တိုင်းလိုင်ရှမ်းနီအမျိုသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ စတုတ္ထကြိမ် မြောက် ပါတီညီလာရွေ့ဆိုင်းထား

ဟုမ္မလင်းမြို့နယ်တွင်ပြုလုပ်သည့် ရှမ်းနီပါတီ(ကျားနီပါတီ) ဆိုင်းဘုတ်တင်ပွဲ

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏စတုတ္ထအကြိမ် မြောက်ပါတီညီလာခံကိုရက်ရွေ့ဆိုင်း ထားကြောင်းသိရသည်။

စတုတ္ထအကြိမ်မြောက်ပါတီညီလာ ခံကိုစစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်းမြို့ ပေါ်တွင်ဧပြီလ၂၈ရက်နေ့မှ၃ဝရက်နေ့အ ထိ ကျင်းပရန်အတွက် ပြင်ဆင်လျက် ရှိ ကြောင်းပါတီဗဟိုအလုပ်အမှုဆောင်ဦး စိုင်းကျော်ထွေးထံမှသိရသည်။

”အခုကကိုရိုနာကြောင့်လေအစိုးရ ကလည်းလူစုလူဝေးမလုပ်ရဘူးဆိုလို့နား ထားရတယ်”ဟုုဟုမ္မလင်းမြို့နယ်ဘဏ္ဍာရေးမှူး ဦးရွှေဉာဏ်ကပြောသည်။

ဃသလငိ-၁၉ရောဂါကူးစက်မှုများ ကြောင့်မြန်မာတစ်နိုင်ငံလုံးလူစုလူဝေးများ၊ပွဲလမ်းသဘင်များအပါအဝင်တစ် ခြားမည်သည့်ပွဲမျှမကျင်းပစေရန်အတွက် နိုင်ငံတော်မှတားမြစ်ထားသည်။

ပါတီညီလာခံတွင်လစ်လပ်သွား သည့်ဗဟိုကော်မတီများပြန်လည်ရွေး ချယ်မှုများနှင့်မြို့နယ်အသီးသီး၏ပါတီအ ခြေအနေများကိုလေ့လာသုံးသပ်မည်ဟု ဦးစိုင်းကျော်ထွေးကဆိုသည်။

မူဝါဒတစ်ချို့ကိုလည်းပြင်ဆင် ဖြည့်စွက်မှုများ၊ပယ်ဖျက်မှုများလုပ်ဆောင် နိုင်ကြောင်း၎င်းကထပ်မံပြောကြားသည်။ 

တိုင်းလိုင်ရှမ်းနီပါတီသည်၂ဝ၁၂ခု နှစ်တွင်ပါတီတည်ထောင်ခဲ့ပြီး(၂)နှစ်လျှင် တစ်ကြိမ်ပါတီညီလာခံကိုကျင်းပခြင်းဖြစ် သည်။

တိုင်းလိုင်ရှမ်းနီပါတီသည်၂ဝ၁၅အ ထွေထွေရွေးကောက်ပွဲတွင်ရှမ်းတိုင်းရင်း သားရေးရာဝန်ကြီးနှင့်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်တစ်ဦးအနိုင်ရ ရှိခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ