ဟုမ္မလင်းမြို့မှာ ညမထွက်ရအမိန့်ထုတ် 

ဇွန် ၁၆ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်တစ်ခုကို  အထွေထွေအုပ်ချုပ်ရေးမှူးက ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ 

ဇွန်လ ၁၅ ရက်နေ့စလို ဩဂုတ်လ ၁၄ ရက်နေ့အထိ တည်တဲ့ အမိန့်တစ်ရပ်ကိုထုတ်ပြန်တာဖြစ်ပြီး ဟုမ္မလင်းမြို့နယ်တစ်ခုလုံးအကြုံးဝင်တယ်လို့ ဆိုပါတယ်။ 

တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ စိုးရိမ်ဖွယ်ရှိတာကြောင့် အခုလိုထုတ်ပြန်တာဖြစ်တယ်လို့ဆိုထားပါတယ်။ 

ညမထွက်ရအမိန့်တစ်ရပ်အပြင် လူ ၅ ဦးနဲ့ ၅ ဦးအထက် စုဝေးတာကို တားမြစ်သလို  ၊  အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ စုဝေးတာတွေကို မပြုလုပ်ရဘူးလို့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ 

အခုလို ညမထွက်ရအမိန့်ကို ၂၀၂၄ ခုနှစ်​ ဒီဇင်ဘာလမှ တစ်ကြိမ်ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်မှာ နောက်ထပ်တစ်ကြိမ်ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *