နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံများတွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ တင်ပြခွင့်မရ

Daw Aung San Su Kyi Meetin Public in Pinlaebue Township / Photo – Zaw Zaw

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ၌ ဒေသခံများမှ ဆွေးနွေးတင်ပြခွင့် မရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲကို ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပင်လည်ဘူးမြို့နယ်ခန်းမတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည် ။ 

“သူတို့ထဲမှာ စကားပြောခွင့် ရတာတောင်မှ ထိထိရောက်ရောက် အကောင်ထည်မပေါ်ခဲ့သေးတာတွေလည်း ရှိသေးတယ်လေ။ ခုက ဘာမှ စကားပြောခွင်တောင်မရဘူး “ဟု ပင်လည်ဘူး ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဒုဥက္ကဌ ဦးခင်မောင်မြင့်ကပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒေသခံများမှ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ချင်သော်လည်း ကျောင်းသားလူငယ်လေးဦးသာ လမ်းပန်းဆက်သွယ်ရေး၊ မူးယစ်ဆေးဝါး၊ အမှိုက်များကင်းရှင်းနိုင်ရေး စသည့် လိုအပ်ချက်၊ အခက်ခဲများကို ဆွေးနွေးတင်ပြခွင့်ရရှိပြီး အခြား မည်သူမှ ဆွေးနွေးတင်ပြခွင့် မရရှိခဲ့ကြောင်း တက်ရောက်ခဲ့သူ ပင်လည်ဘူးမြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မှ ဇော်ဇော်ကပြောသည်။

” ခုတွေ့ဆုံပွဲမှာပြောရရင်တော့ ၂၀၂၀အတွက် မဲလာဆွယ်တာလို့ပဲမြင်တာကျန်တာထူးထူးထွေထွေတော့ မရှိပါဘူး ” ဟု ၎င်းကဆက်ပြောသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်လိုအပ်ပြီး ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းများ မကောင်းမွန်သေးကြောင်း စသည်များ ပြောကြားသွားကြောင်း ၎င်းကဆက်ပြောသည်။

Shanni Youth in Pinlaepu/ Photo – Zaw Zaw

ထိုတွေ့ဆုံပွဲကို ပင်လည်မြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ ၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ၊ ကတူးရိုးရာအဖွဲ့များ ၊ ဒေသခံများနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ