ရှမ်းတောင်တွင် ပြုလုပ်နေသည့် TNLA နှင့် MNDAA ဆန္ဒပြပွဲများကို လူထုတွေ သတိထားကြဖို့ RCSS/SSA အသိပေး

ဩဂုတ် ၁၈ ၊ ကွန်ဟိန်း

ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကော်မရှင်ရဲ့ စေခိုင်းမှုဖြင့် ပြုလုပ်နေတဲ့ တအာင်းတပ်(TNLA) နဲ့ ကိုးကန့်တပ် MNDAA အပေါ် ဆန္ဒပြပွဲတွေကို လူထုတွေအနေနဲ့ သတိထားကြဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဒီနေ့မှာအသိပေးလာခဲ့ပါတယ်။

ဆန္ဒပြပွဲရဲ့ အကျိုးဆက်တွေအနေနဲ့ ရှမ်းပြည်တွင်းက တိုင်းရင်းသားလူမျိုးစုတွေကြား စည်းလုံးညီညွတ်ရေး သွေးကွဲစေမှုတွေ ဖြစ်ပေါ်လာနိုင်တာ ၊ တိုင်းရင်းသားအချင်းချင်း အမုန်းပွားလာစေတာ နဲ့ အေးချမ်းစွာ ရှာဖွေစားသောက်နေကြတဲ့ လူထုတွေအပေါ် စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာစေနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ရှမ်းမြောက်က တိုင်းရင်းသားတပ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA တို့ကို ရှမ်းတောင်က ဒေသခံအတွေအနေနဲ့ ဆန္ဒပြခိုင်းတာဟာ ကျိုးကြောင်းဆီလျှော်မှုမရှိဘူးလို့ RCSS က ပြောပါတယ်။

ရှမ်းတောင်က လူထုတွေအနေနဲ့ သူများရဲ့ အသုံးချခံမဖြစ်ဖို့ သတိထားကြပြီး အသံပေါင်းစုံနားထောင်ပြီး ရှောင်ရှားနိုင်စေဖို့ အသိပေးတာလို့လည်းဆိုပါတယ်။

ဒီနေ့မှာပဲ ရှမ်းတောင်က ကွန်ဟိန်း၊ မိုင်းပန်မြို့နယ်တွေမှာ အင်အား နှစ်ရာဝန်းကျင်တွေဖြင့် TNLA နှင့် MNDAA တို့ဟာ ရှမ်းဒေသကနေ ထွက်ခွာဖို့ ဆန္ဒပြနေကြတာလည်းဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ပတ်သက်ဆက်နွယ်မှုမရှိကြောင်းကိုလည်း အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *