
နိုဝင်ဘာ ၄ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် ပင်ပုံကျေးရွာအုပ်စု မံပင်ကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စာရွက်နှင့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် စာရွက်မှားယွင်းမှုကြောင့် ပြန်လည်မဲပေးခဲ့ရကြောင်း ဗန်းမောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ် သန်းသန်းမြတ် ထံမှသိရသည်။
အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာလ (၁) ရက်နေ့တွင် ပုံပင်ကျေးရွာအုပ်စုရှိ မံပင်ကျေးရွာတွင် အသက်(၆ဝ) နှင့်အထက် ကြိုတင်မဲပေးမှုတွင် မဲလက်မှတ်မှားယွင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့မှားယွင်းမှုများကို သိသည့်အချိန်သည်လည်း ညနေအချိန်ဖြစ်ပြီး ညတွင်းချင်း ဗန်းမောက်မြို့နယ်ရှိ ပါတီအသီးသီးနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ဆွေးနွေးညှိနှိုင်းပြီး နိုဝင်ဘာလ (၂)ရက်နေ့တွင် ထိုမဲဆန္ဒရှင်များ မဲပြန်လည်ပေးခဲ့ရကြောင်း ၎င်းကဆိုသည်။
“ ကျွန်မတို့က ငါးဆယ်က ရောနေပြီဖြစ်တဲ့အတွက် အဲ့ဒီငါးဆယ်ကိုပြန်ပြီးခွဲထုတ်ဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒီအတွက်ကြောင့် Cancle (ပယ်ဖျက်)လုပ်ပြီး ချိတ်ပိတ်လိုက်တယ်။ ကျွန်မတို့အမှားကိုတာဝန်ယူတဲ့အနေနဲ့ အိမ်တိုင်ရာရောက်အကုန်ပြန်ကောက်ပေးခဲ့တယ်” ဒေါ်သန်းသန်းမြတ်က ရှမ်းနီအသံကိုပြောသည်။
အဆိုပါ မှားယွင်းမှုသည် မည်သို့ဖြစ်သွားသည်ကို မသိရှိရကြောင်းနှင့် မှားယွင်းမှုကြောင့်လည်း မဲပြန်လည်ပေးခဲ့ ရသည်ဟု ပင်ပုံကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
“ အားလုံးပေးပြီးမှ ကျွန်တော်တို့လည်းသိတာ။ အဲ့ဒီမဲပုံးကိုလည်း ရုံးကိုပြန်ယူသွားပြီးတော့ သူတို့ ဘာနဲ့လည်းမသိဘူး ပိတ်လိုက်တယ်။ နောက်ရက်မှာ အသစ်ပြန်ပေးရတယ်” ဟု ပင်ပုံကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် ဦးကျော်ဝင်းကဆိုသည်။
ဗန်းမောက်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်းတစ်ထောင်ကျော်ရှိကြောင်းသိရသည်။
I pay a visit daily a few websites and information sites to read articles or reviews, but this website gives feature based content. Aleda Gage Wesley