ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်မှုများရှိနေကြောင်း SNA ကြေညာချက် ထုတ်ပြန်

Photo – ရှမ်းနီတပ်မတော်သင်တန်းဆင်းပွဲတစ်ခုကိုတွေ့ရစဉ် ( Shanni Nationality Army Facebook)

ပြည်သူလူထုအကြား အဖွဲ့အပေါ် အထင်အမြင်လွဲမှားကြောက်ရွံ့မှုများ ပေါ်ပေါက်စေရန် ဆောင်ရွက်မှုများ ရှိနေကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် SNA က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည် ။

အဆိုပါကြေညာချက်တွင် SNA အနေဖြင့် အဓမ္မစစ်သားစုဆောင်းခြင်း ပေါ်တာဆွဲခြင်း အကြောင်းမဲ့ ညှဥ်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းများ မည်သည့်အခါမှ ဆောင်ရွက်ခြင်းမရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်နေကြောင်း လူထုကြားသို့ ဝါဒဖြန့်ချိမှုများ မြင်တွေ့ ကြားသိနေရကြောင်း ပြည်သူများအနေဖြင့် သတိထားနိူင်ပါရန် အသိပေးကြောင်း ဖော်ပြပါရှိသည် ။

SNA နှင့် မြန်မာ့တပ်မတော်တို့ ဧပြီလ ၁၇ ၊ ၁၈ ရက်များက တိုက်ပွဲ ဖြစ်ပွားခဲ့အပြီး လူထုကြားတွင် အဆိုပါကဲ့သို့ ကောလဟာလများ ထွက်နေခဲ့သဖြင့် စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရသည် ။

” တကယ်ဖြစ်ခဲ့သလားဆိုတာ သွားစုံစမ်းတော့လည်း ဘယ်သူမှ တိတိကျကျမသိဘူး ။ လူထုကြားထဲ စိုးရိမ်မှုများအောင် ဝါဒဖြန့်တယ်လို့ပဲ မြင်ပါတယ် ။ ” ဟု ဥရုချောင်းအနီး ကျေးရွာတစ်ခုမှ ကိုဆိုင်မုန်းက ပြောကြားသည် ။

ကောလာဟလများထွက်ပေါ်မှုကြောင့် လူငယ်အချို့ ရွာပြင်ထွက် အိပ်စက်ရခြင်းများ ရှိနေခဲ့ကြောင်းလည်း ဖောင်းပြင်မြို့နယ်မှ လူငယ်တစ်ဦးက ပြောကြားသည် ။

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ