မြန်မာနိုင်ငံအပါအဝင် ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်

ဇွန် ၅ ၊ ရန်ကုန် 

မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း ဇွန်လ ၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့အကြောင်းအရင်းက  မြန်မာနိုင်ငံသားအများအပြားဟာ အလည်အပတ် ဗီဇာနဲ့  ပညာရေးဗီဇာ နဲ့ လာရောက်သူတွေဟာ ရက်ကျော်နေထိုင်သူတွေအများရှိနေတာကြောင့်လို့ ဆိုပါတယ်။ 

အမေရိကန် အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ချက်အရ မြန်မာနိုင်ငံသားတွေဟာ စီးပွားရေးဆိုင်ရာ ဗီဇာ၊ ခရီးသွား ဗီဇာ (B1,B2) တို့နဲ့ ရက်ကျော်ပြီးနေထိုင်သူ ၂၇.၇ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ 

အမေရိကန်နိုင်ငံအတွင်းမှာ ၂၀၂၃ ခုနှစ်အထိ စာရင်းတွေအရ နိုင်ငံရေးအရ ခိုလှုံသူတွေအပါအဝင် နေထိုင်သူပေါင်း သုံးသိန်းနှစ်သောင်းကျော်ရှိတယ်လို့ မြန်မာ-အမေရိကန် အင်စတီကျူ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

အမေရိကန်နိုင်ငံက နိုင်ငံသားအဖြစ် ပယ်ဖျက်ခံရသူတွေကို ပြန်လက်ခံဖို့အတွက် မြန်မာနိုင်ငံဘက်က သမိုင်းကြောင်းအရ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ ဆိုပြီး ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံနည်းတူ အာဖရိကန်နစ္စတန်၊ ချီ ၊ ကွန်ဂို ၊ လစ်ဗျား၊ ဆိုမာလီယာ ၊ ယီမင် ၊ ဆူဒန် ၊ အီရန် ၊ ဟေသီ နိုင်ငံတွေဟာ စီးပွားရေး၊ ခရီးသွား  ၊ ပညာရေး ဗီဇာတွေနဲ့ ရက်ကျော်နေထိုင်သူ ၂၀ ရာခိုင်နှုန်းအထက်မှာရှိတဲ့နိုင်ငံတွေဖြစ်ကြပြီး လုံးဝပိတ်ပင်ထားတဲ့ စာရင်းထဲပါဝင်တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ကျူးဘား၊ လာအို ၊ ဗီနီဇွဲလား အပါအဝင် ၇ နိုင်ငံပါဝင်ပြီး သူတို့တွေဟာ ဗီဇာအမျိုးမျိုးနဲ့ ရက်ကျော်နေထိုင်သူ ၁၀ ရာခိုင်နှုန်းအောက်ရှိတဲ့နိုင်ငံတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

သမ္မတ ဒေါ်နယ်ထရန့်ဟာ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်မှုတွေကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားမှုတွေရှိပြီး မြန်မာနိုင်ငံက ပြည်ဝင်ခွင့်အတွက်လည်း ယခင်ကတည်းက ကန့်သတ်မှုများစွာရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *