ဗဟိုအစိုးရမှ PanAust ကုမ္ပဏီကို ဧက တစ်သိန်းကျော် ရွှေနှင့် ကြေးနီသတ္တုများ စမ်းသပ်တူးဖော်ခွင့်ပေးမှု ဌာနေ ရှမ်းနီတိုင်းရင်းသားများ၏ အခွင့်အရေးဆုံးရှုံးဟုဆို

PanAust ကုမ္ပဏီမှ စမ်းသပ်တူးဖော်မည့် လုပ်ကွက်များပြမြေပုံ

ဗဟိုအစိုးရမှ PanAust ကုမ္ပဏီကို ရွှေနှင့်ကြေးနီသတ္တုများ စမ်းသပ်တူးဖော်ခွင့် ဧက တစ်သိန်းရှစ်သောင်းငါးထောင် ချထားပေးမှုသည် ဌာနေရှမ်းနီတိုင်းရင်းသားများ၏ နိုင်ငံသားအကျိုးစီးပွားဆုံးရှုံးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက သဘောထားထုတ်ပြန်ပြောဆိုထားသည်။

PanAust ကုမ္ပဏီသည် ဝန်းသို ၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ် စသည့်နယ်စပ် တောင်တန်းများတွင် ရွှေနှင့်ကြေးနီ သတ္တုများကို သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာန(MONREC)က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို စမ်းသပ်တူးဖော်မှုများအတွက် ခွင့်ပြုရာတွင်လည်း ဌာနေတိုင်းရင်းသားများ၏ သဘောထားများကို ကြိုတင်ရယူမှုမရှိကြောင်းလည်း ပြောဆိုထုတ်ပြန်ထားသည်။

ထိုသို့အစိုးရမှ သတ်မှတ်ပေးထားသည့် ဧကများကိုလည်း နိုင်ငံသားအကျိုးစီးပွားဆုံးရှုံးမှုမရှိစေရန်အတွက် ဧကလျော့ပေါ့စဉ်းစားပေးရန် ၎င်းတို့အသင်းက တောင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ