၀န်းသိုစော်ဘွားရုပ်တု ထားရန်နေရာရပြီ

ပန်းချီ ပန်းပု ပညာရှင် စူးမြင့်သိန်းမှ ဝန်းသိုစော်ဘွားရုပ်တုကိုထုလုပ်နေစဉ် Photo – Sai Aung Myo Lwin

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရုပ်တု စိုက်ထူရန် နေရာ အခက်အခဲရှိနေရာမှ ယခုအခါ ဝန်းသိုမြို့တွင် မြေနေရာ အလှူရှင်ပေါ်ပေါက်လာသဖြင့် နေရာ သတ်မှတ်နိူင်ပြီဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်နေသော ဆရာတော် ဦးသူရိယက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။ 

“ မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မြို့အထွက်မှာရတယ်။ ရထားကနေရော ကားလမ်းကနေရော ဘယ်နေရာကကြည့်ကြည့် မြင်ရတဲ့နေရာပေါ့။ ပန်းခြံပါလုပ်ဖို့ အစီအစဉ် ရှိပါတယ်။” ဟု ဆရာတော်က မိန့်ကြားည်။ 

အနံ ၁၂၀ အလျား ၂၃၀ ကျယ်သောမြေကို ဝန်းသိုဇာတိသား ဦးဝင်းဗိုလ်က တစ်ဝက်စာမြေနေရာအား လှူဒါန်းမတည်ပေးပြီး ကျန်တဝက်ကို အလှူရှင်များထံမှ လှူဒါန်းငွေများဖြင့် ဝယ်ယူမည်ဖြစ်ကြောင်းလည်း သိရသည်။

“ စော်ဘွားကြီးရဲ့ အနွယ်တော်တွေလည်းမတည် ထည့်ဝင်ကြမယ်ဆိုပြီး ပြောလာကြပါတယ်။ နောက်ထပ်အလှူရှင်တွေကိုလည်း ဖိတ်ခေါ်နေပါတယ်။” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။ 

မြေဝယ်ရန်လိုအပ်ငွေမှာ ကျပ်သိန်းနှစ်ရာခန့်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ 

စော်ဘွားကြီးရုပ်တုအား မန္တလေးမြို့ ပန်းချီ ပန်းပု ပညာရှင် ဆရာစူးမြင့်သိန်းဦးဆောင်မှုဖြင့် ရှမ်းနီလူငယ်အဖွဲ့ချုပ်က မန္တလေးမြို့တွင် ထုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အင်္ဂတေရုပ်တု အမျိုးအစားဖြစ်သည်။

ရုပ်တုသယ်ဆောင်နိူင်ရေးအတွက် ရွှေနဂါးမင်းကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဒေါ်တင်ညွှန့်က ကုန်ကျငွေကို လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

စော်ဘွားကြီးရုပ်တုမှာ အောက်ခံခုံ အမြင့် ခြောက်ပေခန့် နှင့် ရုပ်တုအမြင့် တစ်ဆယ့်ရှစ်ပေ စုစုပေါင်း ၂၄ ပေခန့်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ