

ဇွန် ၁၂ ၊ ဒေလီ
လူပေါင်း ၂၄၂ ဦးလိုက်ပါလာတဲ့ အဲယားအိန္ဒိယလေယာဉ်တစ်စင်းဟာ အိန္ဒိယအနောက်ပိုင်း Ahmedabad မြို့ရှိ နိုင်ငံတကာလေဆိပ်တစ်ခုအနီးမှာ ဒီနေ့ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာ ပျက်ကျခဲ့ကြောင်း လေကြောင်းလိုင်းနှင့် အစိုးရက ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျပြီးခဏအကြာ ဆိုရှယ်မီဒီယာသို့ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ လေဆိပ်၏တောင်ဘက်အရပ်မှ အရပ်သားတွေနေတဲ့ ကောင်းကင်ယံသို့ ထူထပ်တဲ့ မီးခိုးမည်းများ တက်လာခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၄၂ ဦး တင်ဆောင်ခဲ့သည်။ အဲဒီအထဲမှာ အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသား ၁ ဦးနဲ့ ပေါ်တူဂီနိုင်ငံသား ၇ ဦး၊ “ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံကို ပို့ထားပါတယ်” ဟု အစိုးရတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ထွက်ခွာရန် စီစဉ်ထားသည့် လေယာဉ်ပေါ်တွင် ခရီးသည် မည်မျှသေဆုံးခဲ့သည်ကို ချက်ချင်းမသိရသေးပေ။
“Ahmedabad မှာ လေယာဉ်ပျက်ကျမှုအကြောင်း အံ့ဩတုန်လှုပ်မိပါတယ်” ဟု အိန္ဒိယ၏ အရပ်ဘက်လေကြောင်းဝန်ကြီး Ram Mohan Naidu Kinjarapu က X တွင် ရေးသားခဲ့ပါတယ်။
