အမျိုးသားရေးဂလိုဘယ်

အမျိုးသားရေးပုံရိပ်၊အမျိုးသားရေး လက္ခဏာ၊အမျိုးသားရေးအသွင်ဆောင် လမ်းကြောင်း၊အမျိုးသားရေးဗျူဟာ၊အ မျိုးသားရေး ဦးတည်ရည်မှန်းချက်၊အမျိုး သားရေးဖြစ်တည်မှု၊အမျိုးသားရေးဖြစ်စဉ် သမိုင်း၊အမျိုးသားရေးအဖွဲ့အစည်း၊အမျိုး သားရေး၊အမျိုးသားရေးအခြေပြု၊အမျိုး သားရေးဖော်ထုတ်မှု၊အမျိုးသားရေးတိုက် ပွဲ၊အမျိုးသားရေးမျှော်လင့်ချက်၊အမျိုး သားရေးပညာ၊အမျိုးသားရေးဂီတ၊အမျိုး သားရေးစာပေယဉ်ကျေးမှု၊အမျိုးသားရေး အစဉ်အလာ၊အမျိုးသားရေးဖြန့်ကျက်မှု၊ အမျိုးသားရေး စတဲ့အမျိုးသားရေးဆိုင် ရာအညွှန်းတွေဟာ ဖော်ဆောင်ကြတဲ့အ အကြောင်းအရာအပေါ်မူတည်ပြီး အမျိုး အမည်ကွဲလွဲတဲ့ အခြေအနေတွေဖြစ်တတ် ပါတယ်။ တကယ်တော့အမျိုးသားရေးဆိုင် ရာစံညွှန်းတွေအရ ဝေါဟာရများကွဲပြားနေ လေ့ရှိပေမဲ့ မူလအကြောင်းအရင်းဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုး တိုးတက်ခိုင်မာစွာနဲ့ရေ ရှည်တည်တံ့နိုင်ရေးဟာပဓာနကျပါတယ် ။ကမ္ဘာပေါ်ကလူမျိုးတစ်မျိုးချင်းစီရဲ့အ မျိုးသားစံညွှန်းတွေဟာဂလိုဘယ်လိုက် ဇေးရှင်းခေတ်ရဲ့ကမ္ဘာ့ရွာကြီးဖြစ်နေခြင်း ကသည်ပင်လျှင်လူမျိုးတစ်မျိုးခြင်းအမြင် များထက်လူသားဆန်ခြင်း၊လူသားပီသ ခြင်း၊လူ့အပြုအမူဖြစ်နေခြင်းများအပေါ် ပိုလို့အလေးထားနေတာတွေကိုတွေ့မြင် ကြရမှာပါ။ကမ္ဘာ့ကြီးရဲ့ပြဿနာအတော် များများဟာလူအမျိုးတစ်မျိုးရဲ့အားထုတ် ကြိုးပမ်းမှုထက်လူသားထုတစ်ရပ်လုံးရဲ့ ပြဿနာများ အဖြစ်မျှတစွာခံယူတတ်တဲ့ ယဉ်ကျေးမှုတွေထွန်းကားလာပါတယ်။ဒါ ဟာအမျိုးသားရေးအညွှန်းကိန်းတွေအရ ဆုတ်လက္ခဏာဆောင်တဲ့အခြေအနေတွေ လို့ယေဘူယျဆိုနိုင်ပေမယ့်ဂလိုဘယ် လိုက်ဇေးရှင်းအရသက်ရှိလောက်နဲ့လူ သားဆန်မှုအတွေးအမြင်တွေကိုဖွံ့ဖြိုးစေ မှာဖြစ်ပါတယ်။ ဒါပေမယ့်ဒီလိုလူသားဆန်မှုရဲ့က မ္ဘာ့ရွာကြီးဖြစ်တည်မှုဟာအခြေအနေအ ကြောင်းအရာပေါ်မူတည်ပြီးအမှန်တကယ်ဖြစ်ထွန်းနေပေမဲ့အချို့သောက ဏ္ဍတွေမှာတော့လူမျိုးစွဲဝါဒစွဲတွေကြောင့် ပဋိပက္ခအသွင်ဆောင်ပြဿနာများက လည်းအရှိန်အဟုန်အားကောင်းလျှက်ရှိပါ တယ်။ ကာလတွေအချိန်တွေပြောင်းလဲ လာသည်နှင့်အမျှဖွံ့ဖြိုးတိုးတက်တဲ့အ တွေးအမြင်များနဲ့လက်ရှိကမ္ဘာကြီးမှာလူ မျိုးတစ်မျိုးချင်းစီရဲ့ယဉ်ကျေးမှုအပိုင်းအစ တွေဟာပွတ်တိုက်ပွန်းပဲ့ရင်းတဖြည်း ဖြည်းအင်အားလျော့ပါးနေပါတယ်။အချိန်အခါအရအခြေအနေအရပြောင်းလဲ ခြင်းနိယာမသဘောအတိုင်းအရွေ့ရွေ့ ပြောင်းလဲမှုဖြစ်စဉ် အီပေါ်လူးရှင်းအရ (ဃ့ညေါန)သွားတာမျိုးဟာမသိမသာတဲ့ အပြင်ကာယကံရှင်လူမျိုးတွေအဖို့ရေစီး ကြောင်းပေါ်အလိုက်သင့်စီးမျှောတတ်ကြ ပါတယ်။အဲ့ဒီစီးမျှောနေမှုအပေါ်ကျေနပ် စွာ(ဝါ)မည်သို့မျှတုန့်ပြန်ရင်ဆိုင်ခြင်းငှာ မကြိုးစားမအားထုတ်ကြဘဲဖြစ်ရိုးဖြစ် စဉ်အဖြစ်သုံးသပ်နိုင်ကြပါတယ်။ကမ္ဘာ့ နိုင်ငံအသီးသီးမှာလူမျိုးအသီးသီးတွေရဲ့ ပထဝီအနေအထား၊ယဉ်ကျေးမှု၊ဘာသာစ ကားနဲ့ဓလေ့ထုံးစံရိုးရာအငွေ့အသက်တွေ ဟာတဖြည်းဖြည်းပျောက်ကွယ်လျော့ပါး သွားလျက်ရှိပါတယ်။ ဒါဟာတရွေ့ရွေ့ပြောင်းလဲဖြစ်စဉ် အရအီပေါ်လူးရှင်းသီအိုရီအရ မမြဲခြင်းအ ခြေအနေတွေကိုဖြစ်ပေါ်လျက်ရှိနေပါ တယ်။ဘာသာစကားတွေပျောက်ဆုံးတဲ့အ နေအထား၊စာပေတွေတိမ်ကောတဲ့အနေအ ထား၊မိရိုးဖလာအယူအဆတွေမှေးမှိန်တဲ့ အခြေအနေတွေဟာတရွေ့ရွေ့ပြောင်းလဲဖြ စ်စဉ်အရမသိမသာရောသိသိသာသာပါ ပြောင်းလဲလာတာပါ။လူမှုဝန်းကျင်မှာသိ ပ္ပံပညာရဲ့ထွန်းကားမှုတွေနဲ့အတူအခြား လူမှုဘဝတွေဟာရုပ်ပိုင်းဆိုင်ရာတိုးတက် ပြောင်းလဲလာသည်နှင့်အမျှအခြားတစ် ဖက်မှာရိုးရာအစဉ်အလာတွေဟာမှေးမှိန် စပြုလာနေပါတယ်။လူမျိုးအသီးသီးရဲ့အ မြင်မှာယခုကဲ့သို့ရုပ်ဝတ္ထုဆိုင်ရာဖွံ့ဖြိုးမှုနဲ့ အတူတရွေ့ရွေ့ပြောင်းလဲခြင်းကိုနှေးကွေး တဲ့အချိုးအကွေ့အဖြစ်သတိထားမိကြဟန် ရှိကာင်းရှိပါလိမ့်မယ်။ ဒါပေမဲ့တရွေ့ရွေ့ပြောင်းလဲဖြစ်စဉ် အရရုပ်ခြင်းပြောင်းလဲမူဖြစ်စဉ်တွေဟာခံ စားရသူလူမျိုးနွယ်စုတွေရဲ့နှလုံးသားဒဏ် ရာကိုပိုမိုပြင်းထန်စေတတ်ပါတယ်။တ ဖက်သတ်အင်အားသုံး၍သော်လည်း ကောင်း၊အခြားသောရည်ရွယ်ချက်ဖြင့် သော်လည်းကောင်း၊မျိုးနွယ်စုတစ်ခုလုံးရဲ့ (ဝါ) မျိုးနွယ်စုအစိတ်အပိုင်းတစ်ခုကိုလ ည်းကောင်းပျောက်ကွယ်ပျက်စီးစေလိုတဲ့ ဆန္ဒဟာမတရားမှုမြောက်ပါတယ်။တ နည်းအားဖြင့်မည်သည့်မျိုးနွယ်စုမဆိုအဲ့ဒီ လူမျိုးရဲ့ရိုးရာအစဉ်အလာဓလေ့ထုံးတမ်း တွေအပါအဝင်နေ့စဉ်တေထိုင်မှုဘဝတွေ ကိုပါကွယ်ပျောက်စေလိုတဲ့ဆန္ဒနဲ့လုံ့လပြု မှုဟဟာအဲ့ဒီမျိုးနွယ်စုတစ်ခုလုံးရဲ့ယဉ် ကျေးမှုအစိတ်အပိုင်းတွေကိုချိုးဖဲ့ဖျက်ဆီး သူအဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။ ဘယ်လူမျိုးနွယ်စုဖြစ်ဖြစ်၊တနည်း အားဖြင့်ပထဝီအားဖြင့်ကျဉ်းသည်ဖြစ် စေ၊ ကျယ်သည်ဖြစ်စေ၊မျိုးနွယ်စုဝင်နည်း သည်ဖြစ်စေ၊များသည်ဖြစ်စေအဲ့ဒီမျိုးနွယ် စုဝင်တွေရဲ့ကိုးကွယ်ယုံကြည်မှု၊ဘာသာစ ကား၊စာပေ၊ဂီတ၊ဝတ်စားဆင်ယင်မှုနဲ့အ ခြားသောလူမှုဘဝပုံစံတွေဟာဇွတ် အတင်းပြောင်းလဲစေခြင်း၊ဖိအားပေးခြင်း၊အ ခြားနည်းဖြင့်ကွယ်ပျောက်အောင် ကြံဆောင်လုံ့လပြုခြင်းတွေဟာမျိုးနွယ်စု တစ်ခုလုံးကို ကွယ်ပျောက်အောင်ဆောင် ရွက်ခြင်းနဲ့တူပါတယ်။ တနည်းအားဖြင့်အခွင့်အာဏာရှိကြ သူတွေကမျိုးနွယ်စုတစ်ခုရဲ့ရိုးရာအစဉ်အ လာလုပ်ထုံးလုပ်နည်းတွေရဲ့ယဉ်ကျေးမှု အစဉ်အလာကောင်းတွေကိုဆက်လက် သယ်ဆောင်ပြုလုပ်ခွင့်တွေပိတ်ပင်တာ မျိုးတားဆီးတာမျိုးကန့်သတ်ချုပ်ခြယ် တာမျိုးတွေဟာလည်းလူမျိုးနွယ်စုကွယ် ပျောက်ရေးကိုသွယ်ဝိုက်ပေးနည်းနဲ့ရည် ရွယ်ချက်ရှိရှိလုံ့လပြုခြင်းဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဘာမိမိတို့ရဲ့သဘော ဆန္ဒအလျောက်မိမိတို့ရဲ့ရိုးရာအစဉ်အလာ ယဉ်ကျေးမှုတွေကိုမိမိတို့ကိုယ်ပိုင်ဆုံး ဖြတ်ချက်နဲ့ပြောင်းမှုကိုကျေနပ်စွာလက်ခံ နိုင်ခြင်းဟာမွေးရာပါအခွင့်အရေးတွေဖြစ် ပြီး၊တစ်စုံတစ်ခုသောဖိအားကြောက်ရွံ့မှု အားတွေရဲ့အန္တရာယ်ရှိမှုအပေါ်ပြန်လည် ခုခံကာကွယ်ပိုင်ခွင့်တွေဟာလည်းအလို အလျောက်ရှိနှင့်နေပြီးသားဖြစ်ပါတယ်။ မိမိတို့ရဲ့အကြောက်အတရားအခြေ ခံတွေနဲ့ဆက်စပ်နေတဲ့ဖိနှိပ်မှုတွေကိုမှန် ကန်စွာရှုမြင်သုံးသပ်နိုင်တဲ့မျိုးနွယ်စုတွေ အဖို့အလိုအလျောက် ပြောင်းလဲမှုဖြစ် စဉ်နဲ့ အဓမ္မပြောင်းလဲမှုဖြစ်စဉ်တွေကိုသေ ချာဃဂနသိရှိကြမှာဖြစ်ပါတယ်။အဲ့ဒီပြောင်းလဲမှုဖြစ်စဉ်အပေါ်ပြန်လည်သုံးသပ် ဆန်းစစ်မှုမရှိဘဲရေစုန်မှာအသာမျှောပါ တတ်သူများအဖို့အဲ့ဒီမျိုးနွယ်စုတွေအ တွက်အချည်းအနှီးဖြစ်တတ်ပါတယ်။ပြန် လည်သုံးသပ်ဆန်းစစ်ပြီးထိန်းသိမ်းကာ ကွယ်ရမယ်လို့အသိတရားရှိတဲ့မျိုးနွယ် စု တွေအဖို့ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမယ်ဆိုတဲ့နေရှင်နယ်လစ် ဇင် အမျိုးသားရေးဝါဒတွေဖွံ့ဖြိုးလာနိုင် ပါတယ်။ အမျိုးသားရေးဝါဒဟာမိမိမျိုး နွယ်စုရဲ့ဘဝရပ်တည်ရေးနဲ့သမိုင်းအစဉ် အလာထိန်းသိမ်းစောင့်ရှောက်ကာကွယ် ရေးတွေအပြင်ဖွံ့ဖြိုးတိုးတက်ရေးတွေအ တွက်ပါအကျုံးဝင်လာပါတယ်။ မိမိအမျိုးသား၊မျိုးနွယ်စု၊မျိုးနွယ် ဝင်တွေအားလုံးကြီးမားတဲ့သမိုင်းအစဉ်အ လာရှိမှုနဲ့အတူဘယ်လိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ကြဉ်းကြရမယ်ဆိုတဲ့အမျိုး သားရေးဆိုင်ရာမူဝါဒတွေ၊ဗျူဟာလမ်းစ ဉ်တွေ၊ဥပဒေသတွေအစရှိသဖြင်ချမှတ်ပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ပိုင်ခွင့်ဟာလည်းအဲ့ဒီမျိုးနွယ် ရဲ့အခွင့်အရေးတွေဖြစ်ပါတယ်။ကမ္ဘာပေါ် ကဘယ်လူမျိုးမဆိုမိမိတို့နေထိုင်ရာဒေသ ပိုင်ဆိုင်ရာဝန်းကျင်၊ကိုးကွယ်ယုံကြည်မှု နဲ့ဘာသာစကားဓလေ့ထုံးတမ်းအစဉ် အ လာတွေဟာမိမိဖာသာစီစဉ်ပိုင်ခွင့်နဲ့ ပြောင်းလဲခြင်းအပေါ်ကျေနပ်စွာလက်ခံ နိုင်ကြသော်လည်း တစ်စုံတစ်ခုဖိအား ကြောက်အားအပေါ်အခြေခံပြီးဇွတ်အ တင်းပြောင်းလဲရခြင်းအပေါ်ကျေနပ်လက္ခံ ကြလိမ့်မယ်မမြင်ပါ။ ယနေ့ခေတ်ဂလိုဘယ်လိုက်ဇေးရှင်းခေတ်အခြေအနေမှာနေရှင်နယ်လစ်ဇင် အမျိုးသားရေးဝါဒသေးသိမ်တယ်လို့တ ချို့ယူဆကြပေမယ့်ဘယ်သူအပေါ်မှဘယ် လူမျိုးစုအပေါ်မှာမှမတရားဖိနှိပ်စော်ကား ကျူးကျော်မှုမရှိတဲ့မိမိအမျိုးသားရေးဖွံ့ဖြိုး တိုးတက်ရေးကိုသာမှန်ကန်စွာလျှောက် လှမ်းကြသူများကိုအမျိုးသားရေးဝါဒ(နေ ရှင်နယ်လစ်ဇင်)ဟာ ကမ္ဘာ့ဝါဒဖြစ်ပါ တယ်။ ကမ္ဘာ့ကြီးရဲ့ဘယ်နေရာကပြဿနာ ဖြစ်ဖြစ်လူသားအားလုံးရဲ့ပြဿနာသက် ရှိမျိုးနွယ်စုရဲ့ပြဿနာအဖြစ်မြင်နိုင်ဖို့တူ ညီတဲ့အခွင့်အရေးနဲ့ဖိနှိပ်မှုတွေအဆုံး သတ်တဲ့အချိန်ပေးမှုတွေလိုအပ်ပါတယ်။ လူမျိုးတစ်မျိုးယဉ်ကျေးမှုတစ်ခုအပေါ် ရည်ရွယ်ချက်ရှိရှိဖျောက်ဖျက်သွားစေလို ခြင်းအလို့ငှာနှစ်တိုနှစ်ရှည်စီမံချက်ချ ဆောင်ရွက်ခြင်း၊အင်အားများအရမှအင်အား နည်းသူအားဖိနှိပ်ခြင်း၊လက်နက်အားကိုး ဖြင့်ဖိနှိပ်စော်ကားခြင်း၊မညီမျှသောဥပဒေ များဖြင့်ရစ်ပတ်ခြင်း၊လူမျိုးကြီးလူမျိုးငယ် ခွဲခြားဆက်ဆံခြင်း၊စတဲ့လူသားဆိုင်ရာအ ခွင့်အရေးတွေအပေါ်ကျူးလွန်မှုတေါမရပ် စဲနိုင်သရွေ့နေရှင်နယ်လစ်ဇင်(အမျိုးသား ရေးဝါဒ)တွေဟာဆက်လက်ထွန်းကား နေမှာဖြစ်ပြီးကမ္ဘာလောကာပါလတရားဝါ ဒတွေဟာ မိတ်ကပ်လိမ်းရုံသက်သက်သာ ဖြစ်လျက်နေမှာပါ။ လူသားတိုင်းမှာရှိတဲ့လောဘစိတ် တွေကြောင့်ကမ္ဘာ့အမျိုးသားရေးဝါဒတည် ဆောက်ရာမှာလည်းမိမိမျိုးနွယ်ကောင်း စားရေးလမ်းစဉ်ဖြစ်ထွန်းအောင်မြင်ဖို့အ တွက်အခြားမျိုးနွယ်တွေကိုဖိနှိပ်ခြင်း၊ ကျူးကျော်ခြင်း၊ရန်လိုအမုန်းများခြင်း၊အ နိုင်ထက်ပြုခြင်းတွေဟာမှန်ကန်တဲ့အမျိုး သားရေးလမ်းစဉ်မဖြစ်နိုင်ပါ။လူမျိုးနွယ် တစ်ခုနဲ့တစ်ခုဟာပထဝီအနေအထားရ ဆက်စပ်နိုင်တာမျိုးတွေရှိသလိုယဉ်ကျေး မှုအရဆက်နွယ်နေတတ်တာမျိုးလည်းရှိ တတ်ပါတယ်။ဘာသာစကားဆင်တူယိုး မှား၊စာပေဆင်တူယိုးမှားတွေရှိနေတတ် ကြတဲ့အတါက်အဆင်ပြေတဲ့အနေအထား ပြဿနာရှိတဲ့အနေအထားတွေဟာကြုံ တွေ့ကောင်းကြုံတွေ့နိုင်ပါတယ်။တကယ် တော့မိမိတို့ရဲ့အမျိုးသားရေးလက္ခဏာ ကောင်းတွေသယ်ဆောင်နိုင်ဖို့အခြားအ မျိုးသားရေးအပေါ်လေးစားခြင်းတွေနဲ့တန်ဖိုးထားခြင်းနှုံးစံတွေကိုသိရှိနားလည် ကြရမှာဖြစ်ပါတယ်။ လူမျိုးတိုင်းရဲ့အမျိုးသားရေးတည် ဆောက်မှုစံချိန်စံညွန်းတွေဟာမိမိအမျိုး သားထုဖွံ့ဖြိုးတိုးတက်မှုနဲ့အတူမိမိတို့နေ ထိုင်ရာနိုင်ငံဒေသဖွံ့ဖြိုးရေးတွေပါကျွဲကူး ရေပါဆောင်ရွက်ကြမယ်ဆိုရင်ကမ္ဘာကြီး ရဲ့အေးချမ်းတဲ့လောကပါလတရားဟာအ လိုအလျောက်ထွန်းကားလာလိမ့်မယ်ဖြစ် ပါတယ်။လူမျိုးတစ်မျိုးရဲ့အင်အားတောင့် တင်းခိုင်မာမှုဟာအခြားလူမျိုးအပေါ်ဖိနှိပ် ဖို့အခွင့်အရေးတစ်ရပ်အဖြစ်အသုံးချပြီးအဲ့ ဒီအတွေးအခေါ်ဖိနှိပ်ဖို့အခွင့်အရေးတစ် ရပ်အဖြစ်အသုံးချပြီးအဲ့ဒီအတွေးအခေါ်အ ယူအဆတွေလွမ်းမိုးနေသမျှဂလိုဘယ် လိုက်ဇေးရှင်းခေတ်ကြီးမှာကမ္ဘာ့လောက ပါလတရားဟာအမှောင်ထဲမှာခေါင်းပြု နိုင်လိမ့်မယ်မထင်ပါ။လူမျိုးတိုင်းမှန်ကန် တဲ့တရားမျှတတဲ့အမျိုးသားရေးတည် ဆောက်မှုတွေအားထုတ်ကြံဆောင်နိုင်ကြ ပါစေ။

ဒေါင်းနီစူး

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ