လယ်ယာမြေများတွင် တရားမဝင်ရွှေတူး ဖော်မှုများပြုလုပ်နေ

Photo – File/ Shanni Voice

ဟုမ္မလင်းမြို့နယ် ကွန်းသောင်း အုပ်စု၊ဟဲခမ်းကျေးရွာရှိ လယ်ယာမြေများ ကြားတွင် တရားမဝင်ရွှေတူးဖော်မှုများပြု လုပ်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတူးဖော်နေသည့်ကုမ္ပဏီ များသည်မြန်မာမောင်နှင့်လင်းလက် ရောင်ကုမ္ပဏီတိို့ဖြစ်ပြီး ကွန်းတောင်းကျေး ရွာအုပ်စုနှင့်ဟဲခမ်းရွာသစ်ကျေးရွာတို့၏ လယ်ယာနယ်နိမိတ်ကြားတွင်လုပ် ကိုင် လျက်ရှိနေကြောင်း ဟဲခမ်းရွာသစ် အုပ် ချုပ်ရေးမှူး ဦးစောမောင်ကပြောကြား သည်။

“လယ်ယာကြားလို့သာပြောသာ ဘာမှမသုံးရတဲ့နေရာစိမ်းတောနေရာကြီး နွေစပါးလည်းမရ၊မိုးစပါးလည်းမရ၊ယာ လဲလုပ်လို့မရတဲ့နေရာ”ဟု ၎င်းကဆက် ပြောကြားသည်။

အဆိုပါရွှေမျှောများ သည်တောင် သူများ၏ လယ်ယာစိုက်ပျိုးမြေများကြား ဖြစ်နေသောကြောင့် လယ်ယာမြေများ ပျက်စီးလာနိုင်သဖြင့် တောင်သူလယ်သ မားများကန့်ကွက်သင့်ကြောင်းတရားမဝင် ရွှေတူးဖော်မှုပပျောက်ရေးဆောင်ရွက်နေ သူဒေါ်စန်းစန်းဝင်းကပြောသည်။

“ကျွန်တော်တို့လယ်မှီးဘက်မှာဆို မုရင်းလယ်လုပ်ထားတယ်။အဲ့ဒီကနေ အောက်ဘက်လုပ်ပြီးဆင်းသွားမှာလော လောဆယ်တော့ ကျွန်တော်တို့လယ်ကို တော့မပါသေးဘူး၊ အောက်ပိုင်းလယ်က လယ်တွေဆိုမျှောမှီးရေကတော့သွားမှာပဲ။ နောက်ပိုင်းဆို ပျက်မှာပဲ”ဟု ဟဲခမ်းရွာ သစ်မှ လယ်သမားဦးစံညွှန့်ကပြောသည်။

အဆိုပါရွှေမျှောများသည်လတ်တ လောရေရရှိမှုအခက်အခဲများကြောင့်လုပ် ငန်း ရပ်ထားထားကြောင်း ဦးစံညွှန့်က ပြောကြားသည်။

“လယ်ယာတေပျက်တဲ့အထိတော့ ကျွန်တော်တို့လည်းကြည့်မနေပါဘူး။အခု ဟာလောလော ဆယ်ပတ်ဝန်းကျင်မှာရှိ နေတဲ့လယ်တွေ သူတို့အနေနဲ့သဘောတူ လို့လုပ်ခိုင်းထားတဲ့ပုံစံ”ဟု အုပ်ချုပ်ရေး မှူးဦးစောမောင်ကဆိုသည်။

ရွှေတူးဖော်နေသော မြန်မာမောင် ကုမ္ပဏီနှင့် လင်းလက်ရောင်ကုမ္ပဏီနှစ်ခု သည် အစိုးရမှလုပ်ပိုင်ခွင့်ချထားခြင်းမရှိ သေးသည့်ကုမ္ပဏီဖြစ်ကြောင်း ဟုမ္မလင်း မြို့နယ် သတ္ထုတွင်းဌာနမှဦးအောင်ကျော်ထွန်းက ရှမ်းနီအသံမေးမြန်းမှုကိုဖြေကြား ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ