၂ဝ၂ဝ ရက်စွဲများမှ သတင်းဖြစ်ရပ်များ သုံးသပ်ခြင်း

လှည့်ပတ်ပြောင်းလဲနေသည့် သက္ကရာဇ်များသည်က အခုဆိုလျှင် ၂ဝ၂ဝ နှစ်ကုန်ကို ရောက်ခဲ့ပြီဖြစ်သည်။ ၂ဝ၂ဝ ခုနှစ်က အလွန်ပင်ထူးခြားသည့် နှစ်တစ်ခုလည်းဖြစ်ပေသည်။ တစ်နှစ်တာလုံး လူမှုရေး ၊ စီးပွားရေးများ ရပ်နားထားရသည့် နှစ်လည်းဖြစ်သည်။ အကြပ်အတည်းကာလကို တစ်ကမ္ဘာလုံးနှင့်အတူ ခံစားကြရသည့် နှစ်တစ်ခုလည်းဖြစ်သည်။ အိမ်ထဲတွင် တစ်နှစ်ပတ်လုံးနေရသည့် နှစ်တစ်ခုလည်းဖြစ် သည်။ ကပ်ရောဂါဘေးကို အိမ်ထဲကနေပြီး တိုက်ဖျက်ကြရသည့် အလွန်ထူးခြားသည့် နှစ်ဆိုလျှင်လည်း မှားနိုင်မည်မထင်ပါ။ သို့သော်လည်း နေ့စဉ်နှင့်အမျှ ဖြစ်ပျက်ကြုံတွေ့နေကြသည့် သတင်းများကလည်း များစွာရှိသည်။ ထိုများထဲမှ ရှမ်းနီတိုင်းရင်းသားတို့နှင့် သက်ဆိုင်သည့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး သတင်း အကြောင်းအရာများကို ထုတ်နုတ်မှတ်တမ်းတင် ဖော်ပြလိုက်သည်။ 

နိုင်ငံရေး 

ရှမ်းနီတိုင်းရင်းသားတို့၏ အမျိုးသားနိုင်ငံရေးသည် ယခင်နှစ်များထက် ပိုတိုးတက်လာခဲ့သည့်ဟုလည်းပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လူငယ်များ ၊ လူလတ်ပိုင်းများ ၊ အမျိုးသမီးများ နိုင်ငံရေး ဆိုသည့် စကားလုံးကို လက်ခံနားလည်ခဲ့ကြပြီး တိမ်မြုပ်နေသည့် ရှမ်းနီတိုင်းရင်းသားလူမျိုးနွယ်များအတွက် အတူလက်တွဲဆောင်ရွက်မှုများတွေ့မြင်လာရသည်။ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သလို ရှမ်းနီလူငယ်များသည်လည်း ရှမ်းနီတိုင်းရင်းသားမျိုးနွယ်စု၏ ကြယ်ပွင့်များဖြစ်သည်။ လူငယ်များနိုင်ငံရေးမှာ တက်ကြွမှုရှိလာခြင်းသည်က အပေါင်းလက္ခဏာဆောင်သည်ဟုဆိုချင်ပေသည်။ ၂ဝ၂ဝ ခုနှစ်တွင် မြန်မာနိုင်တွင် တိုင်းပြည်အလှည့်အပြောင်းတစ်ခုရှိခဲ့သည်။ ထိုက (၅) နှစ်တစ်ကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ ပင်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ရှမ်းနီတိုင်းရင်းသားကိုယ်စားပြု ရှမ်းနီပါတီနှစ် ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ဦးတစ် ယောက်မျှ အနိုင်ရခဲ့ခြင်းမရှိပေ။ ထိုသို့အနိုင်မရခြင်း၏ အကြောင်းတရားများစွာလည်းရှိပေသည်။ ၂ဝ၁၉ ခုနှစ် နှင့် ၂ဝ၂ဝ ခုနှစ်တွင် ရှမ်းနီသံဃာတော်များကြိုးပမ်းခဲ့သည့် လုပ်ငန်းတစ်ခုက ရှမ်းနီနှစ်ပါတီပေါင်းစည်း ရေးပင်ဖြစ်သည်။ ပါတီပူးပေါင်.မှုမပြုနိုင်ပါက အထွေထွေရွေးကောက်ပွဲကို ချိန်းခြောက်မှုပြုမည်အထိ ပြော ဆိုခဲ့ကြသည်။ သို့သော်လည်း ပါတီပူးပေါင်းရေးလုပ်ငန်းများစတင်မည်ပြုသည့်အချိန်တွင် ပါတီနှစ်ခုစလုံး တစ်စတစ်စ အလှမ်းဝေးသွားခဲ့ကြသည်။ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲပြီးဆုံးသွားသည်အထိ ပါတီနှစ်ခု မှာ တစ်ဖက်နှင့်တစ်ဖက် အမျိုးသားရေးအယူအဆများ၊ နိုင်ငံရေးအယူအဆများ ကွဲပြားပြီး ပွတ်တိုက်မှုများ ရှိခဲ့ကြသည်။ ရှမ်းနီပါတီအချင်းချင်း ရွေးကောက်ပွဲကော်မရှင်တွင် ဖြေရှင်းရသည့်အထိ အခြေအနေဆိုး များတွေ့မြင်ခဲ့ကြရသည်။ ရွေးကောက်ပွဲအလွန်တွင်တော့ ပါတီနိုင်ငံရေးက အေးစက်သွားခဲ့ပြီ။ ၎င်း တို့မည်သို့ ပြန်ကြိုးစားကြမည် မည်သို့လုပ်ဆောင်ကြမည်ဆိုသည်က ပြောဆိုမှုများ မကြားမိတော့ချေ။ ရှမ်း နီတိုင်းရင်းသားတို့သည်ကလည်း ၎င်းတို့မဲပေးခဲ့ကြသည့် ပါတီများအနိုင်မရခဲ့တော့ မျှော်လင့်ချက်များရေစုံ မျှောသွားခဲ့သည်ဟု ဆိုကြသည်။ သို့ပေမယ့်လည်း နိုင်ငံရေးဇာတ်ခုံမှာတော့ နေရာရရှိလာဖို့အတွက်ဆက် လက်ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။ အမျိုးသားနိုင်ငံရေးကဏ္ဍတွင် ရှမ်းနီအမျိုးသားတပ်မတော်၏ အခန်းကဏ္ဍလည်းတစ်ခုရှိလာခဲ့သည်။ ရှမ်းနီအမျိုးသားတပ်မတော် SNA. သည် ယခုနှစ်တွင် အစိုးရနှင့် တိုက်ပွဲငါးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ကျရှုံးမှု များစွာလည်းရှိခဲ့သည်။ အများအားဖြင့် ရှမ်းနီတိုင်းရင်းသားတို့နေထိုင်သည့် ဟုမ္မလင်းမြို့နယ်တွင် နယ်မြေ ရှင်းလင်းရေးဆိုသည့် ခေါင်းစဉ်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လာမယ့် အစိုးရသစ်၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ မည်သို့ရှိလာမည် မသိရသေးသော်လည်း SNA နှင့် အစိုးရ တပ်မတော်တို့ တွေ့ဆုံရေး ကလည်း အရေးကြီးသည့် ကိစ္စရပ်တစ်ခုလည်းဖြစ်လာခဲ့သည်။ အစိုးရက ရှေးရှုသည် တစ်နိုင်ငံလုံး သေနတ်သံတိတ်ဆိတ်ပြီး ငြိမ်းချမ်းသည့်တိုင်းပြည်အတွက် အားလုံးပါဝင်နိုင်မှသာ ရရှိနိုင်မည်ဖြစ်သည်။ တစ်ဖွဲ့တစ်ဦးတစ်ယောက် စသည်တို့ကို ချန်လှပ်ထားပါက ငြိမ်းချမ်းသည့်အခြေအနေဟု မဆိုနိုင်ပေ။ 

ဆက်လက်ဖော်ပြပါမည်

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ