ဗန်းမောက်မြို့နယ်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း Covid19 ကူးစက်သူ ၅၀၀ ကျော်ထိရှိလာ

ဇူလိုင် ၂၁ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း Covid19 ကူးစက်လူနာ  ၅၀၀ ကျော်ထိရှိလာခဲ့ကြောင်းသိရသည်။ 

ဇူလိုင်လ ၂၁ ရက်နေ့ စစ်ဆေးမှုများအရ စစ်ဆေးသူ ၃၇ ဦးတွင် (၆) ဦး Positive (အတည်ပြုလူနာ)  တွေ့ရှိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။ 

ဗန်းမောက်မြို့နယ်တွင် Covid19 ကြောင့် ဇူလိုင်လ ၁၆ ရက်နေ့က အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့သည်။ 

ဗန်းမောက်မြို့နယ်တွင်  Covid19 ရောဂါကူးစက်မှုကို ကိုယ်တွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများလည်း လိုအပ်လျှက်ရှိနေကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *