
ဇွန် ၆ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ အင်းအိုင်များပျက်စီးမှုကြောင့် ငါးရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွကေပြောပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များကို အဓိထားပြီး ရွှေလုပ်ကိုင်မှုတွေ လုပ်ဆောင်နေတာကြောင့် အင်းအိုင်များအတွင်း ရွံံနွံများကြောင့် ငါးရှားပါးတာဖြစ်ကြောင်း တံငါသည်တွေက ဆိုကြပါတယ်။
” အရင်ကဆို ပိုက်တစ်ဖြတ်ကို ငါးသုံးပိဿာရတယ်။ အခုဆိုရင် ပိုက်ဆယ်ဖြတ်ဆိုရင်တောင် ငါးတစ်ပိဿာ ရချင်မှရတာ။ နွံတွေကြောင့်ငါးတွေမနေတော့ဘူလေ” လို့ တံငါးသည်တစ်ဦးကဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက သဖန်းကုန်း၊ မာလုံ၊ အထက်ဟဲခမ်း၊ အီပင်း ၊ ပင်းမခေါ် ၊ မိုးလင်း၊ မော်စိန်၊ အောက်ဟဲခမ်း ၊ ကွန်းတောင်းကျေးရွာ စတဲ့ ကျေးရွာ ၉ ရွာ ငါးရှားပါးမှုတွေဖြစ်ပွားနေတာလို့ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ် ဒေသခံတွေဟာ မြစ်ချောင်း အင်းအိုင်တွေကို အဓိက အမှီပြုပြီးနေထိုင်ကြပြီး တံငါလုပ်ငန်း နှင့် တောင်သူလယ်ယာလုပ်ငန်းတွေကို အခြေခံ ပြီးအသက်မွေးဝမ်းကြောင်းပြုပြီးနေထိုင်နေကြတာလည်းဖြစ်ပါတယ်။
” မျှောတွေမောင်းတာကြောင့် ရေတွေက နောက်ကုန်ပြီ နွှံရေတွေကြောင့်ငါးတွေလည်း လာမနေတော့ဘူးလေ ငါးတွေထွက်ကုန်ပြီ” လို့ သူကဆက်ပြောပါတယ်။
အခုလို အင်းတွေပျက်ဆီခဲ့တော့ စားဝတ်နေရေးတွေမပြေလည်တာတွေလည်းရှိလာကြတယ် ရပ်ရေး ရွာရေး ကိစ္စတွေမှာလည်း ခွဲတမ်းကြတွေ မပေးနိုင်တဲ့အနေထားတွေဖြစ်လာကြတယ်လို့ဒေသခံများကပြောကြပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ငါးတွေကို စီးပွားဖြစ် ဖမ်းယူနိုင်တဲ့ အင်း ၁၃ အင်းနဲ့ တင်ဒါပေးတဲ့ အကွက် ၁၆ ကွက်ရှိပြီး နှစ်စဉ် ငါးတန်ချိန် ၆ ထောင်ကျော်ထွက်ရှိတယ်လို့သိရပါတယ်။