ရှမ်းရှေ့တွင် မြေရှားတူးဖော်နေမှုများကို တရုတ်ကျောထောက်နောက်ခံပြုနေတဲ့ ကုမ္ပဏီများက လုပ်ဆောင်နေ 

==========

အောက်တိုဘာ ၂၉ ၊ ကျိုင်းတုံ 

ရှမ်းပြည်အရှေ့ပိုင်းက နမ့်ခုတ်မြစ်တစ်လျှောက်တစ်လျှောက်ရှိ မြေရှားသတ္ထုတူးဖော်ရေးလုပ်ငန်းများကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ China Investment Mining ကုမ္မဏီက လုပ်ဆောင်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုလ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ 

မိုင်းယွန်းမြို့နယ်ရှိ နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္ထုတူးဖော်မှုများကို နယ်မြေထိန်းချုပ်ထားတဲ့ “ဝ”တပ် UWSA နဲ့ စစ်ကော်မရှင်တို့ကို ရဲ့ခွင့်ပြုချက်မဖြစ်မနေရယူဖို့လိုအပ်တယ်လို့ ဆိုထားပါတယ်။ 

မြေရှားတူးဖော်နေတဲ့ China Investment Mining ကုမ္ပဏီဟာ လာအိုနိုင်ငံ မြောက်ပိုင်းက မြေရှားတူးဖော်ရေးကုပ္မဏီတစ်ခုဖြစ်ပါတယ်။

ဒီကုမ္ပဏီရဲ့ ၉၀ ရာခိုင်နှုန်းကို ရှန်ဟိုင်းချီကျင်းဝေရူ သတ္တုတူးဖော်ရေးကုပ္မဏီက ပိုင်ဆိုင်ထားတာဖြစ်ပတယ်။ 

ဒီကုမ္ပဏီဟာလည်း တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ Xiamen Tungsten ကော်ပိုရေးရှင်း (XTC) ဟာ မြေရှားသတ္ထုတူးဖော်ရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်တယ်လို့ SHRF က ဆိုထားပါတယ်။ 

မြေရှားသတ္ထုတူးဖော်မှုတွေကြောင့် လာအိုနိုင်ငံက ရှန်ခွမ်ပြည်နယ်မှာလည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ဂြိုလ်တုဓာတ်ပုံတွေကို ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ခဲ့ရပြီး မြန်မာနိုင်ငံက နမ့်ခုတ်မြစ်ဝှမ်းဒေသအတွက်လည်း သတိပေးမှုတွေဖြစ်စေတယ်လို့ ပြောပါတယ်။ 

နမ့်ခုတ်မြစ်တစ်လျှောက်မှာလည်း  မြေရှားသတ္ထုတူးဖော်မှုတွေ တိုးလာနေပြီး နယ်စပ်ဒေသက လူထုအသိုင်းအဝိုင်းတွေအပေါ် သက်ရောက်မှုတွေရှိလာနေပြီး စိုးရိမ်ဖွယ်အခြေအနေလို့ ပြောပါတယ်။

ထိုင်းနိုင်ငံကလည်း နမ့်ခုတ်မြစ်ရေကို ပုံမှန်စစ်ဆေးမှုတွေပြုလုပ်နေပြီး ရေအတွင်းမှာ အာစင်းနစ် နဲ့ ခဲ ဓာတ်တွေဟာ ဘေးကင်းလုံခြုံမှုနှုန်းသတ်မှတ်ချက်ထက်ကျော်လွန်နေတယ်လို့အစီရင်ခံစာက ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံဟာ မြေရှားသတ္ထုထုတ်လုပ်မှု ကမ္ဘာမှာ တတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်ဒေသမှာ အဓိကတူးဖော်တာဖြစ်ပြီး လက်ရှိ KIA ထိန်းချုပ်ထားတဲ့ “ပန်ဝါ” ဒေသမှာ အများဆုံးထွက်ရှိနေတာလည်းဖြစ်ပါတယ်။ 

KIA ဘက်ကလည်း မြေရှားသတ္ထုတူးဖော်မှုတွေကို ပြန်လည်ခွင့်ပြုပေးတော့မှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်က ပြောဆိုထားပါတယ်။ 

ထိုသတင်းထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာ ဝေဖန်မှုတွေရှိနေပေမယ့် တရုတ်နိုင်ငံကတော့ ပိတ်ထားတဲ့ နယ်စပ်ဒေသတွေအားလုံးကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *