ရှမ်းနီဒေသများကို ဖြတ်သန်းဖောက်လုပ်ခဲ့သည့် ကမ္ဘာကျော်လီဒိုလမ်းမ  

( ဆောင်းပါး)

  ကမ္ဘာကြီးကို စစ်ကြီး နှစ်ခုနဲ့  ပိုင်းခြားကြည့်လိုက်မယ်ဆိုရင်  ဒုတိယ ကမ္ဘာစစ်ဟာ  မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုများပါဝင် ပတ်သက်ခဲ့ရပါတယ်။  မြန်မာ့ သမိုင်းစာမျက်နှာတွေကို လှန်လော်ကြည့်လိုက်ရင်ချန်လှပ်ထား သလိုဖြစ်ခဲ့တဲ့ လီဒိုလမ်းမ ကြီး အကြောင်းကိုယနေ့ခေတ် လူငယ်မျိုးဆက်တွေကတော့ ကောင်းကောင်း သိကြမှာမဟုတ် ပါဘူး။ ဒီလမ်းမကြီးဟာ  မြန်မာနိုင်ငံ   တောင်ပိုင်းကသေမင်းတမန် ရထားလမ်းလောက်နာမည်မကြီး ခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ်ကို ရွံရှာထိတ်လန့် စွာဖြတ်သန်းခဲ့ ရတဲ့ ဌာနေ တိုင်းရင်းသားတွေက တော့ သေမင်းတမန် လမ်းမကြီး ရယ်လို့ သိကြပါတယ်။

သေမင်းတမန် ရထားလမ်း ကတော့ ဂျပန်ဘုရင့်တပ်မတော် အနေနဲ့မြန်မာနိုင်ငံမှာရောက် နေတဲ့ ဂျပန်တပ်တွေအတွက် စစ်လက်နက် ပစ္စည်းများထောက်ပံ့ ပို့ဆောင်ဖို့ ထိုင်းနဲ့ မြန်မာနိုင်ငံကိုမီးရထားဖြင့် ဆက်သွယ်ရန်ပြု လုပ်ထားသော စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် လီဒိုလမ်းမကြီးက တော့ အဲဒီရထားလမ်းနဲ့မတူပါဘူး။ ဒီလမ်းမကြီးကို အမေ ရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဗင်နီဂါစတီးဝဲလ်ကအိန္ဒိယ နိုင်ငံလီဒိုမှ မြန်မာပြည်မြောက် ပိုင်းကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိဖောက်လုပ်ရန် စီမံခဲ့ခြင်းဖြစ် ပါတယ်။ သူ့အကြံအစည် ကတော့ တရုတ်ပြည်တွင်းကို ကျူးကျော်ရောက်ရှိနေတဲ့ဂျပန် တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ တရုတ်ကူမင်တန်တပ်များကို အန္တရာယ်များတဲ့ လေကြောင်း လမ်းကို ရှောင်ရှားပြီး   မြန်မာ ပြည်မြောက် ပိုင်းတောင်တန်း များပေါ်မှ လမ်းကြောင်းတစ်ခု ဖောက်လုပ်ပြီး ထောက်ပံ့ပို့ဆောင် ပေးဖို့ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ် ကာလတွေ ဖြစ်တဲ့ ၁၉၃၀-၃၁ မှာ ဂျပန်က မန်ချူးရီးယားကို ဝင်သိမ်းပြီး တဲ့နောက် တရုတ်-ဂျပန် ဒုတိယ စစ်ပွဲကြီး စတင်ခဲ့ပါတယ်။ ၁၉၃၇ မှာတော့ စစ်ဟာပိုမို အရှိန်မြှင့်လာခဲ့သလို တရုတ် နိုင်ငံရဲ့အစိတ်အပိုင်းတော်တော် များများကို ဂျပန်က သိမ်းယူနိုင် ခဲ့တာကြောင့် ဂျပန်တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ တရုတ်ကူမင်တန် တပ်များကို အင်္ဂလိပ်တို့က  လိုအပ်နေတဲ့ စစ်အထောက်အပံ့ တွေကို ပေးပို့ရာမှာ အဟန့်အတား တွေ ဖြစ်နေခဲ့တယ်။

ဒါကြောင့်၊ ကူမင်းမြို့ကနေ လားရှိုးမြို့ ကိုဆက်သွယ်တဲ့ ရထားလမ်းတစ်ခုကို တရုတ် အလုပ်သမားတွေနှင့် စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၃၈ မှာ အပြီး သတ်ခဲ့တယ်။ ဒီလမ်းကို ဗမာပြည်လမ်း (Burma Road) လို့ခေါ်တယ်။ လားရှိုး- ရန်ကုန် ရထားလမ်းရှိနေတာကြောင့်၊ ရန်ကုန်မှာရှိနေတဲ့ စစ်အထောက် အပံ့တွေကို ပို့ဆောင်ပေးဖို့စီစဉ် ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လည်း ကံဆိုးချင်တော့ ၁၉၄၂ မှာ ဂျပန်က ဗမာပြည်ကိုဝင်သိမ်း လိုက်တဲ့အခါ ဒီဆက်သွယ်ရေး လမ်းမကြီးပါ ပိတ်ဆို့သွားပါ တော့တယ်။ ဒါကြောင့်၊ တရုတ်တပ်တွေကို ထောက်ပံ့ပေး နိုင်ဖို့ နည်းလမ်းတွေ စဉ်းစားကြ ရာကနေ အိန္ဒိယနိုင်ငံဒေလီ မြို့ကနေ ကူမင်းကိုဆက်သွယ် နိုင်မယ့် လမ်းသစ်ဖောက်လုပ် ဖို့ကို အကြံပြုခဲ့ကြရာက လီဒိုလမ်းဆောက်လုပ်ရေးကြီး ပေါ်ပေါက်လာခဲ့တယ်။

အဲ့ဒီချိန်မှာ အာရှပစိဖိတ် ဒေသရဲ့အိန္ဒိယ-ဗမာ-တရုတ် နိုင်ငံဆိုင်ရာ စစ်ဦးစီးချူပ် ဖြစ်သူ အမေရိကန် စစ်ဗိုလ်ချူပ် ဂျိုးဇက်(W) စတီးလ်ဝဲလ်က ဒီလမ်းဆောက်လုပ်ရေးကိုကွပ်ကဲ ခဲ့ရတယ်။ ရန်ကုန်က အထောက် အပံ့တွေ ရပ်ဆိုင်းသွားတာကြောင့်၊ အစီအစဉ်အရ အိန္ဒိယနိုင်ငံက ချာဒေသနှင့် ဘုံဘေမှာရှိနေတဲ့ စစ်အထောက် အပံ့တွေကို ဒီလမ်းကနေ လားရှိုးကိုဖြတ်ပြီး နဂိုလမ်းဟောင်းအတိုင်းတင်ပို့ပေး နိုင်ဖို့ ဖြစ်ပါတယ်။ဒီလမ်းမကြီး ကိုဖောက်လုပ်တဲ့ အမေရိကန်အင် ဂျင်နီယာတွေဟာ သားရဲတိရစ္ဆာန်များ၊ ငှက်ဖျားရောဂါ၊ရွံ့နွံအိုင်များနဲ့ပြည့်နှက်နေတဲ့ မြန်မာပြည် မြောက်ဘက်ပိုင်း တောနက်ကြီးတွေကို ရင်ဆိုင် ကျော်လွှားခဲ့ရပါတယ်။အင်ဂျင်နီယာတွေရဲ့ တာဝန် ကတော့ အိန္ဒိယနိုင်ငံနယ်စပ် အနီးလီဒိုမြို့မှ ဟူးကောင်း တောင်ကြားမှ ပန်ဆောင်တောင်ကြားကို ဖြတ်ပြီးဗန်းမော်မှ တဆင့် တရုတ်နိုင်ငံ ဝမ်တိန်နှင့် တရုတ်နိုင်ငံ ကူမင်းသို့ ဖောက် လုပ်ရန် ဖြစ်ပါတယ်။

နဂိုလမ်းမရှိရာ (သျှမ်းပြည် မှာရှိတဲ့) မုံယူလမ်းဆုံ အထိ ၄၆၅ မိုင်ရှည်တဲ့ လီဒိုလမ်း ဆောက်လုပ်ရေးကို ၁၉၄၅ အစောပိုင်းမှာပြီးတယ်။ဒီလမ်း ပိုင်း ကိုတော့ လီဒိုလမ်းမကြီးလို့ ခေါ်ပါတယ်။ အမေရိကန် တပ်မတော် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၄၈ သန်းကုန်ကျပြီးအိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ နိုင်ငံသားတွေ၊ မြန်မာနိုင်ငံမှ နာဂ၊ ကချင်နဲ့ သျှမ်းနီ တိုင်းရင်းသားတွေ၊ တရုတ် အလုပ်သမားတွေ စုစုပေါင်း အင်အား ၂၅၀ဝဝ လောက်နဲ့ မိုင်တစ်ထောင်ခန့် အရှည်ရှိတဲ့ လမ်းမကြီးကို နှစ်နှစ်ကြာအောင် ဖောက်လုပ်ခဲ့ရပါတယ်။

အဲဒီငရဲ လမ်းမကြီးဟာ တစ်ထောင်ဆစ် ချိုးအကွေ့ပေါင်း နှစ်ဆယ့်တစ်ကွေ့၊ပေတစ်သောင်း ကျော်နက်တဲ့ ချောက်ကမ်းပါးတွေ နဲ့ တောင် အသွယ်သွယ်ပေါ်မှာ ဖောက်လုပ်ထားခြင်းဖြစ်ပါတယ်။  လီဒိုလမ်းမကြီးကို အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် လီဒို အမည်ရှိသောနေရာမှ စတင်ဖောက်လုပ်သောကြောင့် လီဒိုလမ်း ဟုခေါ်သည်။ ဒီလမ်းမဟာ မြန်မာနိုင်ငံအတွင်းသို့ ရှမ်းနီတို့ရဲ့အသက်သွေးကြောမြစ်တစ်ခုဖြစ်တဲ့ ချင်းတွင်းမြစ်ဖျားခံရာ ပတ်ကွိုင်တောင်တန်းကို ဖြတ်ဝင်လာပြီး  တောင်ဘက်ရှိ ရှင်ဗွေယမ်း၊ မိုးကောင်း၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့အထိ လမ်းခရီးဟာရှည်လျားပါတယ်။ လက်ရှိမှာတော့ ဒီလမ်းပိုင်းဟာ သွားလာနိုင်ခြင်းမရှိတော့တဲ့အနေအထာားဖြစ်ပါတယ်။ လီဒိုလမ်းပိုင်းဟာ ရှမ်းနီတိုင်းရင်းသားတွေ ပါဝင်ဖောက်လုပ်ခဲ့ရတဲ့ ကမ္ဘောကျော်လမ်းပိုင်းတစ်ခုဆိုလည်း မှားနိုင်မည်မထင်ပါ။ 

သိမှီလိုက်သော ဘိုးဘွားများ ပြောကြားချက်အရလမ်းဖောက် လုပ်ရာတွင်ပါဝင်ပတ်သက်ခဲ့ရ သော ဌာနေတိုင်းရင်းသားများ အား ဒေသအခေါ် ကမ်နီ (သို့မဟုတ်) ခတ်ပုံလို့ခေါ်တဲ့ ငှက်ပျောရွက်နဲ့ ဘိမ်းကပ်ထားပြီး သော်ပါလို့ခေါ်တဲ့ဝါးပြောင်းနဲ့ ရှုစေပြီး ငှက်ဖျား၊ အညောင်း အညာများ ပြေတယ်ဟုဆိုကာ သုံးစွဲလာစေခဲ့ကြရာမှ ယနေ့ ချိန်ထိ ရိုးရာ အစဉ်အလာပုံစံ လိုလို ကျန်ရှိနေခဲ့ကြသည်ကိုလည်း ဝမ်းနည်းဖွယ် တွေ့မြင်ကြရ  သည်။ ယင်းကိုလိုနီစနစ်၏ ဆိုးမွေ များသည် မြန်မာနိုင်ငံသူ နိုင်ငံ သားများအဖို့ယနေ့အချိန်ထိ နလန်မထူနိုင် အောင်ပင်ဖြစ်ပါတယ်။ ။၁၉၄၂ ခုနစ် ဒီဇင်ဘာလ ၁ရက်နေ့လမ်း ဖောက်လုပ်ရေး လုပ်ငန်းကို စတင်ခဲ့ပြီး ၁၉၄၅ ဇန်နဝါရီ ၂၈ ရက်မှာ ပထမ ယာဉ်တန်း အနေနဲ့ ဝမ်တိန်မြို့ကို အောင်မြင်စွာသွားနိုင်ခဲ့ပါတယ်။ ကူမင်းကိုဆက်သွယ်တဲ့မုံယူလမ်း ပိုင်းကနေ မိုင်ပေါင်း ၆၀ဝ ကျော်ခန့်ရှိတဲ့ ဗမာပြည် လမ်းပိုင်း ကို စစ်ဘက် အင်ဂျင်နီယာတွေ၊ ဒေသခံတွေရဲ့လုပ်အားတွေနှင့် ပြန်လည်မွမ်းမံ တည်ဆောက် ခဲ့ကြပြန်ပါတယ်။

ဒီလမ်းဆုံ ဖြစ်တဲ့ မုံယူကနေ ကူမင်းအထိ ဆက်သွယ်ထားတဲ့ ဗမာပြည် လမ်းပိုင်းကို ဗိုလ်ချူပ် ကြီး စတီးဝဲလ်ကိုဂုဏ်ပြုတဲ့ အနေနဲ့ စတီးဝဲလ်လမ်းမကြီးလို့ အမည်ပေးခဲ့တယ်။ နောင်မှာတော့၊ လီဒိုကနေ-ကူမင်း အထိ မိုင် ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ လမ်းမကြီးတစ်ခုလုံးကိုစတီးဝဲလ် လမ်းမကြီးလို့ လူသိများလာကြ ပါတယ်။

၁၉၄၅ ဇန်နဝါရီလမှ အောက်တို ဘာလအတွင်း ထောက်ပံ့ရေး ပစ္စည်းတန်ချိန် ၃၄၀ဝဝ ကို ဒီလမ်းမကြီးကို အသုံးပြုပြီး ပို့ဆောင်ပေးနိုင်ပါတယ်။

ကျားပေါက် ရေးသားသည်။

Leave a Reply

Your email address will not be published. Required fields are marked *