 

ပြောရမယ်ဆိုရင် ဖားကန့်ဘက်မှာဆို ရှမ်းနီပါတီရုံးစိုက်လည်းမရှိတော့ဘူး ပြည်သူလူထုကလည်း ပါတီသုံးခုလုံးကို စိတ်ဝင်စားမှုမရှိကြဘူး။ ဗန်းမော်က နည်းနည်းစူးစိုက်မှုရှိတယ် ဖားကန့်၊လုံးခင်း၊ဗန်းမော်က  ရှမ်းဒေသခံတွေအားလုံးနီးပါးက  တစ်ခြားဒေသတွေဆီကို စစ်ဘေးတိမ်းရှောင်သွားကြတာတွေများတယ်”  လို့ ဖားကန့်မြို့နယ်အတွင်းမှာ ကျားနီပါတီမှ ကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ့်သူက  ပြောပြပါတယ်။

ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ဒေသခံအများစုဟာ နေရပ်တွေကနေ တိမ်းရှောင်သွားကြသူတွေများပြားနေသလို နိုင်ငံရေးပါတီတွေအနေနဲ့လည်း မြေပြင်ကိုစည်းရုံးရေးမဆင်းနိုင်ခဲ့ဘူးလို့ ဆိုကြပါတယ်။ 

ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီသုံးခုဖြစ်တဲ့  TNDP၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)နဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) တို့ရှိပေမယ့်   (USDP)ပါတီတစ်ခုတည်းသာ  ပါတီဆိုင်းဘုတ်ထောင်ခြင်းကို ကျေးရွာတစ်ချို့မှာ သွားရောက်ပြုလုပ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် USDP ပါတီက ကချင်ပြည်နယ်ထဲက ရွှေကူမြို့နယ်နဲ့ မံစီမြို့နယ်တွေမှာ  ပြိုင်ဘက်မရှိဘဲ အနိုင်ရရှိထားနှင့်နေပြီလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက  လတ်တလော တိုက်ပွဲတွေပြင်းထန်နေတဲ့ ကနီနဲ့ ဆားလင်းကြီး မြို့နယ်၊ ရှမ်းပြည်နယ်ရှိ သီပေါ(ရှမ်းအရှေ့မြောက်ပိုင်း)နဲ့ ကျောက်မဲ(ရှမ်းမြောက်)၊ ရှမ်းတောင်က မိုးနဲ၊ကျေးသီး၊ဖယ်ခုံ၊ပင်လောင်း၊ ညောင်ရွှေ စတဲ့မြို့နယ်တွေကလည်း ရွေးကောက်ပွဲ အပိုင်း(၃)မှာ ပါဝင်လာပါတယ်။ 

ရွေးကောက်ပွဲ အပိုင်း (၃) ခုလုံးအတွက်  နိုင်ငံရေးပါတီတွေရဲ့ အောင်နိုင်ရေး စည်းရုံးရေးကာလကို ဒီနေ့ ဒီဇင်ဘာ(၂၆)ရက်နေ့အထိသာ သတ်မှတ်ထားပြီး လာမယ့် ဒီဇင်ဘာ(၂၈)ရက် တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲအပိုင်း(၁)ကို တစ်နိုင်ငံလုံးရဲ့ မြို့နယ် (၁၀၂) ခုသာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *