ဟုမ္မလင်းမြို့မှာ ဆီတင်မော်တော်ရေယာဉ်  ၃ စီး မီးလောင်ပြီး ၄ ဦးသေဆုံး

မတ်လ (၃၀) ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်  ချင်းတွင်းမြစ် ခိုပဲဝဆိပ်ကမ်းမှာ ဆိိုက်ကပ်ထားတဲ့  စက်သုံးဆီတင် ရေယာဉ် (၃)  စီး မီးလောင်ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံများမှ သိရပါတယ်။

မနေ့က မတ်လ ၂၉ ရက်၊ မနက် ၁၀ နာရီလောက်မှာ စလောင်လောင်ကျွမ်းခဲ့ကာ  လူ ၄ ဦးသေဆုံးခဲ့ဖြစ်ပြီး ၂ ဦးမှာ ထမံသီကျေးရွာက ဖြစ်တယ်လို့သိရပါတယ်။

 “ ခိုပဲဝ ဆိပ်ကမ်းမှာလောင်တာတဲ့ဒီနေ့မနက်ထိတောင် မီးကမငြိမ်းသေးဘူး ။ ဆီပန့်ရိုက်ရင်းနဲ့ လောင်တာထင်တယ် ။  ပြီးတော့မီးသတ်ကားက သွားလို့မရတော့လေ မီးကတော်တော်နဲ့ ငြိမ်းလို့မရဘူး ယာဉ်တွေကဆီလှောင်ထားထင်တယ်။ တစ်ခုပြီးတစ်ခုကူးသွားတာလို့ပြောတယ်။  ခုချိန်ထိလည်း မီးကလောင်နေတုန်းသုံးစီးလောက်မှာ ရပ်သွားတာ” လို့သူကဆိုပါတယ်။

မုံရွာမြို့ကနေ ဟုမ္မလင်းမြို့ကို  စက်သုံးဆီသယ်ဆောင် တက်လာတဲ့ ရေယာဉ်ပေါ်  ဆီသွားလွှဲပြောင်းကဲ့ယူချိန်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ 

ဟုမ္မလင်းခရိုင်ရဲတပ်ဖွဲ့က ဒီကနေ့ မတ်လ ၃၀ ရက်နေ့ထိ သေဆုံးဒဏ်ရာရတဲ့ စာရင်းနဲ့  ပျက်ဆီးဆုံးရှုံးမှုကို စိစစ်နေဆဲဖြစ်တယ် လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *