မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓဘာ သာစစ်စစ်ထွန်းကားလျက်ရှိနေသေး သည်။”ထေရဝါဒ”ဟူသည်မြတ်စွာဘုရား ဟောကြားဆုံးမတော်မူသည့်သုတ်၊ဝိနည်း ၊အဘိဓမ္မာတရားများအားမူရင်းအတိုင်းမ နုတ်မတိုးတန်ဖိုးထားကာထေရ်စဉ်အ ဆက်ဆက်ထိန်းသိမ်းလိုက်နာခြင်းဟုဆို ကြသည်။ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ် သည်နှင့်အညီတိုင်းနယ်ပြည်အနှံ့ဗုဒ္ဓဘာ သာသံဃာတော်များနှင့်လူဒါယိကာ၊ဒါယ ကာမများရှိကြသည်။ထိုသံဃာတော်များ ကထိုဒါယိကာ၊ဒါယကာမများကိုမှီခိုပြီး ပစ္စည်း(၄)ပါးကိုမှီကာသာသနာပြုရ၏။ ပစ္စည်း(၄)ပါးအနက်နေ့စဉ်နေ့တိုင်းအဓိ ကျသည်မှာဆွမ်းပင်ဖြစ်သည်။ဆွမ်းပြည့် စုံမှသာကျန်သည့်သာသနာပြုခြင်းများ အားပြုလုပ်နိုင်မည်ဖြစ်သည်။ပရိယတ္တိစာ သင်တိုက်များမှအခြေတည်လျှက်လောကု တ်လောကီတိုးတက်စည်ပင်ကြောင်းများ ကိုဆွမ်းကိုယ်စီဖြင့်ထမ်းပိုးနေလျှက်ရှိတဲ့ သံဃာတော်များမြန်မာပြည်အနှံ့ရှိနေသေး သည်မှာထင်ရှားလှပါသည်။ထိုသံဃာ တော်များသည်ဘုန်းကြီးကျောင်းသား၊ထို မှရှင်ပြုကိုရင်လေးဖြစ်ကာဆရာသမားမိ ဘများတိုင်ပင်ကာစာသင်တိုက်ပို့ကြရ သည်။ယနေ့ခေတ်သည်လောကုတ္တရာ ဘောင်အတွင်းနေထိုင်ရေးထက်လောကီ ပညာရေးဘက်အထူးအားသန်နေကြ သည်မှာလည်းတစ်တိုင်းပြည်လုံးပင်ဟု အများအားဖြင့်ဆိုနိုင်သည်။ လောကီပညာရေးသည်လည်း ကောင်းပါ၏။သို့သော်လူသားတို့မည် သည်ကိုးကွယ်ရာဘာသာတရားကလူ သားတိုင်းဧကန်ရှိကြရသည်။ထိုကိုးကွယ် သောဘာသာတရားသည်ထိုဘာသာဝင် များထဲမှာဘာသာရေးခေါင်းဆောင်ဖြစ် ကြသည်မဟုတ်လေလော။ဤသို့ဆိုပါမူ ဘာသာရေးခေါင်းဆောင်ဖြစ်ရန်အတွက် ငယ်ကတည်းကမွေးမြူရန်လိုအပ်ပေ သည်။ကိုရင်လေးများအားနေထိုင်စား သောက်ဝတ်ဆင်ရေးနှင့်သူ့အရွယ်နှင့်သူ ဆော့ဖို့ရန်၊ဘုရားဖူးတက်ရန်၊ စာအံကျော င်းတက်ရန်၊စာဝါတတ်ရန်စည်ကမ်းများ ချမှတ်၍သာသနာမျိုးဆက်ပြတ်မသွားစေ ရန်စာတတ်ဆရာတော်များမှမိမိ၏လာ ဘောလာဘများအားဇိမ်ခံမနေပဲသာသနာ တော်အတွက်နိုင်သည့်ဘက်မှနိုင်သရွေ့ ထမ်းဆောင်နေလျှက်ရှိပါသည်။ငယ်လ တ်ကြီးစာမေးပွဲများမှတဆင့်အစဉ်အလာ ဓမ္မာစရိယဘွဲ့၊တက္ကသိုလ်ဓမ္မာစရိယဘွဲ့ထို မှကမ္ဘာ့နိုင်ငံသီးသီးသို့သွားရောက်၍ ခေတ်ကပညာရပ်အားကျယ်ကျယ်ပြန့်ပြန့် ဝေဖြန့်နိုင်ရန်တက်ရောက်သင်ယူနေ ကြသူများလည်းမြင်တွေ့ရသည်။ထိုအ တတ်ပညာများကိုပြည်တွင်းပြည်ပကမ္ဘာ့ နိုင်ငံအနှံ့ဖွင့်လှစ်ပြသနေကြသည်မှာ လည်းနိုင်ငံအနံ့နေရာအနံ့ပင်ဖြစ်သည်။ တရားဟောဆရာတော်များစာရေးဆရာ ( စာဆို)ဆရာတော်များကလည်းခေတ်ကာ လအပြောင်းအလဲနှင့်မကွယ်သင့်မကွယ် ထိုက်သည်တို့ကိုမကွယ်ပျောက်ရေး၊ကွယ် သင့်ပယ်သင့်သည်များကိုချန်ထားခဲ့ရေး များအားလောကဓမ္မသဟဇာတဖြစ်အောင် ကလောင်ကိုယ်စီဖြင့်အလှဆင်လျက်ရှိ ပေသည်။

(၂)
စာရေးသူ၏မွေးရပ်မြေဖြစ်သော စစ်ကိုင်းတိုင်းပင်လည်ဘူးမြို့နယ်လေး တွင်ထူးခြားသောရိုးရာအစဉ်အလာတစ်ခု ကောင်းမွန်သောဓလေ့တစ်ခုလူတို့နိဗဒ္ဓ ကုသိုလ်ရှိပေသည်။၎င်းမှာ]]ဆွမ်းပို့}}အ လှူကုသိုလ်ဖြစ်သည်။ထိုဆွမ်းပို့ခြင်း သည်ပင်လည်ဘူးနယ်ဗန်းမောက်နယ် ဖောင်းပြင်နယ်များသာရှိသည်ဟုဆိုနိုင် သည်။ နံနက်တိုင်းအာရုံတက်ချိန်တွင် သက်ကြီးရွယ်အိုအဖိုးအဖွားများကဆွမ်း တာင်းများကိုယ်စီထမ်းပြီးကျောင်းသို့အ ရောက်နေ့စဉ်ဆွမ်းပို့ကြသည်။စုပေါင်း၍ ငါးပါးသီလဥပုသ်နေ့ဆို(၈)ပါးသီလ ဆောက်တည်ပြီးမှပြန်ကြသည်။ဆွမ်း တောင်းအားအခြားမည်သည့်နေရာမှမသုံး ကြပေ။အမြင့်တစ်နေရာတွင်တင်ထားကြ သည်။ဆွမ်းပို့ခါနီးမှယူပြီး]]ဘုရားဆွမ်း တော်ဆွမ်း(ထမင်း၊ဟင်း)၊အခြားသော မုန့်ပဲသရေစာ၊ဘုရားပန်း၊ကန်တော့ပန်း}} တို့အားထည့်၍ထမ်းပိုးဖြင့်ထမ်းကာမည် မျှမိုးရွာရွာ၊မည်မျှအေးခဲပါစေအရောက် လာပို့လေ့ရှိသည်။ထိုဆွမ်းတောင်းသည် ရွာတိုင်းယက်လုပ်တတ်ကြသည်မဟုတ် ပေ။ဝါးပိုးဝါးအားသူ့နည်းသူ့ဟန်ဖြင့် ခွဲ ချမ်းစိတ်ဖြာ၍ယက်လုပ်ကြသည်။ယက် လုပ်ပြီးသောထိုဆွမ်းတောင်းကိုသစ်စေး ပင်မှထွက်သောသစ်စေးဖြင့်သုတ်လိမ်း ကြရသည်။သစ်စေးသည်ယခုခေတ်သ င်္ဘောဆေးကဲ့သို့ပင်။
ဒေသခံများသည်ဆွမ်းတောင်း၊ဘု ရားပန်းကလပ်၊ဆွမ်းတင်ကလပ်၊ပန်းတင် ကလပ်၊ဒေါင်းလန်း၊ခမောက်တို့အားသ င်္ဘောဆေးမသုတ်ပေ။သစ်ဆေးကိုသာ လျှင်သုတ်လေ့ရှိဦကြသည်။သစ်စေးသည် ဝါးကိုခိုင်စေသည်၊မိုးဒဏ်ခံသည်၊မိုးလုံ သည်အရောင်မည်းနက်သည်။ထို့ကြောင့် သစ်စေးသုတ်သည်ကိုပို၍သဘောကျကြ သည်။ဘုရားဆွမ်းတော်နှင့်ဘုရားပန်း သည်ကျောင်းရောက်သည်နှင့်ကျောင်း သားများပြင်ထားသောဆွမ်းတင်ကလပ် နှင့်ပန်းတင်ကလပ်တွင်ကပ်လှူပူဇော်ကြ သည်။သံဃာတော်များထမင်း၊ဟင်း၊ မုန့် ပဲသရေစာများဖြင့်ဆွမ်းစင်တွင်ကျောင်း ၏ခွက်များထဲသို့လှဲလှည်ထားကြသည်။ အချို့သောအလုပ်မအားသူများကသီလ မဆောက်တည်ခင်ပြန်ကြသည်။အလုပ် အားသူများကစုပေါင်း၍သီလဆောက် တည်ပြီးမှပြန်ကြသည်။ဤသည်ကားဤ အရပ်ဒေသများ၏နေ့စဉ်ပြုနေသောနိဗဒ္ဓ ကိုသိုလ်ပင်။မြတ်စွာဘုရားဟောကြား တော်မူသည့်ဇာတ်တော်များ၌မူလည်း ထိုခေတ်ကတကာတကာမများသည်ဘု ရားကျောင်းကန်သို့သွားသည့်အခါဆွမ်း ဆီမီးပန်းစတုမဓူတင်လဲပျားရည်စသဖြင့် လှူဖွယ်တစ်ခုခုယူသွားကြသည်ကိုတွေ့ရှိ ရပေသည်။ထိုထုံးတမ်းကိုနှလုံးမူကြသည် ဟုယူဆမိပါသည်။ကောင်းမြတ်သောထုံး ဓလေ့တစ်ခုပင်။
သပ္ပူရိသသုတ္တန်တွင်
“သဒ္ဓါဒါန=ရတနာသုံးပါးကံကံ၏ အကျိုးတရားသိ၍ယုံကြည်သဖြင့်လှူ ဒါန်းခြင်း။”
“သက္ကစ္စဒါန= အလှူခံပုဂ္ဂိုလ်အား ရိုရိုသေသေလေးလေးမြတ်မြတ်တန်ဖိုး ထားလှူဒါန်းခြင်း”
“ကာလဒါန= လိုအပ်သည့်အချိန် တွင်လိုအပ်သောပစ္စည်းများအားလှူဒါန်း ခြင်း”
“အနုဂ္ဂဟိစိတ္တဒါန= မိမိလှူဒါန်း မည့်အလှူပစ္စည်းအပေါ်၌ငြိစွန်းတပ်မက် နေခြင်းမရှိဘဲလှူဒါန်းခြင်း}}
“အတ္တာနဉ္စပရဉ္စအနုဟဇ္ဇဒါန= အလှူဖြစ်မြောက်ဖို့အတွက်မိမိသူတစ် ပါး မထိပါးစေပဲစင်ကြယ်သန့်ရှင်းစွာလှူ ဒါန်းခြင်း” ဟုလေ့လာမှတ်သားရပါသည်။
ဆွမ်းပို့ခြင်းသည်မိမိတို့၏သဒ္ဓါအ လျှောက်ကျောင်းသို့လာပို့ခြင်း၊ကျောင်း ရှိဘုရားဆင်းတုတောင်များသံဃာတော် များအားရိုသေလေးစားသည့်စိတ်ထားဖြင့် ပို့ခြင်း။နံနက်အာရုံတက်ချိန်ဆွမ်းဘော ဇဉ်များကိုအချိန်ကာလမှန်စွာပို့ခြင်း၊မိမိ ပို့မည့်ဆွမ်းဘောဇဉ်သည်မိမိတို့အိမ်တွင် စားမည့်အထဲမှာဦးဦးဖျားဖျားခူးခတ်၍ပို့ တာကြောင့်တပ်မက်နေမည်မှာမဟုတ်ပေ ဆွမ်းပို့ခြင်းသည်ဘိုးဘွားစဉ်ဆက်ပို့လာ ကြသည်ဖြစ်၍မာနပြိုင်နေသည်မဟုတ်၊ မိမိတို့အိမ်အတွက်ချက်သည့်ထဲမှခူးဖဲ၍ အခြားသူများအားလည်းမထိခိုက်ပေ။ထို့ ကြောင့်ဆွမ်းပို့ခြင်းသည်သပ္ပူရိသဒါန ငါးတန်နှင့်လုံးဝကိုက်ညီသောအလှူဖြစ် ပေသည်။ကျောင်းသံဃာတော်များသည် လည်းအပါးများလျှင်အလှည့်ကျ၊တစ်ပါး တည်းရှိပါမူလည်းတစ်ပါးတည်းပင်ဆွမ်း ပို့လာသည့် တကာတကာမများအားနံ နက်တိုင်းသီလပေးတရားချီးမြှင့်ကြသည် ထို့အတွက်လည်းနေ့စဉ်ဓမ္မဒါနကုသိုလ် ဖြစ်နေပြန်သည်။ဆွမ်းပို့ခြင်းအလေ့အထ သည်မကွယ်သင့်သောအလေ့အထဖြစ်ယ နေ့တိုင်စာရေးသူတို့ဒေသတွင်အဆင်သင့် လျှက်ရှိနေသေးသည်မှာဝမ်းသာစရာဖြစ် ၍ ဂုဏ်ယူစွာရေးသားတင်ပြလိုက်ရပေ၏ ။

မောင်ဥုက်ကန် (ပင်လည်ဘူး-ပင်းမူ)

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ