ဟုမ္မလင်း နားမော်ကျေးရွာမှာ SNA နဲ့ KIA+PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့

ဒီဇင်ဘာ ၂၄ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ၊ဟုမ္မလင်းမြို့နယ်  နားမော်ကျေးရွာက ကင်းစေတီဘုရားကုန်းတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ KIA + PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား မနေ့က ဒီဇင်ဘာ (၂၃) ရက်မှာ တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှသိရပါတယ်။

ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မနက် (၈) နာရီကျော်အချိန်မှ စတင်ပြီး နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားချိန် (၂ )နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ကမနက်ကဖြစ်တာ မနက် ၈ နာရီကျော်မှာဖြစ်တာ ဘယ်နားဖြစ်တယ်ဆိုတာတော့မသိဘူး ပစ်ခတ်သံတွေကိုတော့ကြားရတယ် အကြာကြီးဖြစ်နေတာ တစ်မနက်လုံးဖြစ်နေကြတာ နားမော်ဘက်ဖြစ်မယ် ပစ်သံက နီးနီးလေး ကြားနေရတာ ” လို့ အဆက်အသွယ်ရရှိသူ ဒေသခံတစ်ဦးကပြောပြပါတယ်။

နေ့လည်ပိုင်းမှာ ခတ္တပစ်ခတ်သံရပ်တန့်သွားပြီးနောက် ညနေပိုင်းအချိန်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဟုမ္မလင်းမြို့နယ်အတွင်းရှိ နားမော်ကျေးရွာ၊ လွှစင်ကုန်းကျေးရွာနှင့် ကင်းစေတီဘုရားကုန်းနေရာများတွင် နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေပြီး အချိန်မရွေး တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်တဲ့ အခြေအနေရှိနေတာကြောင့် ဒေသခံများက စိုးရိမ်နေကြတယ်လို့လည်း ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *