
စက်တင်ဘာ ၁၀ ၊ နီပေါလ်
နီပေါလ်နိုင်ငံရဲ့ မြို့တော်မှာ လူအသေအပျောက်တွေများပြားတဲ့ ဆန္ဒပြပွဲတွေအပြီးမှာ နီပေါလ်စစ်သားတွေက ခတ္တမန္ဒူမြို့ရဲ့ လမ်းမတွေပေါ်မှာ ကင်းလှည့်နေပြီး အရပ်သားတွေကို နေအိမ်ထဲမှာသာ နေထိုင်ဖို့ အမိန့်ပေးလိုက်ပါတယ်။
လူထုမငြိမ်မသက်မှုတွေကြောင့် ဆန္ဒပြသူတွေဟာ အစိုးရအဆောက်အဦတွေကို မီးရှို့ခဲ့ပြီး ၀န်ကြီးချုပ် KP Sharma Oli ကို ရာထူးမှ နုတ်ထွက်ခိုင်းခဲ့ပါတယ်။
နီပေါလ်စစ်တပ်က ရက်အကန့်အသတ်မရှိ ကာဖျူးအမိန့်တစ်ရပ် ထုတ်ပြန်ပြီး စစ်တပ်က ယာဉ်တွေနဲ့ လူတွေကို ဗုဒ္ဓဟူးနေ့မှာ စစ်ဆေးခဲ့ပါတယ်။
ဆိုရှယ်မီဒီယာ ပိတ်ပင်မှုကြောင့် တနင်္လာနေ့ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ဆန္ဒပြသူ ၁၉ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တာကြောင့် ဆန္ဒပြပွဲတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
နိုင်ငံမှာ ဆယ်စုနှစ်များအတွင်း အကျင့်ပျက်ခြစားမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုကို ပစ်မှတ်ထားတဲ့ အပြင်းထန်ဆုံးသော ဆန္ဒပြမှုတွေကြောင့် တနင်္လာနေ့ နဲ့ အင်္ဂါနေ့တို့တွင် သောင်းနှင့်ချီသော ခတ္တမန္ဒူလမ်းများပေါ်တွင် ပြည့်နှက်နေတာပါ။
“ကျွန်တော်တို့အနေနဲ့ အခြေအနေကို ပုံမှန်ဖြစ်အောင် အရင်ကြိုးစားနေပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Raja Ram Basnet က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ပြည်သူတွေရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့ ကျွန်တော်တို့ ကတိကဝတ်ပြုထားပါတယ်”လို့ဆိုပါတယ်။
Ref; Aljazeera News
