
ဇွန် ၄ ၊ မန္တလေး
၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းဖွင့်ချိန်မှာ ဇွန်လ ၂ ရက်နေ့ထိ တက်ရောက်နေသူ ၅.၈ သန်းရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စာသင်နှစ်မှာ ကျောင်းအပ်နှံပြီး တက်ရောက်ခဲ့သူဟာ ၆.၃ သန်းရှိခဲ့ပြီး လေးသိန်းနီးပါး လျော့ကျခဲ့တယ်လို့ဆိုပါတယ်။
တိုင်းရင်းသားဒေသအများစုမှာ စာသင်ကျောင်းတွေဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိဘဲ တိုင်းနဲ့ပြည်နယ်က မြို့တော်တွေနဲ့ မြို့ကြီးတွေမှာသာ ဖွင့်လှစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ယခုနှစ်မှာ တိုက်ပွဲပြင်းထန်တဲ့ကျေးလက်တွေသာမက စစ်ရေးတင်းမာတဲ့ ဒေသတွေမှာပါ စာသင်ကျောင်းများဖွင့်လှစ်နိုင်ဖို့ ခက်ခဲကြပ်တည်းမှုများစွာရှိနေတာကြောင့် မြို့ပေါ်စာသင်ကျောင်းများသို့သာ ပြောင်းရွှေ့တက်ရောက်ခြင်းများရှိလာနေပါတယ်။
ဒီလိုပြောင်းရွှေ့ခြင်းများအပေါ်မှာလည်း ပြောင်းရွှေ့ကျောင်းဝင်ကြေးအဆမတန်ပေးဆောင်ရမှုတွေနဲ့ နိုင်ငံတော်အထောက်အပံ့များဖြစ်တဲ့ စာသင်ကျောင်းသုံးပစ္စည်းများနဲ့ငွေကြေးများမရရှိမှုတွေကြောင့် ကျောင်းအပ်နှံနိုင်ခြင်းမရှိသောကလေးသူငယ်များစွာရှိနေပါတယ်။
မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပြင်းထန်ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းရှိ စာသင်ကျောင်းအဆောက်အဦးတွေကို ယနေ့ထက်ထိ ရှင်းလင်းမှုများပြုလုပ်နေရဆဲဲလဲဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရလက်အောက်ရှိ ယခင်နှစ်တွေမှာ ဖွင့်လှစ်ခဲ့တဲ့မြေပြင်စာသင်ကျောင်းများအားလုံးကိုလည်း မေလကုန်ပိုင်းမှစပြီး ခတ္တယာယီပိတ်ရန် ညွှန်ကြားထားပြီး အွန်လိုင်းကျောင်းများကိုသာဖွင့်လှစ်မယ်လို့ဆိုထားပါတယ်။
