
ဇွန် ၂၄ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နဲ့ ဗန်းမောက်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ချောင်းကြီးချောင်းအတွင်းမှာ အခုရက်ပိုင်းအတွင်း စက်လှေတိမ်းမှောက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မနေ့ ဇွန်လ(၂၃) ရက်နေ့က မွန်းလွဲပိုင်းခန့်အချိန်မှာ ချောင်းကြီးချောင်းအတွင်း ပြေးဆွဲနေတဲ့ စက်သုံးဆီတင် ရေယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။
ချောင်းကြီးချောင်းထဲက ရေတံခွန်တောင်အလွန် အကွေ့တစ်ခုမှာ တိမ်းမှောက်ခဲ့တာလည်းဖြစ်ပါတယ်။
တိမ်းမှောက်တဲ့ စက်လှေ ပိုင်ရှင်ကို မသိရှိရသေးပေမယ့် ၎င်းလှေပေါ်မှာ စက်သုံးဆီ ၁၀ လုံးကျော်တင်ဆောင်လာခဲ့တယ်လို့လဲ ဒေသခံများရဲ့ပြောစကားများအရ သိရှိရပါတယ်။
အခုလိုစက်လှေတိမ်းမှောက်မှုတွေမကြာခဏ ဖြစ်ပွားနေတယ်လို့လည်း ဒေသခံစက်လှေမောင်းသူများထံမှ သိရပါ တယ်။
ဒီမတိုင်ခင် ဇွန်လ(၂၂)ရက်နေ့ကလဲ စက်လှေတစ်စီး ရေကြောင်းတွင်း သစ်ငုတ်နဲ့တိုက်မိကာ မတော်တဆ တိမ်းမှောက်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ဖူးပါတယ်။
ချောင်းကြီးချောင်းဟာ အခုနှစ်မှာ ရေကြောင်းတိမ်ကောလာမှုတွေကြောင့် ခရီးကြန့်ကြာမှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေအကြား အခက်အခဲတွေဖြစ်လာတယ်လို့ သိရပါတယ်။
ဒီနှစ်ကတော့ မိုးခေါင်ပြီး အပူချိန်တွေမြင့်တက်မှုကြောင့် ချောင်းရေတွေ ခန်းခြောက်နေတာလည်းဖြစ်လို့ဆိုပါတယ်။
ဒီချောင်းဟာ ဟုမ္မလင်းအတွက် လိုအပ်တဲ့ ကုန်စည်အားလုံးကို သယ်ဆောင်ပေးနေတဲ့ ချောင်းတစ်ခုလည်းဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ကစလို့ ဒီချောင်းကနေ ကုန်စည်စီးဆင်းမှု အဆပေါင်းများစွာမြင့်တက်လာခဲ့ပါတယ်။
ချောင်းကြီးချောင်းတစ်လျှောက်ရှိိ အထင်ကရသမိုင်းနေရာတွေဟာ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ လူမှုဘဝတွေနဲ့ ဆက်စပ်နေတာလည်းဖြစ်ပါတယ်။